မဟုတ်ဘူး၊ အသက်ရှူလို့ရမှာမဟုတ်ဘူး။

ရှုကျင်ထျန်းသည် ရုန်းကန်ရန်အင်အားမရှိတော့ဘဲ ရှုဟန်ယွီ၏အဝတ်မဲ့ခြေထောက်များကို လက်ဖြင့်ပုတ်ကာ သူ့ကိုသတိထားမိစေရန် ကြိုးစားလိုက်သည်။

ဒါပေမယ့် ရှုဟန်ယွီ အခုလှည့်ကြည့်ရင်တောင် မြေပြင်ပေါ်မရောက်မချင်း သည်းခံနိုင်စွမ်းမရှိတော့ဘူးလို့ သူခံစားလိုက်ရသည်။

ရှုကျင်ထျန်း၏လက်ဖြင့်ပုတ်လိုက်မှုသည် ရှုဟန်ယွီ၏ ကြင်နာစွာပွေ့ဖက်ထားမှုကြောင့် ရေသည်သူ့ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာစီးဆင်းသွားပြီး သတိမထားမိနိုင်လောက်အောင်ပင် ဖြစ်နေလေ၏။

သို့သော် ရှုဟန်ယွီသည် မိန်းမပျိုလေး၏ လှုပ်ရှားမှုများကို အမြဲတစေဂရုပြုနေတတ်သည်။ မိန်းမပျိုလေးက သူ၏ရုန်းကန်မှုများကိုရပ်တန့်လိုက်တာမို့ လက်နက်ချသွားပြီဟု ယူဆခဲ့သည်။ ဒါပေမယ့် အခုဘယ်လိုဖြစ်တာလဲ? တစ်ခုခုမှားနေသလိုပဲ ...

ရှုဟန်ယွီသည် သူ၏ခေါင်းကို နောက်သို့လှည့်ကြည့်လိုက်ရာ မိန်းမပျိုလေး၏ နာကျင်မှုကြောင့် နီရဲနေသောမျက်နှာကိုမြင်လိုက်ရပြီး သူ၏မျက်လုံးများမှာ သွေးများစီးကျလာတော့မလိုပင်။

ရှုဟန်ယွီမှာအံ့သြသွားပြီး မိန်းမပျိုလေး၏ခန္ဓာကိုယ်အား လျင်မြန်စွာပွေ့ဖက်လိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကိုအားမာန်အပြည့်ဖြင့် တွန်းလိုက်သော်လည်း သူအသက်ရှုမအောင့်နိုင်တော့ပေ။ နောက်ဆုံးအသက်ရှုကျပ်ပြီး ရေထဲတွင်ပူဖောင်းများ တစ်သီတစ်တန်းဖြစ်ပေါ်လာသည်။

ရှုဟန်ယွီမှာ အလွန်အံ့သြသွားသည်။ မိန်းမပျိုလေး၏ မျက်လုံးများမှေးစင်းနေပြီး တစ်ဝက်နီးပါးမှိတ်ထားသည်။ ချက်ချင်းပင် သူ(ကျင်ထျန်း)တစ်ခုခုကိုနားလည်သွားပုံရသည်။ သူကသမုဒ္ဒရာရေကိုမရှူရှိုက်ခင်မှာ ရှုဟန်ယွီကသူ့ပါးစပ်ကိုသုံးပြီး သူ့နှုတ်ခမ်းမှတစ်ဆင့် သူ့(ကျင်ထျန်း)ကိုလေရှုသွင်းဖို့ ပေးနိုင်သည်။

“ အွန်း~”
သူ့အဆုတ်က နည်းနည်းသက်သာသွားပေမယ့် မလုံလောက်သေးပေ။ ချောမွေ့တဲ့ခံစားချက်က သူ့ကိုချုပ်နှောင်နေလေ၏။ ရှုကျင်ထျန်းသည် အောက်စီဂျင်အရင်းအမြစ်နှင့်နီးကပ်စွာ သတိလက်လွတ်ဖြစ်သွားပြီး အလိုလိုရှူသွင်းလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Tempat cerita menjadi hidup. Temukan sekarang