ချန်သိ စကားတန့်သွားပြီး သူ့ခေါင်းကို တဖြည်းဖြည်း မော့လိုက်သည်။
ရွှီနျန်က သူ့ရှေ့မှာ ရပ်နေပြီး သူ့လက်ထဲတွင် ဘောပင်တစ်ချောင်းကိုင်ထားလေသည်။

လူငယ်လေးက အပြုံးလှလှလေးတစ်ခုကို ဖော်ပြထားပြီး၊

"တဆိတ်လောက်၊ လူကြီးမင်း၊ ဒီဘောပင်က ခင်ဗျား လွတ်ကျထားတာလား?"

အဆင့်အတန်းမြင့်ကား၏ နောက်ခန်းသည် အတော်လေး ကျယ်ဝန်းသည်။

ရွှီနျန်၏ ခေါင်းမှစ ခြေဖျားထိ အဝတ်အစားအသစ်တို့ ပြောင်းလဲဝတ်ဆင်ထားပြီး ဖြစ်ကာ သူ့ဆံပင်ကိုလည်း စတိုင်ကျကျ ပြင်ဆင်ထားသေးတာကြောင့် သူ၏ပုံစံသည် အလွန်အမင်း သန့်စင် လန်းဆန်းကာ နူးညံ့သိမ်မွေ့နေလေသည်။
ချန်သိက ကားမောင်းနေရင်းနှင့် လိုက်နာရမည့် အချက်များကို ပြောပြနေသည်။

"အပြင်မှာဆိုရင် မင်း သူ့ကို လူကြီးမင်း လို့ခေါ်ရမယ်။ ပြောစကားနားထောင်ရမယ်၊ သူပြောတာကို နာခံရမယ်၊ စကားအများကြီးပြောပြီး ဆူညံတာမျိုး မလုပ်ရဘူး၊ မင်းကိုပြောသမျှအကုန် လုပ်ပေးရမယ်၊ ဒါပေမယ့် မင်းကို လုပ်ဖို့မပြောထားတဲ့အရာမှန်သမျှ လုပ်ခွင့်မရှိဘူး။
မင်းပြသနာဖြစ်ရင် ရှင်းပေးရမယ့်သူက ငါပဲ။"

ရွှီနျန်က နာခံစွာဖြင့်ပြောသည်။
"အိုး..."

ချန်သိက သူ့ကို နောက်ကြည့်မှန်မှတဆင့် တစ်ချက်ကြည့်လိုက်သည်။

"ဘော့စ်မှာ germaphobe* ရှိတယ်။ ဒါကြောင့် သူ့ကို သတိမထားမိဘဲ သွားမထိမိစေနဲ့။ ပစ္စည်းတွေကို ကိုင်တဲ့အခါ မင်းလက်နဲ့ တိုက်ရိုက်မထိရအောင် လက်ကိုင်ပဝါကိုသုံး၊ ပြီးရင် လွှင့်ပစ်လိုက်။"

".....တစ်ခါလေးပဲ သုံးရသေးရင်တောင် လွှင့်ပစ်ရမှာလား?"

ချန်သိ၏ မျက်နှာက အနည်းငယ်တင်းသွားသည်။

"ဘော့စ်က လွှတ်ပစ်ခိုင်းရင် ပစ်လိုက်၊ မလိုအပ်တဲ့ မေးခွန်းတွေ မေးစရာမလိုဘူး။"

ရွှီနျန် :"......"

ချန်သိက ဆက်ပြောသည်။

"ဘော့စ်က မင်းကို တစ်ခုခု လက်ဆောင်ပေးခဲ့ရင် ဒီအတိုင်း လက်ခံလိုက်။ ငွေချွေတာ,တာတို့၊ မဖြုန်းတီးချင်တာတို့ ဒါမှမဟုတ် အဲ့ဒီသဘောသက်ရောက်စေမယ့် အကြောင်းတွေကို တွေးတောင် မတွေးမိစေနဲ့ ။ အဲ့လို အကြောင်းအရာတွေကို ဘော့စ်ကြားရင် စိတ်တိုလိမ့်မယ်။"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Tahanan ng mga kuwento. Tumuklas ngayon