စာစဉ် ၆၂ (၁-၁၂)

Mulai dari awal
                                    

အကြီးအကဲ ရှန်း သည် လူရိုးလူအေးကြီးဟန် ရှိကောင်းရှိပေမည် ။ သို့သော် လိမ်မာပါးနပ်သည့်အရာတွင် လွတ်လပ်သောနယ်မြေထဲ
သူ့ ကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိပါချေ ။ မဟုတ်ပါက ဘာသိုင်းပညာမှ မတတ်သည့် မျိုးနွယ်စုကြီးတစ်ခုသည် လွတ်လပ်သောနယ်မြေတွင် အချမ်းသာအကြွယ်ဝဆုံး ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာမည် မဟုတ်သလို မျိုးနွယ်စုကြီးလေးခုထဲက တစ်စု လည်း အသို့ ဖြစ်လာလိမ့်မည်နည်း။

"ဂိုဏ်းချုပ် ပိုင် ၊ ဒီနေ့က ကျွန်တော့်ရဲ့ ရှန်း မိသားစုက ကျင်းပတဲ့ ပွဲ ဆိုတော့ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီနှစ်ယောက်ကို မောင်းထုတ်လိုက်ပြီး ပြေလည်ပေးလို့ ရမလား"
အကြီးအကဲ ရှန်း သည် အပြုံးလေးဖြင့် မေးလာတော့ ...

"ဦးလေး ရှန်းက ပြောလာပြီဆိုမှတော့ မျက်နှာသာပေးရမှာပေါ့ ။ ဒါဆို သူတို့ကို အပြစ်ပေးဖို့ကို ဦးလေး ရှန်း ကိုပဲ အပ်လိုက်ပါမယ်"

ရီဝမ်ဝမ်က ပြန်ဖြေလိုက်သည် ။

အကြီးအကဲ ရှန်း ၏ စကားတို့သည် အမှားအယွင်း တစ်စုံတရာ မပါသလို သူ့ လေသံနေအထားမှာလည်း အင်မတန် သင့်လျော်လျောက်ပတ်တာကြောင့် ရီဝမ်ဝမ်သာ သဘောမတူလိုက်ရင် ကျေးဇူးမသိတတ်ရာ ကျပေလိမ့်မည် ။

"ဟားဟား .. သိပ်ကောင်းတယ် ။ ကျွန်တော့်လို လူအိုကြီးကို မျက်နှာသာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ၊ ကျေးဇူးအများကြီး တင်မိပါတယ်ဗျာ"

အကြီးအကဲ ရှန်း သည် ရီဝမ်ဝမ်အား ခေါင်းညိတ်ပြလိုက်ပြီး အနားက ရှန်း ကိုယ်ရံတော်များအား လက်ဝှေ့ယမ်းပြလိုက်သည် ။

"ဒီနှစ်ယောက်ကို မောင်းထုတ်လိုက်"

....................................................................................

စာစဉ် ၆၂၊ အခန်း ၂။ ငါတို့ အရင်က တွေ့ ဖူးလား

"ဟုတ်ကဲ့"

ကိုယ်ရံတော်တစ်ယောက်က ပြန်ဖြေလာပြီး
သခင်လေး ဟန်နှင့် သခင်မလေး စုန့် အား ခေါ်ထုတ်သွားတော့သည် ။

ရီဝမ်ဝမ်သည် အကြီးအကဲ ရှန်း ၏ ကိုယ်တွယ်သွားပုံအား ကြိတ်ကာ ချီးမွမ်းမိ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Tempat cerita menjadi hidup. Temukan sekarang