အိပ်ခန်းထဲကနေ တအင်းအင်းနဲ့
အပျင်းကြောဆန့်သံတွေအရ
အမူးသမားနိုးလာပြီထင်။"နိုးရင်လဲ မနက်စာလာစားချည်!"
ခဏနေတော့
ထယ်ယောင်းနောက်ကိုရောက်လာကာ
ခါးလေးကိုဖက်လို့ပုခုံးပေါ်မေးတင်၍
ငိုက်မြည်းနေပြန်သည်။"ကဲ အမူးသမား ကျောင်းသွားရမယ်
မျက်နှာသွားသစ်ချည်""မောနင်း အသည်းလေး"
ကိုယ်ပြောတာတခြား သူပြန်ဖြေတာတခြား။
"ငါပြောတာရော ကြားရဲ့လား
မျက်နှာသစ်တော့ ဒါမှမဟုတ်လဲရေချိုး""အာဘွားပေးမှ ချိုးမယ် အာဘွား.."
"အမူးသမားကိုအာဘွားမပေးချင်ပါဘူး"
"မပေးလဲ ကိုယ့်ဟာကိုယ်ယူတယ်ကွာ"ဆိုပြီး
ပြွတ်စ်ခနဲနှုတ်ခမ်းကိုဖိနမ်းကာ
ရေချိူးခန်းထဲပြေး၀င်သွားသည်။
ရုတ်တရက်မို့ထယ်ယောင်းလဲ
ကြောင်တောင်တောင်လေးဖြစ်သွားသည်။"ဟ ဒီကောင်ကတော့!"
-royal camellia-
ရေချိူးခန်းထဲရောက်တော့
ဂျောင်ကုကြည်နူးစွာပြုံးမိသည်။
နောက်တော့Mr.kimရဲ့စကားတွေကြောင့်
အပြုံးပြန်ပျောက်သွားသည်။'ဟူး..အချစ်ရေ ကိုယ်တို့ဒီလိုလေး
နေ့တိုင်းနေနိုင်ဖို့ ခဏစောင့်ပေးပါ
ကိုယ်ပြန်လာခဲ့မယ်'၁နှစ်အတွင်း ဘာမဟုတ်တဲ့ကောင်က
Kim Groupကိုေထာက်ပံ့ဖို့
ဘယ်လိုဖြစ်နိုင်မှာလဲလို့
ခင်ဗျားတွေးထားတယ်မလား။ကျွန်တော်သာဖြစ်ချင်ရင်လေ
၁နှစ်မဟုတ်၁လနဲ့တင် အေးဆေးလေး
ခင်ဗျားKim Groupကိုသိမ်းလို့တောင်ရတယ်။
ဘယ်သူ့ပေါ်မှအကြွေးမတင်ချင်လို့သာ။
'အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့'ဆိုတာကြားဖူးမှာပါ။ကြည့်ရတာ 'ဝှက်ဖဲ'ကိုထုတ်သုံးဖို့
အချိန်ကောင်းပဲ။တော်၀င်ပန်းလေးကို
ချစ်ခဲ့ထဲကဒါမျိုးတွေအတွက်ကျွန်တော့်မှာ
'ဝှက်ဖဲ'ဆိုတာရှိထားပြီးသား။
•chapter-16•
Beginne am Anfang