part-10(zawgyi)

1.6K 22 0
                                    

" အချစ်ရေး အချစ်ရာ "

     အခန်း-(10)

" ပိုပို...နေမကောင်းလို့ဆို..."

အသံနှင့်အတူ အခန်းထဲဝင်လာသော မမပန်းနု
ကြောင့် ပိုပို လှဲနေရာမှထထိုင်လိုက်သည်။
ပန်းနုက ကုတင်အစပ်မှာဝင်ထိုင်လိုက်ရင်း ပိုပို့
မျက်နှာလေးကို အသေအချာကြည့်သည်။
မျက်နှာလေးက နည်းနည်းချောင်ကျနေကာ မျက်
လုံးလေးတွေက ငိုထားသည့်အရှိန်နှင့် မို့အစ်နေ
၏။

" ဟင်...ဘာလို့ငိုထားတာလဲ..."

မမပန်းနုအမေးကြောင့် ပိုပို မျက်လွှာချပစ်လိုက်
ရင်း....

" ပိုပို ခေါင်းနည်းနည်းကိုက်နေလို့ပါ..."

" ဆေးမသောက်ဘူးလား..."

" မေမေလာတိုက်ပြီးသွားပြီ..."

" သြော်..."

ပန်းနုက ခေါင်းညိတ်လိုက်ရင်းမှ ပိုပို့ဘက်ကို
အပြုံးနှင့်ပြန်လှည့်လာ၏။

" သူ မသိဘူးလား...."

နာမ်စားတစ်ခုပေမယ့် ဘယ်သူ့ကိုရည်ညွှန်းမှန်း
သိနေတာကြောင့် ပိုပို နာကျင်စွာပြုံးရင်း ခေါင်း
လေးခါလိုက်မိသည်။
မျက်ရည်တွေ ချက်ချင်းဝေ့သီလာခဲ့ရင်း...

" ဟင့်အင်း...ဝမ်းသာနေမှာစိုးလို့...ဘာပဲဖြစ်ဖြစ်
ပေါ့...ပိုပိုဘယ်လောက်ကြီးပဲ ပျော့ညံ့နေပါစေ...
သူ့ရှေ့မှာတော့ ပြိုလဲမပြချင်ဘူး...အမြဲတမ်း ငိုဖို့
ပဲသိတဲ့မိန်းကလေးတစ်ယောက်မှာလဲ မာန
တော့ရှိပါသေးတယ်..."

ပိုပို့စကားတို့ကြောင့် ပန်းနု မျက်မှောင်လေး
ကုတ်သွား၏။
ဒီနှစ်ယောက် ထူးထူးဆန်းဆန်း ရန်ဖြစ်ထားကြ
တာလား..။

" စိတ်ဆိုးနေကြတာလား..."

ပန်းနုမေးတော့ ပိုပို မျက်ရည်တွေသုတ်ရင်းပြုံး
လိုက်မိသည်။

" အဟင်း...အဲ့အဆင့်တော့ မကဘူးထင်တယ်..
ဘယ်လိုပြောရမလဲ...ပိုပိုကလေ ငယ်ငယ်တုန်း
တည်းက ကိုယ့်ကိုကိုယ် အရမ်းဥာဏ်ပြေးတာ
လို့ ထင်ခဲ့ဖူးတယ်သိလား မမ...ဥပမာ ကျောင်း
ကို ထီးရော မိုးကာအင်္ကျီရော ယူသွားတတ်တာ
မျိုးပေါ့...လေတွေခပ်ပြင်းပြင်းတိုက်လို့ ထီးတွေ
လွင့်ပြီး သူများတွေမိုးစိုကုန်ချိန် ပိုပိုကတော့
ထီးလေးပိတ်..အပိုဆောင်ထားတဲ့ မိုးကာအင်္ကျီ
လေးဝတ်ပြီး အဆင်ပြေပြေနေခဲ့ရဖူးတယ်...
အဲ့အချိန်တွေတုန်းက ကိုယ့်ကိုကိုယ် အရမ်းလဲ
ချီးကျူးဖူးတယ်...ငါအရမ်းတော်ပါ့လားပေါ့...ဒါ
ပေမယ့် မနေ့ကမှသိလိုက်ရတယ်...အချစ်မှာ
တစ်ယောက်မကောင်းရင် နောက်တစ်ယောက်
ပြောင်းနိုင်ဖို့အတွက် အဆင်သင့်အပိုဆောင်
ထားတတ်တဲ့ သူ့လောက်တော့ ဥာဏ်မကောင်း
ပါလားလို့...တမင်ခွာထုတ်ချင်လို့ အကြောင်းပြ
ချက်တွေ အမျိုးမျိုးရှာနေတဲ့လူတစ်ယောက်ကို
အရမ်းချစ်မိတဲ့စိတ်နဲ့ အမြဲတမ်းအောက်ကျခံပြီး
တည်မြဲအောင်ကြိုးစားခဲ့သမျှ သူကတော့နောက်
တစ်ယောက်နဲ့ပါလား သိလိုက်ရတော့ အရမ်း
ရှက်မိတယ်..."

''အချစ်ရေး..အချစ်ရာ''Where stories live. Discover now