33.မင်းဖြစ်နေဖို့ပဲလိုတယ်

Start from the beginning
                                    

'' မဆာပါဘူး။ ဒီကောင်လေးနားကတစ်ဖွားမှမခွာဘူး ''

'' အခုမှနော် ကိုကိုက အပြောင်းအလဲ အရမ်းမြန်တာပဲ ဗျာ ''

''ဒီကောင်လေးကြောင့်ပဲလေ ဒီလိုပြောင်းလဲသွားတာ ''

'' တော်ပြီ ကလေးလည်းရနေပြီ။ အရမ်းမကဲနဲ့တော့ ။ ''

'' ကိုကို ကိုကို ''

'' ဘာလဲ ပြောလေ ''

'' ဒီနားလာ''

ခေါင်းလေးထောင်ပြီးသုခ နားကပ်သွား။

'' ကျွန်တော် ရူးပေါက်ချင်လာပြီ ''

'' ဟာဗျာ ဒါကို တိုးတိုးလေးပြောစရာလား
လာ ကိုကိုထူပေးမယ် ''

'' ရှက်စရှာကြီးလေ ကိုကိုကလည်း ''

သုခပေါ် လွှမ်းထားတဲ့စောင်တွေ ဖယ်ရှားပြီး tioletဆီ ပွေ့ချီသွားတယ်။

'' သုခ ကိုယ်မေးစရာရှိတယ် ။ ''

'' အင်းမေး လေ ''

'' ကလေးမွေးတော့လေ ဗိုက်ခွဲမွေးတယ်မလား ။ ''

'' အင်း ။ ဟုတ်တယ်လေ ဒီမှာချုပ်ရာကြီးလေ အကြီးကြီးချုပ်ထားရတာ''

''အဲ့တော့ လေ ဆရာဝန်က ဗိုက်ပဲလှန်တာလား
အကုန်လှန်တာလား ''

'' အကုန်လှန်ထားတာလေ ''

'' ဒါဆို အဲ့တုန်းက မရှက်ဘူးလား။ ဆရာဝန်ကအကုန်မြင်သွားတာလား မင်းဟာကိုလေ ''

'' ဟာဗျာ ကိုကိုကလည်း ဒီလောက်ဗိုက်နာနေတာဘယ်လိုလုပ်ရှက်နေနိုင်မလဲ''

'' ဒါဆိုဆရာဝန်က မင်းကိုအကုန်မြင်သွားမှာပေါ့။ ''

'' အင်းပေါ့ ။လူတိုင်းဒီလိုပဲမွေးရတာလေ ကျွန်တော်ဗီဒီယိုတွေမှာကြည့်ထားဖူးတယ် ''

'' အဲ့လိုမှန်းသိ ငါကိုယ်တိုင်ပဲခွဲမွေးပေးတာပေါ့ ။ အခုတော့ ငါထက်ဆရာဝန်ကပါ ကြည့်သွားသေးတယ် ''

'' ဟာဗျာ ကိုကိုရာ ။ ကိုကိုကဆရာဝန်မှမဟုတ်တာ ။ ''

'' ငါမနာလိုဖြစ်တယ် ''

'' အင်းပါအင်းပါ။ ကိုကိုကလွှဲပြီး ကျွန်တော်ဘယ်သူ့ကိုမှ မချစ်ပါဘူး နော်နော် ''

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now