"နောက်ဆုံးမှာ ငါသူ့ကို လုပ်မိတာတွေရဲ့ အတိုင်းအဆကိုနားလည်သွားပြီ။ ဒါကြောင့် ငါသူ့ကို ရှာပြီး ဘယ်နည်းနဲ့မဆို အစားထိုးပေးဆပ်ချင်လို့"

"An မိသားစုက ပိုင်တဲ့ နေရာတွေအများကြီးကို ငါရောက်ပြီးပြီ။ ကုမ္ပဏီတွေ ကလပ်တွေ... ငါတို့အခုရှိနေတာ နောက်ဆုံးနေရာပဲ။ ဒါပေမဲ့ ငါဘယ်လောက်ပဲရှာရှာ၊ ငါဘယ်လောက်ပဲစောင့်စောင့် သူကတော့ ပေါ်မလာခဲ့ဘူး"
ငါ သူ့ကို နင့်နင့်နဲနဲနာကျင်စေခဲ့လို့ ဖြစ်ကောင်းဖြစ်မှာ​ပေါ့...

"သူပေးခဲ့တာနဲ့ တူတဲ့ ခံစားချက်မျိုး ကိုယ့်ကို ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ အနည်းဆုံးတော့ အဲဒါက မင်းနဲ့မတွေ့ခင် ကိုယ် တွေးမိခဲ့တာပဲ"

အဓိကအကြောင်းအရာသို့အရောက် Lan Kuang ၏ နားမလည်နိုင်သော အကြည့်က Ran Feng Ge အပေါ် မျက်ခြေမပြတ်ကြည့်နေသည်။
"မင်းဆီကနေ ရတဲ့ ခံစားချက်က
သူ ကိိုယ့်ကိုပေးတဲ့ ခံစားချက်တွေနဲ့ အတော်လေးတူနေတယ်။ မင်း မျက်လုံးကလည်း သူနဲ့ဆင်တယ်။
ဒါတွေက မင်းကို ဘာကြောင့်စိတ်ဝင်စားရသလဲဆိုတာပဲ။"

"ခင်ဗျား An Mu ကို မရှာနိုင်ဘူး။ ဒါကြောင့် မှန်ပြောင်းကို ကျွန်တော့်ဘက် ပြောင်းချိန်လိုက်တာလား?"
Lan Kuang ၏ရှင်းပြချက်ကို ကြားလျှင် Ran Feng Ge ၏ရင်ထဲ​​ြေဗာင်းဆန်သွားသည်။ သို့သော် သူ့မျက်နှာထားမှာ အေးချမ်း၊ တည်ငြိမ် နေဆဲ။ သူက အတင်းပြောတတ်သော ပွဲကြည့်ပရိသတ်တစ်ဦး၏ သဘောထားအမြင်မျိုးကိုပင် အရယူပြီး ပြောလိုက်သည်။
"An Mu က တစ်နေရာရာမှာ လျှို့ဝှက်ပုန်းနေပြီး ခင်ဗျားဘယ်လိုမျိုး အားထုတ်ကြိုးပမ်းလဲဆိုပြီး စောင့်ကြည့်နေတာ ဖြစ်ရင်ဖြစ်မှာပေါ့။ ခင်ဗျားရဲ့ သံယောဇဥ်ကို အခြားတစ်ယောက်ဆီ ​မြန်မြန်ဆန်ဆန်ပြောင်းပစ်လိုက်ရင် ခင်ဗျားရဲ့ရှေ့ကို ထပ်ပေါ်မလာတော့ဘဲနေမယ်"

"ကိုယ်နဲ့ သူ့ကြားက ဆက်နွယ်မှုကို မင်းကိုပြောပြီးပြီ။ မင်းနဲ့သူ့မှာရောအတိအကျ ဘယ်လိုပတ်သတ်မှုမျိုး ရှိနေတာလဲ?"
Lan Kuang သည်လည်း ကုန်းပတ်ပေါ်တက်လာပြီး အောက်သို့တတောက်တောက်ကျနေသည့် ရေစက်များကိုမမှုဘဲ Ran Feng Ge ဆီအေးအေးလူလူလျှောက်လာသည်။ Ran Feng Ge ပြန်မဖြေရသေးခင်ပင် သူ့စိတ်ထဲတွင် အဖြေတစ်ခု ဖြစ်ထွန်းလာခဲ့သည်။

လူစားထိုး Место, где живут истории. Откройте их для себя