🏔Chapter (22)🏔🔞🏔

895 54 12
                                    

*Zawgyi*

မကောင်းတဲ့နိမိတ်တွေက ရှေ့ပြေးပြသနေပေမယ့် ကိုယ်ကတော့ တစ်ချက်မှနောက်မဆုတ်ဘဲ မင်းရှိရာအရပ်ကိုပဲ မျက်နှာမူထားအုံးမှာ...။

ခမမ်းချောင်း၏ဆိပ်ကမ်းတစ်နေရာတွင်ဖြစ်သည်။

ပတ်ဝန်းကျင်ဟာ ချောင်းရေစီးသံတသွင်သွင်မှအပ တိတ်ဆိတ်ငြိမ်သက်လို့။ တလဟောစီးဆင်းနေသောချောင်းရေမျက်နှာပြင်ပေါ်တွင်တော့ ကြီးမားရှည်လျားသော ဧရာမဝါးဖောင်ကြီးတစ်ခုဟာ မရွေ့စတမ်း ကျောက်ချထားသလို။

"ရှက်ဖို့ကောင်းလိုက်တာကွာ!!ခူလူမျိုးထဲမှာ ဒီလို အသားထဲကလောက်ထွက်တွေ ရှိနေရတယ်လို့"

ခေါင်းဆောင်သခင်ကြီး ဘင်္ဂတံခွန်၏သြဇာအာဏာညောင်းလှသော အသံဟာ ပတ်ဝန်းကျင်တစ်ခွင်မှာ ဟိန်းခနဲထွက်ပေါ်လာလေသည်။သခင်ကြီး၏အသံကို ကြားလိုက်ရသည့်ခူတိုင်း သခင်ကြီး မည်မျှ ဒေါသထွက်နေမှန်း မှန်းဆနိုင်သည်။သခင်ကြီး၏ဒေါသဟာ အထွဋ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။

သခင်ကြီးက ခမမ်းချောင်းကို မျက်နှာမူကာ မတ်တပ်ရပ်နေသလို သခင်ကြီး၏ဘေးတွင်ရှိနေသော သက်တော်စောင့်များနှင့် ခူပြည်သူပြည်သားအချို့တို့ဟာလည်း သခင်ကြီး၏ဒေါသအလျင်ကို ကြောက်ရွံ့သောကြောင့် အပြစ်သားများနှယ် ခေါင်းငုံ့မတ်တပ်ရပ်နေကြသည်။မည်သူမျှ တုတ်တုတ်တောင်မလှုပ်ရဲကြ။

"သူတို့ကို ဆွဲခေါ်လာခဲ့စမ်း!"

သခင်ကြီးက အမိန့်ပေးလိုက်သည်နှင့် ဝရဇိန်နှင့်သက်တော်စောင့်အဖွဲ့တို့က ငမိုက်သားတို့ကို နောက်ပြန်ကြိုးတုပ်ချည်နှောင်ကာ သခင်ကြီး၏ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့ကြသည်။

"ဟက်..အသားထဲကလောက်ထွက်တွေ!"

သခင်ကြီးက ထိုအပြစ်သားများကိုကြည့်ကာ ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး ဆိုသည်။

တခြားသူများတော့မဟုတ်။ရန်ပြေငြိမ်းရဲ့ဌာပနာတွေကို ဖောက်ထွင်းကြသည့် အပြစ်သားများသာ။ထိုအပြစ်သားများကလည်း ဝေးဝေးလံလံထဲကမဟုတ်။ခူလူမျိုးထဲကသာ။

ခူ{Completed}Where stories live. Discover now