Part(2)

533 57 3
                                    

"ဒေါက် ဒေါက် ဒေါက် သားရေ ထတော့နော် ဒီနေ့ကျောင်းသွားရမှာ''

ဟိုဘက်အခန်းကနှိုးသံကို သန့်အခန်းကနေကြားရသည်။များမကြာမှီ

"သန့်သမီးလေးထတော့နော် ခုနှစ်နာရီထိုးပြီ''

"ဟုတ် အန်တီ သန့်နိုးပါပြီ''

"ပြင်ဆင်ပြီးရင် ဆင်းခဲ့နော်''ဟု ဆိုကာ အောက်ထပ်သို့ဆင်းသွားသည်။

နှိုးမည့်သူမရှိသည့် သန့်မနက်ခင်းက ခုတော့ နွေးထွေးသယောင်ယောင် သန့်က ခြောက်နာရီဆိုအလိုလိုနိုးနေတက်သည်။ နှိုးမည့်သူမရှိသည့်သူ့အဖို့ သံပါတ်ပေး၍ ထရာမှ အကျင့်ပါသွားခြင်းဖြစ်သည်။အိပ်ယာထထချင်း ရေချိုးတက်သည့်အကျင့်ရှိသည်မို့ သူ့မနက်ခင်းတိုင်းကလန်းဆန်းနေတက်သည်။

သန့်တယောက်ကျောင်းဝတ်စုံဖြစ်သည့် ရင်ဖုံး အင်ကျီအဖြူရောင်ပေါ်တွင် ရှပ်လက်ရှည်ကိုထပ်ဝတ်လိုက်သည်။အထက်ဆင်တပ်ထားသည့် ဝက်ဝံပုဆိုးကိုလျိုကာ ထမိန်ပုံစံပါတ်၍  အလယ်စကိုရှေ့ထုတ်လိုက်တော့ ထမိန်မကျပုဆိုးမကျဖြစ်သွားသည်။ သန့်တို့ကျောင်းက စည်းကမ်း ကြီးသည်။ အလယ်တန်း​​ရောက်လျှင်မိန်းကလေးဆို ရင်ဖုံးနှင့်ထမိန်သာဝတ်ရ၍ ယောက်ျားလေးဆိုလျှင် ရှပ်ဖြူနှင့်ပုဆိုးကိုသာဝတ်ရသည်။ မဝတ်လျှင် ဒဏ်ပေးသည်။

သန့်သည်မိန်းကလေးပုံစံဝတ်ရတာမနှစ်သက်ဘူး မဟုတ်ပေမယ့် ဆံပင်ခပ်တိုတိုသာရှိသည့်မိမိနှင့် ဒီပုံစံကပိုလိုက်သည်ဟုထင်သည်။ ဆံပင်ကိုအလယ်ခွဲပုံစံဖြစ်အောင် လက်ဖြင့်တစ်ချက်သပ်လိုက်သည်။ ဒီလောက်ဆိုသူ၏ကျောင်းသွားရန် ပြင်ဆင်ခြင်းပြီးဆုံးပြီဖြစ်သည်။ ထို့နောက်အောက်ထပ်ရှိ ထမင်းစားခန်းသို့ဆင်းလာခဲ့သည်။

"ဟောသမီးလာ အန်တီထမင်းကြော်နဲ့ကော်ဖီပြင်ပေးထားတယ် သမီးကြိုက်လားမသိဘူး''

"ဟုတ် ကြိုက်ပါတယ် ဖေဖေရော''

"သမီးအဖေက အခန်းထဲမယ် အလုပ်သွားဖို့ပြင်နေတယ်''

"ဟုတ်''

ပြောနေတုန်း ဦးမင်းသန့်ထမင်းစားခန်းသို့ဝင်လာသည်။

more than 1500 loveWaar verhalen tot leven komen. Ontdek het nu