"နေ့လည်စာ အတူစားရအောင်လေ၊ အတွင်းရေးမှူးချန်၊ ရှင် ကျွန်မတို့နျန်နျန်ကို ဆေးရုံကို အမြဲကားမောင်းပို့ပေးပြီး ကူညီပေးခဲ့တာပဲ"

ချန်သိက ချန်းချန်အား တိတ်တဆိတ်ခိုးကြည့်လိုက်သည်။ တဖက်လူက တုံ့ပြန်မှုသိပ်မရှိသည်ကိုတွေ့သောအခါ သူက ရဲရင့်စွာပင် သဘောတူလိုက်တော့သည်။

ရွှီနျန်က အိမ်ထဲရောက်သည်နှင့် တပြိုက်နက်  သူ့မိခင် ပြင်ဆင်ထားသည့် အစားအသောက်များကို  ကြည့်ရန် မီးဖိုချောင်သို့အပြေးသွားလိုက်သည်။ သူက ချန်းချန်၏ အကြိုက်ကိုသိထားသည်မို့ သူမ ပြင်ဆင်ထားသည်များတွင် ချန်းချန်အတွက် သင့်တော်သည့်အရာများ မပါဝင်ခဲ့ပါက ထိုလူကြီးအား လစ်လျူရှုသလို ဖြစ်ကာ အမှားယွင်း လုပ်မိမည်ကို ကြောက်လေသည်။

ကံကောင်းစွာပင် ငါးနှင့် တခြားအရာများ ရှိနေခဲ့ကာ လီဖန်က နံရိုးနှပ်* တစ်ချို့ပင် ပြင်ဆင်ထားသေး၏။ သို့သော်လည်း ၎င်းက မပြီးစီးသေးဘဲ နံရိုးသားနှင့် ဆော့စ်တို့မှာ သပ်သပ်စီဖြစ်နေဆဲပင်ဖြစ်သည်။

"အသားကို ကျွန်တော်ပဲ ဆော့စ်နဲ့ နှပ်လိုက်တော့မယ်"

ရွှီနျန်ကအင်္ကျီလက်ကို ခေါက်တင်ကာ ပြောလိုက်သည်။

"မား၊ ခဏလောက် သွားနားလိုက်ပါဦး"

လီဖန်က သဘောတူလိုက်ကာချန်းချန်နှင့် ချန်သိအတွက် လက်ဘက်ရည်တစ်အိုး ပြင်ဆင်ပေးရန်ထွက်သွားလိုက်သည်။ ချန်သိက ပျော်ရွှင်စွာဖြင့် အနားယူရန် ပြင်ဆင်နေဆဲမှာပင် သူ့ဘော့စ်က သူအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။

"သွားပြီးကူလိုက်"

ချန်းချန်က အေးစက်စက်ပြောလာ၏။

ချန်သိ : "......."

တွေ့လား၊ အလကားရတဲ့ အစားအစာကို ကြိုက်ကြိုက် မကြိုက်ကြိုက် မစားနိုင်ဘူးဆိုတာ တအားမှန်တယ်........
(အလကားရတာဘာမှ မရှိဘူး ပြောချင်တာပါ)

လီဖန်က အလျင်အမြန်ပင်လာကာ သူ့ကို တားလိုက်သည်။

"အိုက်ယား......ဘယ်လိုလုပ်ရမလဲဆိုတာ နျန်နျန် သိပါတယ်။ နျန်နျန်ပဲ လုပ်ပါစေကွယ်"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now