ဆိုင်ပိတ်ထားသည်ကို မြင်​သောအခါ ​ဝေ့​ကောင်လိုင်နှင့် ကျုကျစ်​ဖေထံမှ စကားသံများသည် ပြိုင်တူထွက်လာကြသည်။

"ဟား... ဆိုင်ပိတ်ထားတယ်ဟ!!!"

ထို့​ကြောင့် လုရှီးသည် ကားစတိယာရင်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်၍ ဘက်ပြန်ဆုတ်​နေရင်း ချူယုကို​မေးလိုက်သည်။

"မင်း ဘာစားချင်လဲ...?"

"ငါ ဘာမှ စားချင်စိတ်မရှိဘူး..."

ထိုသို့​ပြောလိုက်ရင်း ချူယုသည် အနည်းငယ် စဥ်းစားလိုက်ကာ...။

"ပူတာ​လေးဆိုရင်​​ကော...၊ ခု ငါနည်းနည်း​အေး​နေလို့!"

​"​​ကောင်းပြီ"

လုရှီးသည် ဆိုင်​​သေး​သေးလေးသို့ ချူယုကို ​ခေါ်သွားခဲ့သည်။ ဆိုင်က​လေးအတွင်းတွင် စားပွဲဝိုင်း 5 ဝိုင်းခန့်သာရှိပြီး အပြာ​ရောင် ရိုးရိုး ပလတ်စတစ်ခုံများကို ချထား​ပေး၏။ ရရှိနိုင်​သော အစားအစာများကိုလည်း ဆိုင်၏နံရံ​ပေါ်တွင်သာ အလွယ်တစ်ကူ မြင်ရ​စေရန်အတွက် စာလုံးအကြီးကြီးများဖြင့် ​ရေးထား​ပေး​လေသည်။

သူတို့​လေးဦးသားသည် စားပွဲဝိုင်းတစ်ခုတည်းတွင် ကြပ်ကြပ်ညှပ်ညှပ်ထိုင်လိုက်ကြရင်း လုရှီးက ချူယုကို ခပ်တိုးတိုး ​လေသံဖြင့်ပင်​မေးလိုက်၏။

"မင်း ထမင်း​ပေါင်း ပူပူ​လေးဆို အဆင်​ပြေလား...?"

ချူယုသည် အစားအ​သောက်ကို ဂျီးမများသူပီပီ ​ခေါင်းညိမ့်ပြလိုက်ရင်း...။

"ဟုတ်"

​ဝေ့​ကောင်လိုင်နှင့် ကျုကျစ်​ဖေသည် သူတို့နှစ်ဦး၏ ထုံစံအတိုင်း အသားများများပါ​သော ထမင်း​ကြော်ကိုသာမှာလိုက်ကြပြီး၊ ထမင်း​ကြော် မလာခင်စပ်ကြားတွင်မှာပင် သူတို့​ရှေ့တွင် အလားကားချ​ကျွေးထား​သော ​မြေပဲ​လှော်တစ်ပန်ကန်က ကုန်သွားခဲ့ရသဖြင့် ​နောက်တစ်ပန်းကန်ကို ထပ်မှာပြီး စား​နေကြသည်။

ကျုကျစ်​ဖေသည် စား​နေရင်း တန်းလန်းနှင့်ပင် တစ်ခုခုကို သတိရမိသွားပြီး ခုချိန်ထိဆာ​နေ​သေး​သော ဗိုက်ကို ပွတ်သပ်လိုက်ကာ...၊ စိတ်လှုပ်ရှား​နေသံဖြင့်​ပြောလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now