part-12(unicode)

5.4K 195 1
                                    

" အချစ်ရေး အချစ်ရာ "

   အခန္​း-(12)

မဏ္ဍပ်ကြီးက ဟီးထနေသလို ဖွင့်ထားသော
အလှူသီချင်းက တစ်ရွာလုံးသို့ ဟိန်းပျံံ့နေ၏။
ချက်သည့်ပြုတ်သည့် လူတွေရော အလှူပွဲလာ
ဧည့်ပရိတ်သတ်တွေရောနှင့် ကြိတ်ကြိတ်တိုး
ကာ အလှူပွဲက ထင်ထားတာထက် ခမ်းနား
နေလေသည်။
အလှူက ထမင်းကျွေးတာမို့ လူငယ်ထမင်းဝိုင်း
အဖွဲ့လဲ မနားရပေ..။
မိုးရာသီမို့ ထမင်းရုံကို မိုးကာအကြည်အုပ်ကာ
ဝါးထရံအသစ်တွေကာရံထားပြီး ရေမဝပ်စေရန်
မြေဖို့ထား၏။
အလှူမဏ္ဍပ်မှ ထမင်းရုံအထိ လမ်းတစ်လျှောက်
ကိုလဲ အမိုးဆက်ပေးထားသောကြောင့် ရုတ်တ
ရက်မိုးရွာရင်တောင် ရုတ်ရုတ်သဲသဲတော့ဖြစ်စ
ရာမရှိပေ..။
ဒါပေမယ့် ဒီနေ့ကျမှ မိုးသားကကြည်စင်နေလေ
၏။

" ကိုသန်းတိုးရေ...ထမင်းတောင်းနှစ်တောင်း
လောက်..."

ထမင်းရုံထဲမှ အပြင်ဘက်သို့လှမ်းအော်လိုက်ရာ
ကာလသားခေါင်းဖြစ်သော လူပျိုကြီးကိုသန်းတိုး
ထိုင်ခုံတစ်လုံးနှင့်ထိုင်နေရာမှ ပျာသွား၏။

" အေး..အေး...ခဏစောင့်...ငါ အပေါ်ကလူ
တွေကို လာပို့ခိုင်းလိုက်မယ်..."

မိုးရာသီမို့ ထမင်းတွေရော ဟင်းတွေပါ အကုန်
အိမ်ပေါ်တင်ထားရသဖြင့် အိမ်ပေါ်နှင့်ထမင်းရုံ
ကို ချောင်းပေါက်မတတ်ကူးသန်းနေရသည်။

" အသက်ရယ်...အစတည်းက ငါမလိုက်ချင်ပါ
ဘူးဆို...ကြည့်ပါအုံး...လူတွေက အများကြီးပဲ
...ငါက လူတွေအရမ်းများတဲ့နေရာတွေ နေ
တတ်တာမဟုတ်ဘူး..."

မျက်နှာလေးရှုံ့မဲ့စွာနှင့် လိုက်ပါလာရင်း မြယွန်း
က မကျေမနပ်ပြောနေသေး၏။
ပိုပို မချိသွားဖြဲရယ်ပြလိုက်ရင်း...

" မြယွန်းရယ်...ငါကကော လူတောတိုးဝံ့တာကျ
လို့...ခုတောင် အမျိုးတွေလဲဖြစ်...မမပန်းနုနဲ့က
လဲ အရမ်းခင်နေလို့...ဘယ်လိုမှငြင်းလို့မရတဲ့
အခြေအနေမို့ပါဟာ...ပြီးတော့ ငါက အပေါင်း
အသင်းနည်းတယ်ဟ...မခေါ်မပြောကြတာမ
ဟုတ်ပေမယ့်...ငယ်ငယ်တည်းက ကျောင်းပြီး
ရင်းကျောင်းပဲ ဆက်တက်နေရတော့ ရွာသား
တွေနဲ့ အရမ်းခင်မင်ချိန်မရှိဘူး...ကြောင်တက်
တက်ဖြစ်နေမှာစိုးလို့ပါဟာ...ပြီးတော့ မမပန်းနု
က နင့်ကိုပါ ဆက်ဆက်ဖိတ်ခိုင်းလိုက်တဲ့ဟာ...
နင်မပါတော့ ကောင်းမလား..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now