"စကားမစပ် ငါ့သူငယ်ချင်းတစ်​ယောက်က ဒီ​နေ့ငါ့ကို ​ပြောပြလာတဲ့ ကိစ္စတစ်ခုရှိ​သေးတယ်"

​ဝေ့​ကောင်လိုင်သည် ​ရေ​နွေးကြမ်း ငဲ့​နေရင်းတန်းလန်းနှင့်ပင် ပြန်​မေးလိုက်သည်။

"ဘယ်သူငယ်ချင်းလဲ...?"

"ငါ ငယ်ငယ်တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းပါကွာ...၊ အဲ့သူငယ်ချင်းက ဒီ​နေ့သူတို့​ကျောင်းကို ကွမ်ရိယမ်နဲ့ ဖန်မင်ကျဲဆိုတဲ့​ကျောင်းသားနှစ်​ယောက်​ပြောင်းလာလို့တဲ့...၊ မင်းတို့​ကျောင်းက ​ပြောင်းလာတာမို့ဆိုပြီး ငါ့ဆီဖုန်းဆက်ပြီး​တော့ အဲ့​ကောင်​တွေအ​ကြောင်း​မေးလာတာကွ...၊ ခုသူတို့နှစ်​ယောက် ​ပြောင်းသွားတဲ့​ကျောင်းက အလယ်အလတ် အဆင့်​လောက်ပဲရှိတာ...၊

အဲ့ဒါနဲ့ ငါလဲ​ပြောပြလိုက်တယ်ကွာ...၊ စာ​မေးပွဲမှာ ​​မေးခွန်းကို ခိုးခိုင်းတာ​တွေ၊ ​ကောင်မ​လေး​နောက်လိုက်လို့မရတာနဲ့ အတန်း​ဖော်အချင်းချင်း မ​ကောင်းကြံတာ​တွေကို ငါအကုန်​ပြောပြလိုက်တယ်..."

​ဝေ့​ကောင်လိုင်သည် ​ရေ​နွေးကြမ်းတစ်ခွက်ကို ကျုကျစ်​ဖေ​ရှေ့သို့ ထိုး​ပေးလိုက်ရင်း...။

"မင်း အရမ်း​တော်တယ်..."

"​နေအုံး ​နေအုံး ငါ​ပြောလိုမပြီး​သေးဘူး..."

ကျုကျစ်​ဖေသည် သူ၏မျက်မှန်ကိုင်းကို ပင့်တင်လိုက်ရင်း ပိုပြီးအ​လေးအနက် ထား​သော​လေသံဖြင့် ​ပြောလိုက်ပြန်သည်။

"အဲ့နှစ်​ကောင်ကကွာ... စာ​လေး​တွေက​တော့ ​တော်ပါရဲ့ အကျင့်က​တော်​တော်​လေးကို မ​ကောင်းတာကွ၊ ဒီလိုမျိုး သင်ခန်းစာ​​လေးလည်း နည်းနည်းပါးပါး ​ပေးမှအဆင်​ပြေမှာရယ်...၊ ဒါမှသူတို့​​တွေ အနာဂါတ်မှာ ခုလို သူများ​တွေအ​ပေါ်မှာ အကျင့်မယုတ်ရဲမှာ...၊ ငါ့လုပ်ရပ်က ခုသူတို့အ​ပေါ် နည်းနည်း​လေး နာကျင်​စေတယ်ဆို​ပင်မဲ့ ​နောင်တစ်ချိန်မှာ သူတို့​တွေ​ကောင်းဖို့အတွက်ပါကွာ..."

ချူယုသည် ကျုကျစ်​ဖေကို ကြည့်လိုက်ရင်း...။

"​ကျေးဇူးတင်ပါတယ်..."

ကျုကျစ်​​ဖေသည် အနည်းငယ်ရှိုးတို့ရှန်းတန်းဖြစ်သွားသဖြင့် သူ့၏​ခေါင်း​နောက်ဖက်ကို လက်ဖြင့်ကုတ်လိုက်ရင်း ...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now