ရွှီနျန်က နှိမ့်ချစွာဖြင့် ပြောသည်။

"ဒါတွေက ကျွန်တော်လုပ်သင့်တာတွေ ပါပဲ။ တကယ်ဆို ဘော့စ်ရဲ့ ပိုက်ဆံဆိုတာကလည်း ကျွန်တော့် ပိုက်ဆံပဲလေ။

ချန်သိ : "......"

အခုအခါမှာတော့ ချန်းချန်အတွက် နေ့လည်စာသည် ရွှီနျန်၏ တာဝန် လုံးလုံးလျားလျား ဖြစ်သွားခဲ့ပြီဖြစ်သည်။
တစ်ခါတရံတွင် ရွှီနျန်သည် နေ့လည်စာကို ကိုယ်တိုင်လာပို့တတ်ပေမယ့် သူအလုပ်များလွန်းသည့် တခြားအချိန်များတွင်တော့ ချန်သိမှတဆင့် ပို့ပေးတတ်သည်။

ချန်သိက သူ့ဘော့စ်အတွက် နေ့လည်စာဘူးကို ခင်းကျင်းပြင်ဆင်ပေးနေရင်းပင် ချန်းချန်၏ လူနှင့် ကံကြမ္မာ* နှစ်ခုစလုံး ဆုံးရှုံးရခြင်းမှ တားဆီးနိုင်စေရန် နိုးထစေဖို့ သတိတစ်ခုပေးသင့် သည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း သူစကားပြောပြီးသွားချိန်မှာတော့ ချန်းချန်က သိပ်ပြီး တုံ့ပြန်မှု မရှိစွာဖြင့်ပင်၊

"အဲ့ဒါက သူပြောတာလား?"

ချန်သိက တောင်းပန် တိုးလျှိုးစွာဖြင့်ပင်

"ဟုတ်ပါတယ် ၊ ဟုတ်ပါတယ်။ ဘော့စ် သူ့ကိုပေးတဲ့မုန့်ဖိုးက တကယ်ပဲ အရမ်းများလွန်းတယ်လေ။ ရွှီနျန်က သူ့ဘာသာ ငွေဘယ်လိုရှာရမလဲအမြဲတွေးနေတတ်တော့ ဒီအတိုင်းဆို အနာဂတ်မှာလည်း သူက ဘော့စ်ကိုတောင်မှ လိုအပ်ပါတော့မလား?"

ချန်းချန်က နှာမှုတ်လိုက်ကာ

"မင်းနားမလည်ပါဘူး"

ချန်သိ : "?"

ချန်းချန်က စိတ်ကျေနပ်စွာဖြင့် ပြောသည်။

"သူကတစ်ခြားသူတွေနဲ့ မတူပါဘူးလို့ ငါမင်းကို ပြောခဲ့သားပဲ။ကြည့်လေ သူကအခုငါ့ကို ငွေကူရှာပေးဖို့တောင် စဉ်းစားနေပြီ"

ချန်သိ : "? ? ?"

ချန်းချန်က စိတ်ဖိစီးနေပုံဖြင့်၊

"သူကိုယ်တိုင် ငါ့ကိုပြောတယ်"

ချန်သိမှာ အထစ်ထစ်အငေါ့ငေါ့ပင် မေးလိုက်မိသည်။

"သူက ဘာ-ဘာ ပြောခဲ့တာလဲ?"

ချန်းချန်က ခြေထောက်လှုပ်နေလျက်ပင် လေးနက်စွာပြောလိုက်၏။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now