🏔Chapter (26)🏔(Final)🏔

1.7K 79 55
                                    

*Zawgyi*

နှလုံးသားစစ်ရေးစစ်ရာမှာ အရေးနိမ့်ခဲ့တဲ့ကိုယ်ဟာ မတိုက်ခင်ကတည်းက ရှုံးနှင့်နေပြီးသား...။

...

ဘင်္ဂတံခွန်၏ခြေလှမ်းများသည် ရင်တွင်းပူလောင်မှုများကြောင့် အလျင်သွက်လက်နေ၏။

ခွန့်ငယ်ကိုရှာရမယ်။ခွန့်ငယ်..ခွန့်ငယ်။

ခွန့်ငယ်က နေမကောင်းဖြစ်နေတုန်း ဂူထဲမှာအေးဆေးနားမနေဘဲ ဘယ်ကိုထွက်ပြေးသွားရတာလဲ။ရုတ်တရက် သတိလစ်သွားတယ်လို့လည်း ဝရဇိန်ဆီကပြန်ကြားရသည်။ဂူပြန်ပြေးကြည့်တော့လည်း ထိုကောင်လေးက သလွန်တော်ပေါ်မှာလည်းမရှိ။

ရှာရတာလည်း နေရာနှံ့နေပြီ။နှစ်ဆန်းတစ်ရက်နေ့ကမပြုလိုက်ရသော ကုသိုလ်ကို ရန်ပြေငြိမ်းမှာပဲသွားပြုနေလို့ ဘုရားရောက်နေလား သွားကြည့်ပြန်တော့လည်းမရှိ။တခြားဂူပေါက်ဝကလူများအား ခွန့်ငယ်ကို တွေ့မိသေးလားလိုက်မေးကြည့်တော့ တစ်ယောက်တည်း တောင်အရပ်သုဿန်ဘက် ပြေးထွက်သွားသည်ဟုပြောသည်။

ခွန့်ငယ်က သုဿန်ဆီ ဘာသွားလုပ်တာလဲ။သုဿန်မှာ မိတ်သဟာရဲ့အလောင်းကိုမြှုပ်ထားခဲ့တဲ့အကြောင်းကို ခွန့်ငယ် သိလို့မဖြစ်ဘူး။လုံးဝသိလို့မဖြစ်ဘူး။

ရင်တွင်းကပူလောင်မှုဝေဒနာများဟာ လူတစ်ကိုယ်လုံးကို လောင်မြိုက်စေလာကာ ချွေးတပြိုက်ပြိုက်ကျသည်အထိ ခွန့်ငယ်အား ရှာဖွေနေရဆဲ။

တစ်နေရာအရောက်တွင် သူခြေစုံရပ်လိုက်မိ၏။

"ခွန့်ငယ်..."

မောဟိုက်နေ၍ နှုတ်ဖျားမှ တိုးလျလျသာရေရွတ်နိုင်တော့၏။

မိတ်သဟာကိုမြှုပ်နှံထားသည့် သုဿန်မြေညိုပေါ်မှာ တစ်ဦးတည်းဆောင့်ကြောင့်ထိုင်နေသော ခွန့်ငယ်။

ခွန့်ငယ်ကိုပြန်ရှာတွေ့သွား၍ လှိုက်ခနဲပျော်မိသွားသော်လည်း ခွန့်ငယ်က ဒီနေရာကိုဘာလာလုပ်နေတာလဲ ဆိုသည့်စိတ်တို့က နှစ်ဆတိုးပူလောင်လာရပြန်သည်။

ခွန့်ငယ် အဖြစ်မှန်ကိုသိသွားတာတော့ မဟုတ်လောက်ပါဘူး။

သူ့အသံတိုးလျလျသည် ခွန့်ငယ်၏နားစည်အထိဖောက်ထွင်းသွား၏။ ခွန့်ငယ်က ချက်ချင်းဆိုသလို ခပ်စိမ်းစိမ်းမျက်ဝန်းများနှင့်လှည့်ကြည့်လာသည်။

ခူ{Completed}Where stories live. Discover now