Chapter(36-2) - မျှခြေ

Start from the beginning
                                    

၎င်းသည် အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲမှာ အိတ်ငယ်တစ်ခုအား ကိုင်ဆောင်ထား၍ ဝိညာဉ်အသီးမြက်များအား တူးဆွနေသည်။ ရှန်ကျစ်ရှန်းက အခြေအနေကိုမေးရန် သူ့ဆီချဉ်းကပ်ဖို့ လုပ်လိုက်သော်လည်း ထိုလူက ရှန်ကျစ်ရှန်းကို မြင်တာနဲ့ သူ့အလိုလို ရှေ့ထွက်လာသည်။

"ခင်ဗျားခန္တာကိုယ်က အားနည်းနေတယ်, အခုက တစ်ခုခုစားရမယ့် အချိန်ပဲ"

အနက်ဝတ်နဲ့လူက ရှန်ကျစ်ရှန်းအား ကြည့်နေပြီး သူ့ရဲ့ပျိုမြစ်သော မျက်နှာက အလွန်လေးနက်နေသည်။

"မဟုတ်ရင် ခင်ဗျားပျောက်ကွယ်သွားလိမ့်မယ်"

သူ့အကြည့်က ရှန်ကျစ်ရှန်း တစ်ယောက်တည်းပေါ်မှာသာ တည်ရှိနေပြီး သူ့ဘေးမှာ မတ်တပ်ရပ်နေသည့် ရန်ကျင်းအား တစ်ခါလောက် စကားပြောတာ ဒါမှမဟုတ် အသိအမှတ်ပြုတာမျိုး မရှိပေ။

ရှန်ကျစ်ရှန်းသည် ရင်းနှီးပြီးသား ထိတ်လန့်စရာကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူ့ရဲ့အိပ်ငိုက်ခြင်းကို အနည်းငယ် မျိုသိပ်လိုက်ပြီး တွန့်ဆုတ်စွာ တုန့်ပြန်သည်

"ဘာကိုဆိုလိုတာလဲ?"

ထိုလူက ရှန်ကျစ်ရှန်းအား အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲက အိတ်ငယ်လေးအား ဆွဲဖွင့်လိုက်၏။ ထို့နောက်သေးငယ်သည့် မီးခိုးရောင် သစ်သီးတစ်လုံးအား ထုတ်ယူကာ ရှန်ကျစ်ရှန်းကို ကမ်းပေးလိုက်သည်။

"အဲ့ဒါက ဘာမှကောင်းတဲ့အရာမဟုတ်ဘူး, ရော့, ဒါခင်ဗျားကိုပေးမယ်, ခန္တာကိုယ်ကို ဖြည့်စည်းဖို့ မြန်မြန်လေးစားလိုက်"

သစ်သီးကဘာလဲဆိုတာ ရှန်ကျစ်ရှန်း မသိပေမယ့်လည်း ကြည့်ရတာ အလွန် အပြစ်ကင်းပြီး မွှေးကြိုင်သော အနံ့ရှိသည်။

ထိုမွှေးကြိုင်တဲ့ အနံ့ကိုရတာနဲ့ ရှန်ကျစ်ရှန်းရဲ့ အတွေးများက ဖရိုဖရဲဖြစ်ကုန်တော့သည်။ ဗလာဖြစ်နေတဲ့ အမူအယာဖြင့်ပင် သူကအသီးအားယူဖို့ သတိလက်လွတ်ဖြင့် လက်လှမ်းမိ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now