ချန်သိကတော့ သူ့ပုံစံအတိုင်း ကြက်အမေကြီးလို သူ့ရဲ့ ကိုယ်ပိုင် အကြံဥာဏ် ထင်မြင်ချင်များကို မဆုံးနိုင်လောက်အောင် တတွက်တွက် စပြောလေသည်။

ရွှီနျန်ကတော့ နာနာခံခံနဲ့ပဲ နားထောင်ခဲ့၏။

ချန်သိက ဆက်ပြောသည်။

"သူတို့တွေအကုန်လုံးက ဘော့စ်ရဲ့ သူငယ်ချင်းတွေချည်းပဲ၊ အနည်းဆုံး သူငယ်ချင်းသက်တမ်း ဆယ်စုနှစ်တစ်ခုတော့ရှိပြီးသားလူတွေ၊ မင်းက ဘော့စ်ရဲ့ စကားကိုနားထောင်ပြီး ကောင်းကောင်းနေရင် ရပြီ"

ရွှီနျန် သဘောတူလိုက်သည်။

"ကောင်းပါပြီ"

ထို့နောက် ချန်သိက

"မင်း pda ဖော်ပြတာမျိုး ကောင်းကောင်း လုပ်သင့်တယ်။ပြီးတော့ မင်းက ဘော့စ်အပေါ် အရမ်းကြီး မှီခိုနေတဲ့ပုံစံမျိုး ကြိုးစားကြည့်"

ထိုသည်ကိုကြားတော့ ရွှီနျန် ခဏတန့်သွားကာ

"ဘော့စ်က အဲ့လိုမျိုးလုပ်စေချင်တာလား?"

"မဟုတ်ဘူး"

ချန်သိက လေးလေးနက်နက်အမူအယာဖြင့် ပြောသည်။

"အဲ့ဒါက ငါ ခန့်မှန်းကြည့်ထားတာ"

ရွှီနျန်က နည်းနည်း လွဲနေသလို ခံစားမိတာကြောင့်

"ကျွန်နော့်အထင်တော့ သူ အဲ့လိုမျိုးကို မကြိုက်လောက်ဘူး"

ချန်သိကမေးလိုက်သည်။

"မင်းက ဘာကိုဆိုလိုတာလဲ?"

ရွှီနျန်က အလိုမကျစွာဖြင့် သက်ပြင်းချလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က သခင်လေးချင်ရှေ့မှာ ကျွန်တော်အဲ့လိုပုံစံမျိုး လုပ်ပြတော့ ဘော့စ်က ကျွန်တော်က သူ့ကိုမြူဆွယ်နေတာ ဆိုပြီး ဆူခဲ့တယ်လေ"

ချန်သိ : "......"


ရွှီနျန်၏ အခန်းကဏ္ဍမှာ ချန်းချန်၏ သကြားကလေးလေးဖြစ်ပြီး အဲ့ဒါက သရုပ်ဆောင်နေရတာသာဖြစ်သော်လည်း ချန်သိက သူ့ကို ဘော့စ်သူငယ်ချင်းအိမ်ကို တိုက်ရိုက် မောင်းပို့ပေးရမှာမဟုတ်ခဲ့ချေ။ သူက ကုမ္ပဏီကို ပြန်သွားပြီး ဘော့စ်ကို သွားကြိုရဦးမှာဖြစ်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now