တစ်ဖက်သူ၏ ဖျော့တော့သော နှုတ်ခမ်းပါးထက် Su Yi Mo အကြည့်မြဲ​နေသော်လည်း နည်းနည်းမျှမလှုပ်ရှားပါ။
Ran Feng Ge ခြေတစ်လှမ်းတိုးကာ တိမ်း၍ Su Yi Mo ကို အနမ်းပေးလိုက်သည်။ အနမ်းဆိုသော်လည်း ကိုက်တာနှင့်ပိုတူနေသည်။

Su Yi Mo အင်မတန်အံ့အားသင့်သွားစေကာမူ တစ်စက္ကန့်အတွင်း
ချက်ချင်း သတိပြန်ဝင်လာပြီး သူ၏တန်ပြန်တိုက်ခိုက်မှုကို အစပြုသည်။ Ran Feng Ge
အကြောမခံဘဲ သူ့အားကိုနှစ်ဆတိုးလိုက်၏။
နှစ်ယောက်သား၏ နှုတ်ခမ်းနှင့်လျှာများ အချိန်အတန်ကြာအောင် တိုက်ပွဲဆင်ပြီးမှ တစ်ယောက်ကိုတစ်ယောက် လွှတ်လိုက်ကြသည်။

Ran Feng Ge အားစိုက်အသက်ရှူနေစဉ် Su Yi Mo ၏ တိုးသက်သက်အပြောကို ကြားလိုက်ရသည်။
"မင်း ငါ့အလုပ်ကို လက်ခံပြီးမှတော့ အချိန်ရောလူရော အစွမ်းကုန်မြှုပ်နှံထားသင့်တယ်လေ"

"မင်း ငါ့ကို သတိပေးစရာမလိုပါဘူး"
Ran Feng Ge သူ့ရှေ့ကလူကို မျက်ဖြူလှန်ပြလိုက်သည်။
သူဆက်ပြောမည်အလုပ် ဓာတ်လှေကားက တင်းတောင်မြည်လာသည်။ Ran Feng Ge တွန့်ကြေသွားသော အင်္ကျီကို အမြန်ပြုပြင်၍ ခေါင်းကို ရှက်ရဲရဲငုံ့ကာ အားသုံးအနမ်းခံလိုက်ရ​သည့် Jing Qiu Han ကဲ့သို့အသွင်ပြောင်းသွားသည်။

စကားများနေစဉ်မှာပင် နှစ်ယောက်စလုံးက ပြည့်ပြည့်ဝဝသရုပ်ဆောင်လိုက်နိုင်ပြီး သူတို့ဝန်းကျင်က လူတိုင်းကို အရူးလုပ်လိုက်နိုင်သည်။

Jing Qiu Han သည် သူ၏ပြင်းထန်သည့် ဒဏ်ရာများကို နာလန်ထူနေဆဲဖြစ်သောကြောင့် ကုမ္ပဏီအလုပ်များကို ချက်ချင်းလက်ငင်း စစ်ဆေးစရာမလိုသေး။ ထိုအစား သူတို့နှစ်ယောက် မြေညီထပ်ကားရပ်နားကွင်းဆီ လာခဲ့ကြသည်။

"ဘာလို့ မင်းရဲ့ကားကို နောက်နေ့မှမမောင်းတာလဲ?"
Su Yu Mo က အဖြူရောင် ဘီအမ်ဒဗလျူ နားတွင်းခေတ္တရပ်ရင်း ဤသည်မှာ Jing Qiu Han ၏ကားဖြစ်ကြောင်း အရိပ်အယောင်ပြသည်။

Su Yi Mo ပေးချင်သည့် သဲလွန်စကို Ran Feng Ge သဘောပေါက်သော်လည်း တစ်ဖက်သူညွှန်ကြားသည့် ဇာတ်ညွှန်းအတိုင်း သူသရုပ်မဆောင်ပေ။
သူက ဘီအမ်ဒဗလျူ၏ ရှေ့တွင်ရပ်ပြီး Su Yi Mo ကို ဆွဲဆောင်အားကောင်းကောင်းဖြင့် ပြုံးပြလိုက်သည်။
"ဒါပေမဲ့ ငါ စတီယာရင်မကိုင်ရတာ အတော်ကြာပြီ။ ဒါကြောင့် ဒီတစ်ကြိမ် အိမ်ကိုမောင်းပြန်ချင်တာ။ ပြီးတော့ ကားမောင်းဖို့က ကားထဲမှာထိုင်နေဖို့ပဲလိုတာလေ။ ဘာ အားသွန်ခွန်စိုက်မှ မလုပ်ရတာ"

လူစားထိုး Where stories live. Discover now