🏔Chapter (23)🏔

471 42 12
                                    

*Zawgyi*

Notice❗- ဒီအပိုင်းမှာမေတ္တာရပ်ခံစရာတစ်ခုရှိလို့ပါ။ဘာရယ်တော့မဟုတ်ပါဘူး။ အခုရေးနေတဲ့ခူတို့နေတဲ့ဌာနေ ခမမ်းကြောတစ်ဝိုက်က စာရေးသူရဲ့စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဌာနေတစ်ခုပါ။ရှမ်းပြည်နယ်ထဲမှာ ရှိတယ်ပေါ့။ဒါပေမယ့် အခုအပိုင်းကျ သခင်ကြီးတို့က မြို့ထွက်လည်မှာဖြစ်တာကြောင့် အပြင်မှာရှိတဲ့နေရာလေးတစ်ခုကို ယူသုံးထားပါတယ်။ပြောချင်တာကတော့ ဒီအပိုင်းက စိတ်ကူးယဉ်ဌာနေထဲကနေ အပြင်လောကဘက်ကို နည်းနည်းလေးခုန်ထွက်ကြပါစို့လို့။အဲ့ဒါလေးပါ။😁

အတူတူချစ်ခဲ့ဖူးကြတယ်။အတူတူမြတ်နိုးခဲ့ကြဖူးတယ်။အတူတူလျှောက်သွားခဲ့ကြဖူးတယ်။အတူတူ...အတူတူ။

မနက်မိုးစင်စင်လင်းလေပြီ။နွေရာသီ၏ပြင်းရှရှနေရောင်ခြည်အစက်အပြောက်များဟာ တောနက်နက်ကြီးထဲသို့ ဟိုတစ်ပေါက် သည်တစ်ပေါက် ကျရောက်နေ၏။

တောထဲမှာမို့ ရာသီဥတုက စိမ့်ခနဲဖြစ်နေသည်။တောတွင်းငှက်ကလေးများ၏ သံစဉ်သီကြူးသံများကို အတိုင်းသားကြားနေရသဖြင့် ထိုအသံများ၏လှုံ့ဆော်မှုကြောင့်သာ နှစ်ဦးသားအတူနိုးထလာရသည်။

ကရနက်က ဦးဆုံးနိုးလာသည်။မျက်လုံးဖွင့်ဖွင့်ချင်း ဘေးဘီဝဲယာကို အကဲခတ်ကြည့်တော့ သူက ဦးခွန်၏ရင်ခွင်ထဲမှာ။သူတို့ သစ်ပင်ကြီးတစ်ခု၏ အကိုင်းကြီးကြီးတစ်ခုပေါ်မှာ ညကတည်းက အိပ်စက်နေခဲ့ကြတာဖြစ်သည်။

တောလမ်းခရီးကိုနှင်လာရတာမို့ မှောင်ရီပျိုးတာနဲ့ သူတို့ခရီးဆက်၍မရတော့။အမှောင်ကိုဖြိုခွင်းဖို့ ဓာတ်မီး၊မီးတုတ်ဘာညာလည်းပါမလာတာမို့ တောကြီးမျက်မဲကြား အဆင်ပြေပြေရှေ့ဆက်ဖို့မဖြစ်နိုင်တာကြောင့် မှောင်ရီပျိုးစကတည်းက ညအိပ်စက်အနားယူလို့ကောင်းလောက်မည့် ခပ်ကြီးကြီးသစ်ပင်ကြီးတစ်ခုကို သူတို့ရွေးချယ်ဖြစ်ခဲ့ကြသည်။သစ်ပင်ကြီးက အကိုင်းအခက်များစွာဖြင့် ကြောက်စရာကောင်းလောက်အောင် လှပနေကာ တကယ့်ဧရာမကြီးပင်။သစ်ပင်၏ခပ်တုတ်တုတ်အကိုင်းတစ်ခုပေါ်မှာ နေရာယူလိုက်ကြပြီး ဦးခွန်ကတော့ အကိုင်းကြီးကိုခေါင်းအုံးလျက်၊ ကရနက်ကတော့ ဦးခွန်၏ရင်ခွင်ကို ခေါင်းအုံးကာ အိပ်စက်လိုက်ကြသည်။ သူတို့နှစ်ဦး၏ခန္ဓာကိုယ်အလေးချိန်များ တက်ဖိထားသည့်တိုင် တစ်ချက်တောင်မယိုင်နဲ့သွားသည်အထိ ကြီးမားခိုင်ခံ့လှသော သစ်ပင်အကိုင်းကြီးတစ်ခုပါပေ။

ခူ{Completed}जहाँ कहानियाँ रहती हैं। अभी खोजें