ရှန်ယန်းအနေနဲ့ သူမအဆင့်နဲ့ပက်သက်ပြီး စိတ်ဝင်စားမှုမရှိတော့ပေ ။

ပြိုင်ပွဲပြီးဆုံးရန်နှင့်မဲပေးဖို့ နာရီဝက်ပဲကျန်တော့တဲ့အချိန်မှာတော့ ရှန်ယန်းရဲ့နာမည်က ၁၅နေရာတွင်ရပ်တည်နေပြီ။

ဒါပေမဲ့ ရှန်ယန်းရဲ့နာမည်က အရှေ့သို့တက်နေတုန်းပဲ ! ။

ကျန်းရုံက ရှန်ယန်းအား ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။ သူမက ပထမအဆင့်မှာ ရှန်ယန်းဖယ်ထုတ်မခံရရင်တော့ ကောင်းလိမ့်မယ်လို့တွေးထားခဲ့တာ။

ဒါပေမဲ့ ရှန်ယန်းက ဒီအဆင့်ထိရောက်နိုင်လိမ့်မယ်လို့တော့သူမ မမျှော်လင့်ခဲ့မိဘူး ။ သူမမှာ ကောင်းမွန်တဲ့ fanbaseတွေရှိနေတာတောင် အဆင့်(30)မှာဘဲရှိသေးတယ်။

ပြီးတော့ နောက်ဆုံးမှပေါ်လာတဲ့ ရှန်ယန်းက အံ့သြစရာကောင်းစွာနှင့် အချိန်တိုအတွင်းမှာ အဆင့် ၁၅နေရာကို ရရှိခဲ့တယ် ။ နောက်ပြီး အချိန်ကနာရီဝက်တောင်ကျန်သေးတယ်လေ ။ သူမက ဘယ်လောက်ထိတောင်ဆက်သွားဦးမှာလဲ ။

အစီအစဉ်တင်ဆက်သူက မိုက်ခရိုဖုန်းကိုယူပြီးမေးလာခဲ့တယ် ။

" ရှန်ယန်း မင်းအခုဘယ်လိုခံစားရလဲ ? "

ကင်မရာက ရှန်ယန်းဘက်သို့လှည့်လာတာကြောင့် သူမကမျက်လုံးများကိုအနည်းငယ် ပင့်တင်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

" ပြိုင်ပွဲဝင်အယောက်၁၀၀အတွင်း ရှိနေသရွေ့ ကျွန်မထပ်ပြီးတိုးတက်နိုင်တယ် "

တိုက်ရိုက်ထုတ်လွှင့်မှု့စတာနဲ့ ထင်မြင်ချက်ပေးတဲ့ပေးတာတွေက ပြန်လည်အသက်ဝင်လာတယ်။
[ Ah. ..ah ah. .ah. .... ငါက ဒီရှန်ယန်းလို့ခေါ်တဲ့မိန်းမပျိုလေးရဲ့ fan ပဲ !!! ]

[ လှလိုက်တာ ..]

[ အရမ်းတည်ငြိမ်တာပဲ ]

[ ဒီမိန်းကလေးကအရမ်းမိုက်တယ်.. လူတိုင်း ဒီမိန်းကလေးကိုပဲ မဲပေးကြပါ .. ဒီမိန်းကလေးရဲ့ အင့်(10)ထိတက်သွားတာမြင်ချင်တယ် Ah...........!! ]

[ novel fan တစ်ယောက်အနေနဲ့ နံပါတ်တစ်အမျိုးသမီးဇာတ်ဆောင်ရဲ့နေရာက ရှန်ယန်းနဲ့အရမ်းသင့်တော်တယ်လို့ ငါထင်တယ် ]

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now