အပိုင်း ၁၁

Start from the beginning
                                    

ကာတာရှီ အခန်းထဲသို့ဝင်လာပြီး  သူရ​ဲ့က​လေးမ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ခေါင်းကို ငုံ့ကာဘာမှန်းမသိရေရွတ်နေတာကိုတွေ့ရသည် ။ သူမကို သေချာမိတ်ဆက်ရင်းပေးမည်ဟုကြံကာ...ရှေ့ကတယောက်ချင်းစီ၏လက်ထဲအား အဖွ​ဲ့ဝင်ကဒ်ပြားကို နောက်ကကျားလိုက်သလိုထိုးထည့်ကာ ပေးရင်း... သူမရှေ့သို့အရောက် ဘာမပြောညာမပြောဖြင့် သူအားဆွဲဖက်ကာ ဘေးဘက်သို့လှဲချလိုက်သည် ။

ရုတ်တရက်မို့ မေးဖို့ကြံချိန်တွင်... ပေါက်ကွဲသံကြားလိုက်ရတဲ့အတွက် သူမအား စိုးရိမ်ကာ ကြည့်လိုက်ရာ... ။   ခေါင်းအားလက်နှစ်ဖက်ဖြင့်အသေအချာကာကွယ်ထားပြီး မျက်စိစုံမှိတ်ကာခူယားကောင်ကဲသို့ ကွေးကွေးလေးဖြစ်နေတာတွေ့လိုက်ရ၍  ရီရမလို စိုးရိမ်ရမလိုဖြစ်သွားသည် ။ 

မိမိကိုယ်အား ထိခိုက်မှုမရှိတာတွေ့ရပြီး  သူ့အသက်ကိုလဲ ကလေးမက ကယ်လိုက်တာကိုသိလိုက်ရသည် ။  ကလေးမအား ဆွဲထူရင်း ထိခိုက်မှုရှိမရှိစစ်ဆေးရာ လက်မောင်းတွင် သစ်သားစထိမှန်ထားတာတွေ့လိုက်ရ၍ စိုးရိမ်စိတ်ကြီးစိုးသွားသည် ။

ပိုင်ဝေ့ရှင်း ဇာတ်လိုက်အားကာကွယ်ရန်မစ်ရှင်ကို ထမ်းဆောင်ရင်း... သူမရဲ့ခေါင်းအတွက်လဲစိုးရိမ်ကာ လက်နှစ်ဖက်ဖြင့်အုပ်ပြီး ကာကွယ်လိုက်သည် ။....ဇာတ်လိုက်ပဲဟာ.အသက်ထွက်မတတ်တော့မထိခိုက်ပါဘူး.ဟုတ်တယ်မလား..... ။
သူမကို လာထူရင်း  လက်မောင်းအားလက်ဖြင့်ထိကာ သူမကိုစိုးရိမ်တကြီးကြည့်နေတာတွေ့ရ၍ မိမိလက်မောင်းအား ငုံ့ကြည့်ရာ..... ။ 
........ ချီးပဲ.စိုက်စရာရှားလို့သစ်သားစလာစိုက်ရလားလို့. အားးးးးးငါ့လက်မောင်းလေး. ဖြူလုံးလေးရေ အမာရွတ်မရှိအောင်ကုပေးနော် နော်.......။
(A/Nဘာလာစိုက်စေချင်တာလဲချိမ...)

"  မင်းလက် ဒဏ်ရာရသွားပြီ... ကိုယ့်ကြောင့်ဖြစ်သွားတာ... "

" ဒဏ်ရာသေးသေးလေးပါ... ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်နေပြီ... ဒီလောက်တော့ ခံနိုင်ရည်ရှိတာပေါ့.... အေးဆေးပါ... ခင်​ဗျား​ရော ထိခိုက်မိသေးလား?.... "

System.. " ခုနကဖင်ပြဲမတတ်အော်လိုက်တာဘယ်သူလဲ"

" ကိုယ် အဆင်ပြေပါတယ်... မင်းရဲ့ကျေးဇူးနဲ့ပေါ့... ဒါနဲ့ဆို ကိုယ့်ကြောင့် မင်းဒဏ်ရာရတာနှစ်ခါရှိနေပြီ... "

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now