part-16(zawgyi)

1.4K 24 0
                                    

" အချစ်ရေး အချစ်ရာ "

အခန်း-(16)

" သမီး မအိပ်သေးဘူးလား..."

ပိုပို ကုတင်ပေါ် ငုတ်တုတ်လေးထိုင်ရင်း ငိုင်
တွေနေရာမှ ရုတ်တရက် ထွက်ပေါ်လာသော
အသံကြောင့် ဆတ်ကနဲဖြစ်သွားမိ၏။
ဒေါ်သက်သက်မူက တံခါးကိုတွန်းဖွင့်ပြီး အထဲ
ကို ဝင်ရောက်လာသည်။

" ဟုတ်...အိပ်တော့မလို့ပါပဲ မေမေ..."

သူမစကားကြားတော့ မေမေက အပြုံးနှင့်ခေါင်း
ညိတ်လေ၏။

" မေမေထင်တဲ့အတိုင်းပဲ...ပြတင်းပေါက်ကြီး
တွေ ပွင့်လျက်သားပါလား...မိုးတွင်းဆိုတော့
ခြင်ပေါတယ် သမီးရဲ့...တံခါးတွေဖွင့်မထားနဲ့...
လေတိုးတော့ နေမကောင်းဖြစ်တတ်တယ်..."

ပြောပြောဆိုဆို ပြတင်းပေါက်တွေလိုက်ပိတ်ပြီး
ဂျက်ချနေလေ၏။

" ဟုတ်...သမီးပိတ်မှာပါ..."

" စိတ်မချပါဘူးကွယ်...လူက မေ့တတ်ပုံမျိုးနဲ့..."

အပြစ်တင်တာမျိုးမဟုတ်သည့် ရေရွတ်ခြင်းမျိုး
နှင့်ဆိုရင်း အနားရောက်လာ၏။
ပိုပို့ ဆံပင်လေးတွေကို ခပ်ဖွဖွ သပ်တင်ပေး
နေရင်း...

" အိပ်ခါနီးကျ ခေါင်းကိုက်ပျောက်ဆေးလေး
သောက်လိုက်အုံးနော်...ဒီည စောစောအိပ်ပစ်
လိုက်...ဖုန်းတွေ အရမ်းမသုံးနဲ့တော့..."

" ဟုတ်..."

အရင်ကလဲ မှာနေကျပေမယ့် ဒီညမှာတော့
ပိုပို ဘာမှပြန်မပြောနိုင်ဘဲ အာစေးမိနေလေ၏။
ပြသနာတွေဖြစ်ထားတာက မနက်ပိုင်းတုန်းကမို့
ခုမှ ပူပူနွေးနွေးပင်ရှိသေးသည်။
မမပန်းနုတို့အိမ်မှ အကိုလေးထွက်ခွာသွားပြီး
နောက်ပိုင်း ပိုပိုလည်း ဘယ်သူ့ကိုမှလှည့်မ
ကြည့်ဘဲ တန်းပြန်ခဲ့တာပင်..။
ပြန်ရောက်တည်းက အပြင်လည်း တစ်ချက်မှ
မထွက်ဘဲ ဖုန်းပါစက်ပိတ်ထားလိုက်၏။
နောက်ပိုင်းကိစ္စတွေ ဘာတွေဆက်ဖြစ်ကြသေး
လဲ မသိပေမယ့် မေမေကတော့ ပြန်လာတည်း
က အေးရာအေးကြောင်းပင်..။
ပုံမှန်အတိုင်းသာ ပြောဆိုဆက်ဆံနေပြီး အဲ့ကိစ္စ
ကိုလဲ တစ်ခွန်းမှမဟခဲ့တာ ခု ညရောက်သည်
အထိ..။
တကယ်ဆို အကိုလေးနဲ့ကိစ္စကို မေမေသိသွား
တဲ့အတွက် ပိုပို့ကို ငေါက်ငမ်းအပြစ်တင်ရမှာ
မဟုတ်ဘူးလား...။
ခုတော့ အပြစ်တင်ဖို့ဝေးစွ..။
ငိုတိုင်း ခေါင်းကိုက်တတ်တဲ့ ပိုပို့အကျင့်ကိုသိနေ
တာကြောင့် ဆေးသောက်ဖို့တောင် ဂရုတစိုက်
မှာပေးနေသေး၏။
တွေးလေ တွေးလေ မိဘမေတ္တာတွေကို တရေး
ရေးသိလာလေမို့ ဖြေမဆည်နိုင်ခြင်းနှင့်အတူ
ပိုပို မျက်ရည်တွေရစ်ဝဲလာ၏။
မေမေကတော့ ပိုပို့နဖူးလေးကို တစ်ချက်နမ်း
လိုက်ရင်း...

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now