ချန်သိသည် သူ၏ အမူအယာကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်သူ့ကို သွားရှာပြီး စကားပြောလိုက်ရမလား"

"ဘာကို သွားပြောမှာလဲ? ချီးတွေ ပြောမှာလား?"

ချန်းချန်က ဒေါသတကြီးပြောလိုက်သည်။

"ပထမဆုံးအချက်က ၊ ငါကသူ့ရဲ့ ထောက်ပံ့သူ။ သူ့ကို ငါက ပိုက်ဆံပေးလိုက်ရင် အဲ့ဒါက သူသုံးဖို့အတွက်ပဲ!"
(ထောက်ပံ့သူ mean suger daddy)

ချန်သိ : "....."

ချန်းချန်က ခဏလောက် ထိန်းထားခဲ့သေးသော်လည်း နောက်ဆုံးတော့ မထိန်းနိုင်တော့စွာဖြင့်

"သူက တကယ်ကို နည်းနည်းလေးတောင် ဘာေ-ာက် ယဉ်ကျေးသိမ်မွေ့နေတာမှ* မဟုတ်ဘူး၊ အဲ့ကောင်ကလေ?!"

'ဘော့စ်က ဘယ်လိုများထင်လို့တုန်း?' ချန်သိ တိတ်တိတ်ကလေးသာ တွေးလိုက်မိသည်။ ဒါက jin jiang* ပေါ်က
' ဘော့စ်နဲ့ သကြားဖေဖေ ၊သကြားကလေးလေး ဆက်ဆံရေးရှိနေတာတောင်မှ ဘော့စ်ရဲ့ပိုက်ဆံတွေကို မမက်ဘဲ ဘော့စ်ကိုပဲ အကြွင်းမဲ့ ချစ်ခင်ကြောင်း သက်သေပြတဲ့အနေနဲ့ ဘော့စ်ရဲ့ ပိုက်ဆံနည်းနည်းလေးကိုမှ နည်းနည်းလေးပဲ သုံးခဲ့တဲ့ ဘော့စ်အပေါ် အလွန်တရာမှ သစ္စာရှိတဲ့ အမျိုးသမီးဇာတ်လိုက် တို့ရဲ့ Chick lit * ဝတ္တု' လို့များ ထင်နေတာလားဟင်။

ချန်းချန်က စဉ်းစားလိုက်ပြီးနောက် ဒါကို ဒီအတိုင်း မထားလိုက်ချင်ပေ။
သူက ချန်သိကို မေးလိုက်သည်။

"သခင်လေးချင်နဲ့ နောက်တစ်ခေါက်တွေ့ဖို့ ချိန်းထားတာက ဘယ်တော့လဲ?"

ချန်သိက အချိန်ဇယားကို မြန်မြန်ပြန်ကြည့်လိုက်ကာ

"နောက် နှစ်ပတ်အကြာမှာ ဂေါက်ရိုက်ဖို့ ချိန်းထားတာ ရှိပါတယ်"

ချန်းချန်က ထပ်မေးသည်။

"တခြား တွေ့ဆုံပွဲတွေ ရှိသေးလား?"

ချန်သိက နောက်ထပ် အချိန်ဇယားကို လှန်လှောကြည့်လိုက်ပြီး

"နောက်နှစ်ရက်နေရင် ညစာစားပွဲတစ်ခု ရှိပါတယ်။ အဲ့ဒါက ဘော့စ်သူငယ်ချင်း ဥက္ကဌ ချန်းနဲ့ ချိန်းထားတာပါ။ ဒီလိုပွဲမျိုးအတွက်  ခေါ်သွားစရာမလို......."

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now