Chapter(34-2) - ဝိညာဥ်​လေးများ

Start from the beginning
                                    

"....ငါမရနိုင်ဘူး, ငါမရနိုင်ဘူး" လူငယ်လေးက ထိုစကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ပြောနေသည်မှာ သူ့အသံတွေ အက်ရှလာသည်အထိပင်။

" မိစ္စာလမ်းကြောင်းကို ဝင်ရမယ်, မိစ္စာလမ်းကြောင်း, ငါ မိစ္စာလမ်းကြောင်းကို အမြန်ဆုံးနည်းနဲ့ ဝင်မှဖြစ်မယ်!"

ရန်ကျင်းရဲ့ ဘေးပတ်ပတ်လည်က အဖြူရောင်မြူခိုးများက ရုတ်တရက် ပြင်းထန်စွာ ပြည့်လျှံတက်လာသည်။ အေးစက်ပြီး အားကောင်းလှတဲ့ ချီလှိုင်းလုံးများက လှိုင်းထန်နေသည့် မြူများတစ်ဝိုက်ကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။ ရန်ကျင်းရဲ့ စူးရှတဲ့အာရုံကတော့ဖြစ်ပွားရာ အရင်းအမြစ်အပေါ်မှာ စူးစိုက်နေသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားသည်နှင့်အတူ ချက်ချင်းလက်ကိုမြှောက်လိုက်ပြီး သူ့ဓားကို ခုတ်ချလိုက်၏။

အဖြူရောင်မြူများက သူ့ရိုက်နှက်မှုကို ရှောင်ရှားရန် ထိတ်လန့်တကြားဖြင့် ပြန့်ကျဲသွားသော်လည်း နောက်ကျသွားလေသည်။ ဓားချီဖြင့် ဖြိုဖျက်လိုက်သည်နှင့် တစ်ပြိုင်နက် အသံလာရာ အရင်းအမြစ်က ရန်ကျင်းရှေ့မှာပေါ်လာ၏။

--၎င်းသည် လက်သီးဆုပ်တစ်ဝက် အရွယ်မျှရှိသည့် သန့်စင်သော အနီရောင် ကျောက်စိမ်းပုလဲ ဝိညာဉ်လုံးလေးတစ်ခုဖြစ်သည်။

ရန်ကျင်းက ထိုဝိညာဉ်လုံးလေးရဲ့ တောက်ပနေသော မျက်နှာပြင်အား ကြည့်လိုက်သောအခါ မရေမတွက်နိုင်တဲ့ လူသားတွေရဲ့ ရုပ်ပုံများက အတူတကွ ရောယှက် ဆက်နွယ်နေကြသလိုပင်။ အကုန်လုံးက မရှင်းလင်းပဲ ခွဲခြားမရနိင်ဖြစ်နေသည်။ ခဏအကြာတွင် မကောင်းဆိုးဝါး အသံတစ်ခု သူ့နားထဲကို အဆက်မပြတ် ပျံ့လွင့်လာသည်။

ဝိညာဉ်လုံးလေးမှာ ရောင်ပြန်နေသည့် သူ့မျက်လုံးများက အနီရောင်ပြောင်းသွား၏။ မပေါ်လာတာ အတော်လေး ကြာနေပြီဖြစ်သည့် သူ့နှလုံးသား အနက်ရှိင်းဆုံးနေရာက အသံက ရုတ်တရက် နောက်တစ်ဖန် အသက်ဝင်လာကာ လူငယ်လေးရဲ့ အော်ဟစ်သံနဲ့ အညီ တက်ကြွစွာ ဟစ်ကြွေးလာသည်။

အနက်ရောင်ချီ၏ သေးငယ်တဲ့ ချည်မျှင်များက ဝိညာဉ်လုံးဆီကနေ တိတ်ဆိတ်စွာ မျောလွင့်လာပြီး ရန်ကျင်းရဲ့ ခန္တာကိုယ်အနှံ့မှာ ရစ်ပတ်သွားကာ ထွက်ခွာဖို့ ငြင်းဆန်၍ အရိုးတစ်ရှုးသေများလို အခြေကျသွားသည်။ အနက်ရောင် အမှတ်များက အမာရွတ်များကဲ့သို့ သူ့ကိုယ်ပေါ်မှာ ပေါ်လာပြီး ရက်စက်စွာပင် သူ့အရေပြားအောက်အား နာကျင်စွာ တူးဆွနေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now