🏔Chapter (22)🏔🔞🏔

Start from the beginning
                                    

ဘင်္ဂ ထိုအကြောင်းကိုသိသိချင်း သွေးတက်မတတ်ဖြစ်ခဲ့ရသည်။ကြားလို့မှ ကောင်းကြသေးရဲ့လား။ခူတွေရဲ့အထွဋ်အမြတ်ထားရတဲ့ ကိုးကွယ်ရာ ရန်ပြေငြိမ်းစေတီဌာပနာတော်တွေကို ခူထဲကလူတွေကပဲ ပြန်ခိုးဝှက်ရတယ်လို့။လူကြားလို့လည်းမကောင်းသလို ခူတွေကိုအုပ်ချုပ်နေရသည့်အကြီးအကဲဖြစ်သူ ဘင်္ဂကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်ရှက်ရွံ့သိမ်ငယ်မိသည်။ကိုယ့်လူမျိုးစုကိုနိုင်အောင်တောင် မအုပ်ချုပ်နိုင်ပါလားဆိုပြီး နာမည်လည်းပျက်ရသည်။

မိမိအုပ်ချုပ်တဲ့ ခူတွေထဲမှာ ဒီလိုသစ္စာဖောက်လောက်ထွက်တွေ ရှိနေလိမ့်မယ်လို့ ထင်ကိုမထင်ထားခဲ့ပါ။အဲ့လောက်ထိတောင်ပဲ လောဘအခိုးအငွေ့တွေ ကြီးမားလောင်မြိုက်နေကြသည်လား။သူတို့ကို မုဆိုးအလုပ်၊သက်တော်စောင့်အလုပ်၊ရွှေကျင်ခြင်းအလုပ် စသည့်ငွေဝင်ပေါက်လုပ်စားစရာနေရာတွေ အများကြီးပေးထားပါလျက်နဲ့ ဘုရားဌာပနာတွေကိုမှ ခိုးဝှက်ဖောက်ထွင်းရတယ်လို့။

"တောက်.."

တွေးမိလေလေ ပိုပိုဒေါသထွက်ရလေဖြစ်၏။မိမိတို့ရဲ့အထွဋ်အမြတ်ဘုရားစေတီဌာပနာတွေ ဖောက်ခံရတယ်ဆိုတာ ကောင်းမွန်သောနိမိတ်မဟုတ်သည်မှာ သေချာပေသည်။ခူသားတွေအတွက်လည်း နိမိတ်ကောင်းမဟုတ်သလို ဘင်္ဂကိုယ်တိုင်အတွက်လည်း နိမိတ်ဆိုး။

ထွီ...။

ဘင်္ဂ အတွေးတို့တွေးနေချိန် ပါးစပ်ခံတွင်းထဲမှာ တံတွေးတွေကိုစုထားခဲ့သည်။ထို့နောက် ထိုလူငါးယောက်၏မျက်နှာတည့်တည့်ဆီအား တစ်ယောက်ကို တစ်ချက်စီ တံတွေးနှင့်အားပါပါမျက်နှာသစ်ပေးလိုက်သည်။

ငမိုက်သားများကတော့ ခေါင်းငုံ့ကာအပြစ်ကိုခံယူနေလျက်။သူတို့၏ အပေါ်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်ထက်တွင်လည်း ကြာပွတ်နှင့်အရိုက်ခံထားရသည့် အသျှိုးရာပေါင်းများစွာ။

ခေါင်းဆောင်သခင်ကြီးက သိပ်ကိုရက်စက်တတ်မှန်း သိသိလျက်နှင့် သူတို့ဟာ ဌာပနာဖောက်မိခဲ့ခြင်း။

"မင်းတို့ငါးယောက်လုံး ငါတို့ခူတွေထဲကို ပြန်ဝင်လာဖို့စိတ်မကူးနဲ့။မင်းတို့ကို နယ်နှင်ဒဏ်ပေးလိုက်ပြီ။ငါတို့ခူဌာနေကို မင်းတို့တွေ ခြေတစ်ချက်ပြန်ချတာတွေ့တာနဲ့ မင်းတို့ကို မသေမချင်းသတ်ပစ်မှာ။ဒါ ငါအင်မတန်ကို သက်ညှာလျှော့ပေါ့ထားပေးတာ"

ခူ{Completed}Where stories live. Discover now