လူတိုင်း : အင်း, ဒီအသံက ဖုန်းထဲကအသံနဲ့ တကယ်တူတာပဲ။

"ဆရာ ကုမ္ပဏီမှာ တရားဝင်အလုပ်စလုပ်ဖို့ အစီအစဉ်ရှိပါသလား?" ကျိုးရှန်း စုပေကို စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

[Moon's Note : ကျိုးရှန်းက စုပေကို ကျူရန် (主人, zhu ren) လို့ခေါ်တာပါ။ သူက master, host, owner ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်ဆိုတော့ ဆရာ၊ သခင်၊ ပိုင်ရှင် သုံးမျိုးထဲက ဆရာက အဆင်ပြေဆုံးမို့လို့ အဲ့လိုပဲရေးလိုက်ပါတယ်]

"ကျွန်မ အတန်းတက်ရဦးမယ်" စုပေက အပြုံးလေးနဲ့ ပြန်ဖြေတယ်။ "ဒါပေမဲ့ တစ်ပတ်ကို တစ်ရက်၊ နှစ်ရက်လောက်လာဖို့တော့ အချိန်ချန်ထားမှာပါ"

မကြာသေးမီက NST မှ ၎င်း၏နည်းပညာကို အဆင့်မြှင့်တင်ပြီး ၎င်း၏၀န်ဆောင်မှုဧရိယာကို တိုးချဲ့ခြင်းများ စတင်ခဲ့တယ်။ အဲဒါကြောင့် စုပေကလည်း အလုပ်တွေများနေလိမ့်မယ်။

"ဟားဟား, တစ်ရက်၊ နှစ်ရက်ဆို အဆင်ပြေတာပေါ့! ဖုန်းနဲ့စကားပြောရတာက အတူတူအလုပ်လုပ်ရတာလောက် မကောင်းပါဘူးဗျာ။ နောက်ပြီး ဖုန်းဘေလ်ဖြုန်းတီးရာလည်းရောက်တယ်လေ!"

အစည်းအဝေးတက်ရောက်သူအများစုက စုပေနှင့် ဖုန်းမှတဆင့် သိကျွမ်းခဲ့ကြတာကြောင့် သူတို့တွေက သူမနှင့် မရင်းနှီးတာမျိုးတော့ မဟုတ်ဘူး။ စုပေနှင့် ကျိုးရှန်းတို့အကြား ပေါ့ပေါ့ပါးပါး ခပ်နောက်နောက်စကားပြောဆိုမှုအချို့ကို ကြားလိုက်ရပြီးနောက် အခြားသူများက မြန်မြန်ဆန်ဆန်နှင့် ပိုမိုရင်းနှီးလာခဲ့ကြတယ်။ စုပေရောက်ရှိလာခြင်းကျေးဇူးကြောင့် အစည်းအဝေးက မကြုံစဖူး သက်တောင့်သက်သာလေထုဖြင့် ပြီးဆုံးသွားခဲ့တယ်။

---

လင်းရှောက်ချီ စုပေအား ရုံးတွင်းကန်တင်းသို့ ခေါ်ဆောင်သွားခဲ့တယ်။

"စားကြည့်"

"ခုထိ အရင်စားဖိုမှူးကရှိတုန်းပဲလား?" ဝက်သားချဉ်တစ်တုံးကိုမြည်းစမ်းပြီးနောက် စုပေ လင်းရှောက်ချီအား စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

NST ကို ကုမ္ပဏီတစ်ခုအဖြစ် ပထမဆုံးစတင်တည်ထောင်ခဲ့ချိန်က ၎င်း၏အတိုင်းအဆမှာ ခပ်သေးသေးမျှသာဖြစ်တယ်။ ရုံးတွင်းကန်တင်းအတွက် ငှားရမ်းထားတဲ့စားဖိုမှူးကလည်း နည်းပညာဌာနရှိ ၀န်ထမ်းတစ်ဦး၏ ဆွေမျိုးတစ်ယောက်ဖြစ်တယ်။ သို့သော် စုပေတစ်ယောက် ယခင်က ဒီကန်တင်းမှာ တစ်ကြိမ်သာ စားသောက်ခဲ့ပေမဲ့ ယာယီစားဖိုမှူး၏လက်ရာကို ချက်ချင်း သဘောကျသွားခဲ့တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang