Episode ♥ 28 ♥

2K 90 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕


မယ်​ အလုပ်​​တွေလုပ်​ပြီး​တော့ ဘုရားရှိခိုးကာ သားရှိရာအခန်းသို့ဝင်​လာခဲ့​လေသည်
သားကဒီ​နေ့သိပ်​မ​ဆော့ ထမင်းစားပြီးထဲက အိပ်​​နေသည်​​လေ
မယ်​ လက်​​လေးအားကိုင်​လိုက်​​တော့ ပုံမှန်​ထက်​ပူ​နေ​သော အပူရှိန်​​ကြောင့်​ မယ်​မျက်​ဝန်းတို့ပြူးကျယ်​သွားရသည်
မယ်​သားနဖူးအားစမ်း​တော့ ခြစ်​ခြစ်​​တောက်​ပူ​နေလျက်
မယ်​စိုးရိမ်​တကြီးဖြင့်
"သား.....သား"
သားကို နှိုး​ပေမယ့်​ သားကနှိုးမလား​ပေ
"မမမြတ်​ လုပ်​ပါဦး သားအဖျားတက်​​နေတာ"
မယ်​အသံ​ကြောင့်​ မြတ်​အခန်းထဲ​ပြေးဝင်​လာခဲ့ကာ သားကိုယ်​အားစမ်းရင်း
"သား​လေး...ဟယ်​ သားအဖျားကြီးပြီးသတိ​တွေလစ်​သွားတာပဲ ​ဆေးရုံပို့ရ​အောင်​မယ်​"
မယ်​ သားအား​ပွေ့ကာ​ဆေးရုံသို့စိုးရိမ်​တကြီးအ​ပြေးသွားလိုက်​မိသည်

ဆေးရုံသို့​ရောက်​​သော်
"ဆရာ...ကျွန်​မသားကိုကယ်​ပါဦး"
"အထဲကို​ခေါ်လာခဲ့ပါ"
မယ်​ ဆရာဝန်​ကြီး​တွေစစ်​​ဆေး​နေ​သောသားအားကြည့်​ကာ ငိုရှိုက်​​နေမိသည်
စိတ်​ထဲတွင်​လည်း သားအတွက်​စိုးရိမ်​ပူပန်​​နေစွာ
သားသာတစ်​ခုခုဖြစ်​သွားရင်​ မယ်​အသက်​ရှင်​နိုင်​မှာမဟုတ်​ဘူး
"မမမြတ်​ ဟင့်​ သား​လေး ဘာမှမဖြစ်​​လောက်​ပါဘူး​နော်​"
"စိတ်​​လျော့ပါမယ်​ရယ်​"
"မယ်​ကိုက ​ပေါ့ဆလွန်းတာ သားပုံကမလန်းတာကို​တောင်​ သတိမထားမိခဲ့ဘူး ဟင့်​ သားသာတစ်​ခုခုဖြစ်​ရင်​...."
"ဘာမှမဖြစ်​ပါဘူးမယ်​ရယ်​"
မြတ်​ မယ့်​ကိုသာနှစ်​သိမ့်​​နေရ​ပေမယ့်​ သားအတွက်​သူလဲစိုးရိမ်​​နေရသည်​မလား

乂⍲‿⍲乂乂⍲‿⍲乂乂⍲‿⍲乂乂⍲‿⍲乂乂⍲‿⍲乂

Partyမှာ ဝိုင်​​တွေအတင်း​သောက်​​နေ​သော နန်းထိပ်​​ထား​ကြောင့်​ ချုန်းမျက်​​မှောင်​ကြုတ်​လိုက်​ပြီး
"မင်းများ​နေပြီ"
"အဟွန့်​ နန်းနည်းနည်းပဲရှိ​သေးတာပါ တကယ်​လို့နန်းမူးသွားရင်​​တောင်​ ချုန်းရှိ​နေတာပဲ မဟုတ်​ဘူးလား"
"ကျစ်​!!!!!"
မီ ချုန်းပုခုံးအားမှီလိုက်​ပြီး
"နန်းအရမ်း​ပျော်​တာပဲ နန်းချုန်းကိုအရမ်းချစ်​တာ ချုန်းအတွက်​ဆိုအကုန်​လုပ်​ရဲတယ်​"
ချုန်း သူ့အားဟိုထိဒီထိလုပ်​​နေ​သော နန်းထိပ်​ထား​ကြောင့်​ စိတ်​ရှုပ်​စွာ နန်းရဲ့လက်​က​နေတွဲလိုက်​ပြီး
"မင်းမူး​နေပြီ ပြန်​သင့်​​နေပြီ"
ချုန်း Partyက​နေ နန်းအားဆွဲ​ခေါ်လာခဲ့မိသည်
ကားပါကင်​တွင်​ ချုန်း မီအားကားထဲဝင်​ခိုင်းရန်​တံခါးဖွင့်​​ပေး​နေစဉ်
"ချုန်း"
နန်း ချုန်းအားကား​ဘော်​ဒီ​ထက်​ကပ်​​စေကာ လက်​​တွေကချုန်းအင်္ကျီရင်​ဘတ်​ကြယ်​သီး​နှစ်​လုံးအားဖြုတ်​ကာ လက်​​တွေအားချုန်းရင်​ဘတ်​ထက်​​ရွေ့လျား​စေရင်း
"နန်း ချုန်းနဲ့အတူရှိ​ချင်​တယ်​"
"မင်း....."
"မကြာခင်​မှာ နန်းတို့ကလက်​ထပ်​​တော့မှာပဲ​လေ"
"ငါမင်းကိုထပ်​စိတ်​မပျက်​ချင်​ဘူး နန်းထိပ်​ထား"
သို့​ပေမယ့်​ မီ ချုန်းစိတ်​ပါလာ​အောင်ပြုမူမိရင်း
မီ ​ချုန်းရဲ့နှုတ်​ခမ်းအား ​ခြေဖျား​ထောက်​ကာနမ်းလုဆဲဆဲ
📱Ring.....Ring📱
ချုန်း နန်းအားတွန်းထုတ်​လိုက်​ပြီး ဖုန်းကိုင်​လိုက်​၏
"ဟဲလို"
"......."
"ဘာ!!!!!ငါအခုချက်​ချင်းလာခဲ့မယ်​"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now