part-(22)Zawgyi

1.8K 23 0
                                    

" အချစ်ရေး အချစ်ရာ "

အခန်း-(22)

နွေရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီမို့ နေ့
လည်ခင်းက အတော်အသင့်တော့ပူလာခဲ့ပြီ..။
မွန်းလွဲတစ်နာရီခန့်မို့ ကားအသွားအလာတွေ
လဲကျဲပါးကာ ကတ္တရာလမ်းမထက် ကုက္ကိုရွက်
ခြောက်တို့ကသာ ရှပ်တိုက်ပြေးလွှားနေ၏။
ဒီနေရာက ကားလမ်းလေးခုဆုံရာမို့ ကားသမား
တွေရဲ့ ပါးစပ်ထဲမှာတော့ ' လေးလမ်းဆုံ ' ဟု
သာခေါ်ဖြစ်ကြပြီး နောက်ပိုင်းတွင်တော့
ဒီနေရာ၏ နာမည်တစ်ခုလို တွင်သွားခဲ့၏။
လေးလမ်းဆုံ၏ မနီးမဝေးအကွာအဝေးလောက်
တွင် ကုက္ကိုပင်ကြီးတစ်ပင်ရှိပြီး ထိုကုက္ကိုပင်
ဘေးဘက်တွင် အဖြူရောင်နှင့် အပြာရောင်တို့
ဖြင့် ဆေးသုတ်ထားသော ' sunlight ' အမည်ရှိ
ဆီဆိုင်ကြီးတစ်ဆိုင် ဖွင့်ထား၏။
ဒီနေရာက ရွာဘက်တွေနှင့်ရော မြို့ဘက်တွေ
နှင့်ပါ နှစ်ဖက်စလုံးနီးသည့်နေရာမို့ ကားသက်
သက်တင်မက ဆိုင်ကယ်တွေရော ထွေလာဂျစ်
တွေပါ ဆီဖြည့်ကြလေသည်။
' လေးလမ်းဆုံ ' မှာ ခရီးသည်တွေလည်း ဆင်း
ကြတာကြောင့် ပြေးဆွဲနေသောကားတိုင်း
' sunlight ' မှာပင် ပင်တိုင်ဆီဖြည့်ကြတာများ
၏။
' sunlight ' ဆီဆိုင်၏ မျက်နှာချင်းဆိုင် ကား
လမ်းဘက် မျက်စောင်းထိုးထောင့်တွင် ဆိုင်
ကယ် ကယ်ရီလိုက်သည့် ကယ်ရီဂိတ်လည်းရှိ
တာမို့ ကယ်ရီသမားများကလည်း ' sunlight '
မှာသာ ဆီဖြည့်ကြလေ၏။
ပြီးတော့ သူရိန်ကလည်း အရင်ကလိုဂျစ်ကန်
ကန်မဟုတ်တော့ဘဲ တကယ့်စီးပွားရေးသမား
စစ်စစ်ကြီးနှယ် အကုန်လုံးကို ပေါင်းသင်းထား
တာမို့ ကားသမားတွေရော ကယ်ရီသမားတွေ
နှင့်ပါ တကယ့်ကို တရင်းတနှီး..။
သူရိန်က ဆိုင်ခွဲနှစ်ခုကိုလည်း လှည့်ပတ်သွား
နေရတာမို့ ' sunlight' မှာ အချိန်ပြည့်တော့
ရှိမနေနိုင်..။
ဒါပေမယ့် ဝန်ထမ်းချာတိတ်လေးတွေက ဆယ့်
ငါးနှစ်အရွယ် ကောင်လေးတွေမို့ သွယ်သွက်
လက်လက်နှင့် ခိုင်းရတာအဆင်ပြေကာ လူ
ရည်လည်နေပြီဖြစ်တာကြောင့် ပေါင်းသင်းဆက်
ဆံရေးလည်း ပါးနပ်၏။
ပင်တိုင်ဆီဖြည့်သည့်လူတွေနှင့်လည်း အဆင်
ပြေအောင်ပေါင်းတတ်တာကြောင့် ကားသမား
တွေကလည်း သူရိန်မရှိသည့်တိုင် ရယ်ရယ်
မောမောပြောဆိုရင်း ဆီဖြည့်သွားကြတာချည်း
ပင်..။
ဒါကြောင့်ပင် ဒီဘက်တစ်ဝိုက်မှာ ' sunlight '
ဆိုတာ နာမည်ကြီးနေတာပေါ့..။

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now