[ လူတိုင်းလာကြပါ !!! ]

ယခင်တုန်းက လုယွင်ချန်းပါရှိနေတဲ့အတွက်ကြောင့်သာ ဒီအစီအစဉ်ထုတ်လွှင့်မှုက ရှာဖွေမှုမြင့်မားနေခဲ့တာဖြစ်တယ် ။ဒါပေမဲ့ ရှာဖွေမှုအမြင့်ဆုံးနေရာမှာဝင်နေတဲ့ ခေါင်းစဉ်ကတော့ လူရွေးပွဲအကြောင်းမဟုတ်ဘဲ " ရှန်းလုရဲ့ လုယွင်ချန်း " လို့ဖြစ်နေခဲ့တယ်။

ဒါပေမဲ့အခုတော့ ရှန်ယန်းရဲ့ ဖျော်ဖြေမှုကြောင့် လုယွင်ချန်းရဲ့ရေပန်းစားတဲ့ရှာဖွေမှုအောက်မှာ နောက်ထပ်ရေပန်းစားတဲ့ရှာဖွေမှုရှိလာခဲ့တယ်။ရှန်ယန်းရဲ့နာမည်ကို mentionထားတာမျိုးမရှိပေမယ့် သူမက ရှာဖွေမှုအမြင့်ဆုံးနေရာမှာရှိနေဆဲပဲ။

တဖြည်းဖြည်းနှေးသွားခဲ့တဲ့နာမည်က ထိုခဏအတွင်းမှာဘဲ နောက်တဖန်ထပ်ပြီး တဟုန်ထိုးတက်လာခဲ့ပြန်တယ် ။

ဝမ်ဖန်းက ရှန်ယန်းရဲ့အဆင့်ကိုကြည့်ပြီး အေးခဲနေခဲ့တယ်။သူ့ဆီကဘာစကားမှတောင်မကြားရတော့သလို သူ့ပုံစံကလည်းအနည်းငယ် ရယ်စရာဖြစ်နေခဲ့တယ်။

ရှန်ယန်းက အံ့အားသင့်စရာကောင်းလောက်အောင် အလားအလာတွေအများကြီးရှိနေတာလား ?

ah...ရှန်ယန်းက နောက်ထပ်နေရာတစ်ခုကို ထပ်ပြီးထပ်သွားပြန်ပြီပေါ့ ။

ရှန်ယန်းက ကျန်းရုံရဲ့ အင့်(30)ကိုလည်း ကျော်ဖြတ်သွားခဲ့တယ်။

"ဒါဆို...ရှန်ယန်းကအနုပညာလောကထဲမှာ နာမည်ရနေပြီလို့သတ်မှတ်လို့ရနေပြီပေါ့...ah"

ဝမ်ဖန်းကအလွန်အံ့အားသင့်နေခဲ့တယ် ။

ထိုစကားကိုပြောချိန်မှာ ဝမ်ဖန်း သူ့ကိုသူဝေဝေဝါးဝါးနှင့်ပြောနေတာဖြစ်တယ်။

ခဏလေး ....သူအခုဘာပြောလိုက်တာလဲ?

ရှန်ယန်းသာ ဒီပြိုင်ပွဲကြီးမှာပထမနေရာကိုရရင် သူကီးဘုတ်တစ်ခု စားပြမယ်လို့များပြောခဲ့မိသေးလား?

အဲ့ဒီအချိန်မှာပဲ လူအုပ်ထဲက လူတစ်ယောက်ကအော်ပြောလိုက်တယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)जहाँ कहानियाँ रहती हैं। अभी खोजें