♥part~30♥

Começar do início
                                    

အခုကစပီ ကျန့်ကျန့် ကြိုးစားကြည့်ရတော့မည်

အရင်လိုကလေးမဆန်းတော့ဘူး...အရင်လိုလဲ မရစ်တော့ဘူး.... အရင်လိုလဲ စိတ်မကောက်တော့ဘူး...ကျန့်ကျန့် သဘောထားကြီးတဲ့ သူတစ်ယောက် ဖြစ်နိုင်ဖို့ ကြိုးစားကြည့်ရမယ်

ကျန့်ကျန့် အတွေးထဲမှာတွေးနေရင် ကားသံဝင်လာတာကြောင့် ကျန့်ကျန့် အခန်းပြတင်ပေါက်ဆီကို ပြေးသွားသည်

ဦး ပြန်ရောက်ပီ ဆိုတဲ့အသိနဲ့တင် ကျန့်ကျန့် အရမ်းပျော်နေပီ...

ကျန့်ကျန့်အတွက် ဦး ရှိနေဖို့ပဲ လိုတယ်...

ကျန့်ကျန့် အပြုံးတွေ မကြာလိုက်ရပါဘူး...ကားထဲကနေ ထွက်လာတဲ့ သူကြောင့် ကျန့်ကျန့် မျက်နှာပျက်သွားခဲ့တယ်

ဘာလို့ သူမက ဦး နဲ့အတူလာခဲ့တာလဲ...

ပီတော့ ဘာလို့သူမက ဒီအိမ်တော်ဆီကိုလာတာလဲ

ကျန့်ကျန့် ပြတင်ပေါက်ရဲ့ လိုက်ကာကို ချက်ချင်းဆွဲပိတ်လိုက်တယ်

ဟုတ်တယ်...ဝမ်ဖွားဖွားပြောတာ မှန်တယ် ကျန့်ကျန့်က ငယ်သေးတယ်....မရင့်ကျက်သေးဘူး...ဘယ်အရာကိုမှ အများကြီး မစဉ်းစားတတ်သေးဘူး....

ကျန့်ကျန့် သဘောထားကြီးနိုင် မယ်လို့တွေးထားပီ..ဘာမဟုတ်တာလေးနဲ့ ကျန့်ကျန့် ရင်ဘက်အောင့်နေပီ...

ဘာလို့လဲ ရှောင်းကျန့်...မင်းဒီလိုတွေဖြစ်နေရင် ဦးက မင်းကို စိတ်ပျက်သွားလိမ့်မယ်

ကျန့်ကျန့်လဲ ကျနေတဲ့မျက်ရည်ကို သုတ်လိုက်ကာ ဆိုဖာပေါ် လာထိုင်လိုက်တယ်

ရိပေါ် ကားပေါ်ကဆင်းဆင်းခြင် အခန်းဆီကိုမော့ကြည့်လာတယ်... အစကလိုက်ကာ ဖွင့်နေပါတယ်

ရိပေါ် ပြန်ကြည့်တော့ လိုက်ကာ ပိတ်သွားပီ

ရိပေါ် အိမ်ထဲ အမြန်ဝင်လာခဲ့တယ်

ကျွမ်းကျွမ်းလဲ အနောက်ကနေ လိုက်လာခဲ့တာပေါ့

ရိပေါ် အပေါ်ထပ် တက်မယ်လုပ်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဝမ်ဖွားဖွားရဲ့အသံကြောင့် ခြေလှမ်းတွေ ရပ်သွားတယ်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Onde histórias criam vida. Descubra agora