အပိုင်း ၆

Start from the beginning
                                    

" hostရေ ထပါဟ.. စောစောထပြီး နည်းနည်းပါးပါးပြင်ဆင်ဖို့လုပ်ပါဦးဟ..ဇာတ်လိုက်မက အစောကြီးက ပြင်ဆင်ပြီးထွက်သွားပြီ.. ဇာတ်လိုက်နဲ့ အရင်တွေ့ပြီး ကြိုက်သွားကြရင် ဘယ်လိုလုပ်မလဲ.. hostရေ အိပ်ပုတ်ရေ ထပါတော့ဟ နေလဲဖင်ခေါင်းထဲဝင်နေပါပြီ.. ''

" ဟာ ဖြူလုံးရာ နင် အရမ်းနားငြီးတာပဲဟာ.. ငါ အေးအေးဆေးဆေးအိပ်ပါရစေဟ.. သူသွားတာဘာဖြစ်လဲ... ငါနဲ့သူနဲ့က နယ်ပယ်ပိုင်းခြင်းမှမတူတာ သူနဲ့ဇာတ်လိုက်တွေ့စရာအ​ကြောင်းမရှိဘူး...နင်စိတ်မပူနဲ့ နော် ငါးမိနစ်လောက်နားအေးပါးအေးအိပ်ပါရစေ.. ''

" hostရေ ပြိုင်ပွဲစဖို့က သုံးနာရီပဲလိုတော့တယ်ဟ... ''

" ဘာ!!!!!! ချီးပဲ နင် ဒါကိုအခုမှ​ပြောရသလား.. သွားပါပြီ.. အချိန်နီးနေပြီဟ... အားးးးးး...''

" hostဘာသာအိပ်နေတာလေ. Systemပြောစကားကိုလဲနားမထောင်ပဲနဲ့ကို.. အခုမှ သူများအပြစ်လာမပြောနဲ့. "

ပိုင်ဝေ့ရှင်း အိပ်ရာကနေ ကမန်းကတန်းထပြီး ရေချိုးခန်းထဲသို့ အပြေးဝင်လေသည်။ ရေသံတဗြန်းဗြန်းနဲ့ ငါးမိနစ်ခန့်ကြားလိုက်ရပြီး ဆံပင်ရေစိုကြီးဖြင့် ဝုန်းဒိုင်းခတ်ထွက်လာသော hostကြောင့် ဖြူလုံးခမျာမှာ စိတ်ကိုအကြီးအကျယ်ကိုလေသွားရသည်။ ဒီလိုပုံစံနဲ့ ဇာတ်လိုက်ကိုဘယ်လိုမြူဆွယ်မှာလဲ.. system ဆူဆိုက်လုပ်တော့မယ်. ဗြဲ😭။ တနာရီနီးပါးအကြာတွင် ပြင်ဆင်လို့ပြီးဆုံးသွားတယ်။ ပိုင်ဝေ့ရှင်း ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ သူမကိုယ်သူမ လှည့်ပတ်ကြည့်လိုက်သည်။ ဒီလိုပုံစံဆို အရင်လောက်တော့ ပုံမဆိုးတော့ပါဘူး။ သာမန်မိန်းကလေးပုံစံဖြစ်လောက်ပါပြီ။ ဒီရက်အတွင်း သူမရဲ့ဆံပင်ဆေးဆိုးစွမ်းရည်ကိုလဲစမ်းသပ်ထားသောကြောင့် အနက်ရောင်ပြောင်းနေပြီး အရင်လို မျက်နှာတခုလုံးဖုံးထားတဲ့အထိမဟုတ်တော့ဘဲ ရှေ့ဆံပင်ကို အနည်းငယ်တိတိလေးညှပ်ထားသည်။ (ချောသွားပြီမတ်မတ်က)

" ဒီလောက်ဆို ငါအရမ်းချောသွားလောက်ပြီ..'' ဟု ယုံကြည်ချက်ရှိရှိပြောချလိုက်ရာ ဖြူလုံးတယောက် မျက်ဖြူလန်ပြလိုက်တယ်။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now