Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု

Start from the beginning
                                    

ရှန်ကျစ်ရှန်းက ထိုထူးဆန်းတဲ့ အနက်ရောင်ချီများအား စိုက်ကြည့်နေမိသည်။

အဲ့ဒါကြီးက မယုံနိုင်စရာ ကောင်းလောက်အောင်ကို ကြောက်စရာကြီး... မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး! မေ့လိုက်တော့...သူဒီလို ထူးဆန်းတဲ့အရာတွေကိုတော့ မစားချင်ပါဘူး!

သူထိုသို့ တွေးနေတဲ့အချိန်မှာပဲ ရန်ကျင်းက တိတ်တဆိတ်ဖြင့် စားနေပြီဖြစ်သည်။

မီးခိုးရောင်ဝတ်လူနဲ့ နှိုင်းယှဉ်ရရင် သူကအတော်လေး ကောင်းကောင်း စားနေတာပင်။ ခါတိုင်းလိုပဲ ရှန်ကျစ်ရှန်းက နှုတ်ခမ်းအား တင်းတင်းစေ့၍ ဘာစကားမှ ဝင်မပြောချေ။

"အရသာရှိတယ်မှတ်လား?"

မီးခိုးရောင်ဝတ်နဲ့လူက သူ့ဘာသာသူ ပျော်ပျော်ရွှင်ရွှင် စားနေရာမှ မနေနိုင်ပဲ ဝံ့ဝံ့ကြွားကြွားပြောပြန်သည်။

"အရမ်းကောင်းတယ်! ခင်ဗျားမစားတာ တကယ်ပဲ နှမြောဖို့ကောင်းတယ်..."

သူက ခေါင်းမော့ပြီး ရှန်ကျစ်ရှန်းရှိရာ ဘက်အား ပြုံးရယ်ပြလာသည်။ ရှန်ကျစ်ရှန်းရဲ့ ကျောရိုးက ရုတ်တရက် တောင့်တင်းသွားပြီး ခဏလောက်အကြာမှာ ပြန်သက်သာသွားသည်။

-ဦးခေါင်းခွံကြီး

အချိန်ခဏလောက်လေး မီးခိုးရောင်ဝတ်နဲ့လူရဲ့ ခေါင်းက ဦးခေါင်းခွံဖြစ်သွားတယ်

သွေးလည်းမရှိဘူး အသားလည်းမရှိဘူး ဝေ့ဝဲနေတဲ့ အနက်ရောင်တိမ်ခိုးတွေပဲရှိနေတယ်...

ရှန်ကျစ်ရှန်းသည် အဲ့ဒါကသူ့ မူလအတိုင်းလား ဒါမှမဟုတ် ဟိုဟာတွေ စားလိုက်လို့လား ဆိုတာကိုတော့မသိပေ။

ကြောက်စရာပဲ

အခြေအနေကို မသိရသေးတာကြောင့် ရှန်ကျစ်ရှန်းအနေနဲ့ မည်သည့် အရာကိုမှ ကောက်ချက်မချချင်ပေ။ ကံကောင်းစွာနဲ့သူအဲ့ဒီ ထူးဆန်းတဲ့အရာတွေကို စားလည်းမစားရသေးသလို သောက်လည်း မသောက်ရသေးဘူး

မစားမသောက်နိုင်တဲ့ ရှန်ကျစ်ရှန်းမှာတော့ စားလိုက်သောက်လိုက် လုပ်နေကြတဲ့ လူနှစ်ယောက်ကို စောင့်ဆိုင်းရင်း ဘေးနားမှာသာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ ထိုအချိန်မှာပဲ မှောင်လုနီးပါး ဖြစ်နေလေပြီ

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now