စုရှောင်ပေါင် : "စတိုးဆိုင်တွေရဲ့တံခါးဝမှာ ချိတ်ထားတဲ့ နှစ်ကူးအလှဆင်ပစ္စည်းတွေနဲ့ တူနေတာကြီးကို"

ရသခံစားမှု အတော်လေး အားနည်းတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်တဲ့ စုရှောင်ပေါင်က အဓိကအားဖြင့် စုပေဝယ်ပေးထားတဲ့ '‌အဲ့ဒီ' စပယ်ရှယ် အတွင်းခံဘောင်းဘီကြီးကို သူဝတ်ဖို့ ဖိအားပေးခံထားရတာကြောင့် အနီရောင်တောက်တောက်တွေအပေါ် ရှင်းပြလို့မရနိုင်တဲ့ ငြင်းဆန်လိုမှု အရိပ်အယောင် အနည်းငယ် ရှိနေတာဖြစ်တယ်။

ချင်ရှောက် : နှစ်ကူးဆို‌တော့။ ဒီငနာကောင်လေးကို ထထိုးပစ်ချင်တဲ့စိတ်ကို သူထိန်းချုပ်ထားရမယ်။

"ဒါမှ လပ်ကီးဘေဘီဖြစ်မှာပေါ့!" စုပေ စုရှောင်ပေါင်ရဲ့လက်မောင်းကို ဆွဲလိမ်ပစ်လိုက်တယ်။

Mr.ချင်လည်း အဝတ်အစားလဲပြီးပြီဖြစ်တယ်။ ဒီနေ့မှာတော့ သူက အဖြူရောင်ရိုးရိုးရှပ်အင်္ကျီနဲ့ စုပေ သူ့ကိုစည်းပေးထားတဲ့ အနီရောင်လည်စည်းကို မီးခိုးရောင်ရင့်ရင့်ဆွယ်တာနဲ့ တွဲဖက်ဝတ်ဆင်ထားခဲ့တယ်။ ပုံမှန်ဝတ်နေကျ business suit လိုမျိုး တည်ကြည်လေးနက်ပြီး အေးတိ‌အေးစက်ပုံပေါက်မနေဘဲ ယနေ့ Mr.ချင်က ငယ်ရွယ်ပြီး ပေါ့ပါးဟန်ရှိလှတယ်။

စုပေ Mr.ချင့်ကို တောက်ပရွှန်းလဲတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမိတယ်။ 'ဖေဖေ ပိုငယ်တဲ့ပုံ‌ပေါက်သွားတယ်' ဆိုတဲ့စကားကိုတော့ သူမ အလွန်အမြော်အမြင်ကြီးစွာနဲ့ ထုတ်‌မပြောခဲ့ချေ။

"ဖေဖေ ဒီနေ့ တအားကြည့်ကောင်းတာပဲ!"

သူ့သမီးလေးရဲ့ချီးကျူးစကားကိုကြားလိုက်ရတော့ Mr.ချင် ပြုံးမိသွားတယ်။

စုရှောင်ပေါင်လည်း Mr.ချင့်ကို တစ်ချက်ကြည့်လိုက်တယ် : မဆိုးပါဘူး။

ဒါပေမဲ့ အဲဒါနဲ့စာရင် သူ တစ်ခြားဟာကို ပိုပြီးသိချင်မိတယ်။ သူ့အဖေအိုကြီးက စုပေဝယ်ပေးထားတဲ့လည်စည်းကို ဝတ်ထားတယ်ဆိုတော့ သူပေးတဲ့ ပုံဆိုးပန်းဆိုးအတွင်းခံဘောင်းဘီကိုရော သူဝတ်ထားရဲ့လား?

သေချာတာကတော့ Mr.ချင်က စုရှောင်ပေါင်အား အတည်ပြုရန် အခွင့်အရေးပေးလိမ့်မည်မဟုတ်ချေ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now