part-8(zawgyi)

1.6K 20 0
                                    

" အချစ်ရေး အချစ်ရာ "

အခန်း-(8)

" အေး...ကောင်းတယ်...စားချိန်သောက်ချိန်
တော့ ပြန်လာသေးတာပဲ..."

နောက်ပါးမှ ဦးနေနိုင်ဦးအသံကြောင့် သူရိန်
ပါးစပ်ထဲထည့်မည့် ထမင်းဇွန်းကိုပြန်ချလိုက်မိ
သည်။

" လူဆိုတာ ပခုံးနှစ်ဖက်ကြားခေါင်းပေါက်နေရုံနဲ့
လူလို့မသတ်မှတ်နိုင်သေးဘူးကွ...မိဘခူးခပ်
ပေးတဲ့ ထမင်းကို အဆင်သင့်စားပြီး...ဆန်
ဘယ်ကရ ဆန်အိုးထဲကရ ဆိုတာလောက်ပဲ သိ
နေသေးသရွေ့...မင့်ဘာသာမင်း ကုဋေရှစ်ဆယ်
သူဋ္ဌေးသားလောက်တောင် ချမ်းသာစေအုံး
တော့...တစ်နေ့ကျ ခွက် လက်ဆွဲပြီးတောင်းစား
ရမှာပဲ..."

" ဆုံးမစရာရှိလဲ ထမင်းစားပြီးတဲ့အထိ စောင့်
နေပေးပါအုံးလား...ခုတော့ အစားတစ်လုတ်
တုတ်တစ်ချက်ဆိုသလိုမျိုးဖြစ်နေပြီ..."

" ဘာ..."

သူရိန့်စကားကြောင့် ဦးနေနိုင်ဦး ဒေါသထွက်
ကာ အနားရောက်လာ၏။
သား ဖြစ်သူကို မျက်မှောင်ကုတ်ကြည့်လိုက်ရင်း...

" မင်းကများ ပြောရသေး...စားတဲ့အချိန်ဆူတော့
ဆူတယ်ပေါ့...မင်းကို ဒီအချိန်ကလွဲပြီး ဘယ်
အချိန်များဖမ်းမိခဲ့လို့လဲ..."

" အိပ်တဲ့အချိန်လည်း ကျွန်တော်ရှိနေသားပဲ..."

" ဟိတ်ကောင်..."

ဦးနေနိုင်ဦး ဒေါသတွေအလွန်အမင်းထိုးတက်
သွားသော်လည်း ဆက်မပြောဘဲ ချုပ်တည်း
လိုက်တော့၏။
မဟုတ်ရင် စားသောက်နေချိန် ကိုယ်ကမသိ
တတ်ဘူး ဖြစ်လာအုံးမယ်..။

သူရိန်ကတော့ ထမင်းစားခြင်းကိုလက်စသတ်
ကာ ဇွန်းကို ပြန်ချထားလိုက်သည်။

" ကျွန်တော် ခုလိုတွေနေနေတာ မိဘချမ်း
သာတာကို အားကိုးပြီးတော့မဟုတ်ဘူး...
ကျွန်တော့်မှာ ကြိုးစားချင်စိတ်တွေဖြစ်လာခဲ့ရင်
လဲ မိဘအဆင်သင့်ခင်းပေးထားတဲ့ လမ်း
ဟောင်းကြီးတစ်ခုကို ဘယ်တော့မှဆက်
မလျှောက်ဘူး...ဘာဖြစ်လို့လဲဆိုတော့ ကျွန်
တော့်မှာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်...အဖေ
မမေ့ပါနဲ့...ကျွန်တော်က သူရိန်နေမင်း..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now