Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု

Start from the beginning
                                    

ရှန်ကျစ်ရှန်းက မျက်မှောင်ကျုံ့လိုက်ပြီး ရန်ကျင်းရဲ့ ဒဏ်ရာအား စည်းနှောင်ပေးရန် ရည်ရွယ်ချက်ဖြင့် သူ့ရင်ဘက်ထဲမှ လက်ကိုင်ပဝါအား ဆွဲထုတ်လိုက်သည်။

သူက လက်ကိုင်ပဝါကိုသုံးပြီး သွေးများအား သုတ်ပေးဖို့ ပြင်လိုက်တဲ့အချိန်မှာ ရန်ကျင်းရဲ့ လက်ကောက်ဝတ်က တုန့်သွားပြီး ရှန်ကျစ်ရှန်းရဲ့ လှုပ်ရှားမှုများအား တားဆီးလိုက်သည်။ သူက သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ပြောလိုက်၏။

"မတော်တဆ ဖြတ်လိုက်မိတာပါ, အသေးစား ဒဏ်ရာလေးမို့လို့ ဆရာစိတ်မပူပါနဲ့"

ရှန်ကျစ်ရှန်းရဲ့ မျက်ခုံးများ တင်းကြပ်သွားပြီး သဘောမတူစွာ ပြန်ပြောလေသည်။

"ဒီလောက် ဒဏ်ရာအကြီးကြီးကို ဘယ်သူက ထိန်းနိုင်မှာလဲ?"

ရန်ကျင်းက ခပ်သာသာ ခေါင်းခါပြပြီး သူ့လက်ကို ဘေးချလိုက်ကာ တစ်ခြားလက်တစ်ဖက်မှ လက်ချောင်းကို အနည်းငယ်မြှောက်၍ ဦးတည်ရာတစ်ခုအား ညွှန်ပြသည်။

"အဲ့ဒါက အရေးမကြီးဘူးဆရာ, ဒီနေရာက ထူးဆန်းတယ်, ဟိုနေရာကိုသွားပြီး တစ်ချက်လောက် ကြည့်ကြရအောင်"

ရှန်ကျစ်ရှန်းက မလှုပ်ရှားပဲနဲ့ သူ့ကိုခဏလောက် ကြည့်နေပြီးမှ နောက်ဆုံး ပြောလာသည်။

"အားကျင်းက ငါ့အကြောင်းတွေကို ဖုန်းကွယ်ထားတဲ့အတွက် စိတ်ထဲခုနေတာလား? အဲ့ဒါငါ့ရဲ့ မူလရည်ရွယ်ချက် မဟုတ်ပါဘူး, အဲ့ဒိနေ့က ငါမင်းကိုမြင်တဲ့အချိန်မှာ ရုတ်တရက် တွေးမိသွားလို့"

ရန်ကျင်းက သူ့ကိုခေါင်းစောင်းပြီး ကြည့်လာသည်။ သူ့အမူအယာက လေးနက်နေပြီး တပည့်တစ်ယောက်က သူ့ဆရာတစ်ယောက်အပေါ်မှာ ရှိသင့်တဲ့ကွဲပြားသော ကိုယ်နေဟန်ထား အတိုင်းသာ ရှိနေ၏။

"ဆရာ့အနေနဲ့ ဆန္ဒရှိတဲ့အတိုင်း လုပ်နိုင်ပါတယ်"

ရှန်ကျစ်ရှန်းရဲ့ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ခဏလောက်အကြာမှာတော့ တစ်ဖက်ကိုလှည့်လိုက်ပြီး ရန်ကျင်းလက်ညှိုးညွှန်ပြသည့် ဆန့်ကျင်ဘက်အရပ်သို့ လျှောက်သွားရင်း ပြောလိုက်လေ၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now