စာစဉ် ၆၂ (၁-၁၂)

Start from the beginning
                                    

သခင်လေး ဟန် အံ့အားသင့်သွား၏ ။
"ဘယ်လိုမျိုးလဲ"

"အစ်ကို ရှန်း ၊ ကြည့်ထား ... အစ်ကို့ ရဲ့ အလုပ်နဲ့အပြောက တစ်ထပ်တည်း ကျနေရမယ် ။ ကျွန်တော် ပြမယ်"

ခုနစ်စင်ကြယ်သည် ပြောရင်း သခင်လေး ဟန် ဆီ လျှောက်သွားလိုက်ကာ ထိုယောကျာ်း၏ မျက်နှာအား ဂွက်ခနဲ ထိုးပစ်လေသည် ။

"အာ ... ခင်ဗျား အဆင်ပြေရဲ့လား ။ နားလည်မှု လွဲသွားတာပါ ... ခင်ဗျားရဲ့ အဆီအစ်နေတဲ့မျက်နှာကြီးကိုလည်း ကြည့်ပါဦး ၊ ခင်ဗျားက ကျွန်တော့် ရန်သူ ရဲ့ ရုပ်နဲ့ တစ်ထေရာထဲ ။ အားနာလိုက်တာဗျာ ၊ ကျွန်တော် မကောင်းတာပါ"

ခုနစ်စင်ကြယ်သည် သခင်လေး ဟန် အား အနောက်သို့ ယိုင်ကျသွားအောင် ထိုးပစ်လိုက်ပြီးနောက်တွင် စိုးရိမ်ပူပန်စိတ် အပြည့်ဖြင့် ကပျာကယာ ထိန်းပေးလိုက်လေသည် ။

ရီဝမ်ဝမ် ။ "..." ဒီငတုံးနှစ်ယောက်တော့ ...

"တော်လောက်ပြီ"

ဤတစ်ကြိမ်တွင်မူ အကြီးအကဲ ရှန်း သည် အမူအရာကင်းမဲ့စွာဖြင့် အရှေ့သို့ လျှောက်လာလေပြီ ။

သခင်လေး ဟန် သည် အကြီးအကဲ ရှန်းကို တွေ့ လိုက်ချိန် ကြောင်တစ်ကောင်ကို မြင်လိုက်သည့် ကြွက်တစ်ကောင်နှယ် သူ၏ယခင်က ရှိထားခဲ့သော မောက်မာမှုများ ၊ မထေ့တထေ့မှုများအားလုံး ပျောက်ကွယ်သွားတော့၏ ။

"မင်းတို့နှစ်ယောက် ငါ့ရဲ့ ရှန်း အိမ်တော်မှာ ပြသနာလာရှာတာတော့ သိပ်မဟုတ်သေးဘူး"

အကြီးအကဲ ရှန်း က သခင်လေး ဟန် နှင့် သခင်မလေး စုန့်  အား ခပ်မာမာကြည့်ကာ ပြောလိုက်တော့ ထိုနှစ်ယောက်သားမှာ တစ်ခွန်းမှ မပြောရဲတော့ဘဲ တိတ်ဆိတ်သွား၏ ။

"ဂိုဏ်းချုပ် ပိုင် ... ကျွန်တော် အစောနက ဂိုဏ်းချုပ်ကို မမှတ်မိခဲ့တာကို ဗွေမယူပါနဲ့ဗျာ"

အကြီးအကဲ ရှန်း သည် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ပြီး ရယ်ရယ်မောမော မေးလာသည် ။

ရီဝမ်ဝမ် ခပ်ဖျော့ဖျော့လေး ပြန်ပြုံးနေလိုက်၏ ။

"ဦးလေး ရှန်း ရယ် ဒါလေးများ ပြောနေစရာလိုလို့လား ၊ ဗွေမယူပါဘူးရှင်"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now