"မင်းဘယ်သူ့ကို ကြည့်နေတာလဲ?"

ချန်းချန်က အေးစက်စက် မျက်နှာဖြင့် သူ့ကို မေးလာသည်။

"မင်းအဲ့ဒီမှာ အဲ့လိုရပ်ပြီး ဘာလုပ်နေတာလဲ? ဒီကိုမြန်မြန်လာပြီး ထိုင်တော့"

ရွှီနျန်ထင်တာကတော့ သည်လူကြီး၏ အကျင့်စရိုက်သည်  အနည်းငယ်ထူးဆန်းပီး ကိုင်တွယ်ရန် ခက်ခဲသည်။ သို့သော်လည်း တစ်ခြားရှုထောင့်မှ စဉ်းစားပြီး ကောက်ချက်ချရလျှင်တော့ ငွေပေးသူသည် အမြဲတမ်း ဘော့စ်ဖြစ်သည်။ ထို့ကြောင့် သူက အခြားသူကို စိတ်ရှည်စွာစာင့်ဆိုင်းခြင်းသည် သဘာဝကျသည်။

ချင်ဖုန်ထျန် က ချန်းချန်ဘေးတွင် ထိုင်နေသောရွှီနျန်ကို ကြည့်ကာ ရယ်လိုက်သည်။

"ဘော့စ်ချန်း ဘယ်တုန်းက ကလေးရသွားတာလဲ?"

ချန်းချန်က ဆေးလိပ်ငွေ့တစ်ချို့ မှုတ်ထုတ်လိုက်ပြီး

"သူက ကလေးမဟုတ်တော့ဘူး၊ တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ။"

ရွှီနျန်က တစ်လက်မမှ မလှုပ်ရှားပဲ ထိုင်နေခဲ့သည်။

ချင်ဖုန်ထျန်က မေးသည်။

"မင်းအသက် ဘယ်လောက်ရှိပြီလဲ?"

ရှေ့မှာအတွေ့အကြုံရှိခဲ့ပြီးသော ရွှီနျန်သည် ချန်းချန်ကို အရင် ကြည့်လိုက်သည်။

သူ့အပြုအမူကို ကျေနပ်သွားပုံရသော ဘော့စ်ကြီးက ရက်ရောစွာဖြင့် ပြောလာသည်။

"သခင်လေးချင်ကို ပြောပြလိုက်"

ရွှီနျန်က ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဒီနှစ်မှာ ၁၈ နှစ် ပြည့်ပြီးပါပြီ"

ချင်ဖုန်ထျန်က သူ့လက်ကို လေထဲမြှောက်လိုက်ပြီး ရယ်တော့သည်။

"မင်းက တကယ်ငယ်သေးတာပဲ။ ဘယ်တက္ကသိုလ်ကလဲ"

"B တက္ကသိုလ်"

ချင်ဖုန်ထျန် မျက်တောင်တစ်ချက်ခတ်ပြီး တိတ်ဆိတ်သွားသည်။

မြို့တော်ရဲ့ အကောင်းဆုံးတက္ကသိုလ်၏ အမည်သည် အမှန်ကိုပင် လူအများကို ခေတ္တခဏ ရပ်တန့်စေနိုင်စွမ်း ရှိလေသည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now