⛈️⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်တော်အတိုင်း💕Episode ♥ 19 ♥
နောက်ရက်ကျ မယ်တို့စံအိမ်ပြန်လာခဲ့တယ်
ဦးချုန်းရဲ့ဇနီးလောင်းကတော့ မယ့်ကိုမကြည်မှန်းအကြည့်တွေကနေသိသာတယ်လေ
ဒါပေမယ့် သူလဲသူ့အလုပ်နဲ့သူဆိုတော့ အရင်ထက်စာရင် မယ့်အတွက်တော်သေးတယ်ဆိုရမလား
ဦးချုန်းက ဒီရက်ပိုင်း အလုပ်မသွားပဲ အလုပ်တွေကိုစံအိမ်ကနေပဲ ညွှန်ကြားနေတော့ မယ်ဦးချုန်းနားမှာနေလို့ရလို့အရမ်းပျော်တာပဲ
မယ် ဦးချုန်းအလုပ်လုပ်နေသည့်နားကုပ်ကုပ်လေးထိုင်ကာ ဦးချုန်းမျက်နှာကိုတစ်ဝကြီးငေးမောနေရတာကို အရမ်းကြိုက်တာ
"ဘာလို့ကိုယ့်ကိုအဲ့လောက်ကြည့်နေတာလဲ"
"ကြည့်ချင်လို့"
"ကိုယ့်အသည်းယားအောင်လာလုပ်နေတာလား"
ချုန်းပြောရင်း သူမနှုတ်ခမ်းလေးအားလှမ်းနမ်းလိုက်သည်
"အင်း....ကိုယ်မပူတေါ့ဘူးပဲ"
မယ် သူနမ်းသွားသော နှူတ်ခမ်းလေးအားလက်ဖြင့်စမ်းကာ
"ဘာလို့မယ့်ကိုနမ်းတာလဲ"
"ကိုယ်ပူမပူစမ်းကြည့်တာ"
မယ် ကိုယ့်နှုတ်ခမ်းကိုယ်စမ်းရင်းမှ
"အဲ့တာ နဖူးစမ်းလေ"
ချုန်း သူမဘက်လှည့်ကာ ပြုံးလိုက်ပြီး
"နဖူးကို သွယ်ဝိုက်ပြီးနမ်းခိုင်းနေတာလား လာခဲ့"
မယ် ဦးချုန်းရဲ့အဝေးကို ဆုတ်လိုက်ကာ
"ဦးချုန်းနော်"
"အဟွန့်"
ဒေါက်....ဒေါက်✊
"ဝင်ခဲ့"
ချုန်းအမိန့်သံအဆုံးမေခင်က ကော်ဖီဗန်းလေးအားကိုင်ကာ ရောက်လာခဲ့သည်
"သခင်လေးအတွက်ကော်ဖီလာပို့တာပါ"
မယ် မျက်ဝန်းဝိုင်းလေးဖြင့်
"မယ့်အတွက်ရော"
မေခင်ချုန်းဘက်လှမ်းကြည့်တော့မယ့်အားကြည့်ကာ ခေါင်းယမ်းလိုက်သောချုန်း
မေခင်ပြုံးရင်း နွားနို့ခွက်လေးနဲ့ ကွတ်ကီးလေးတွေအားချပေးကာ
"မယ်လေးက နေကောင်းပျောက်ခါစဆိုတော့နို့လေးသောက်လိုက်နော်"
"ဟင့်အင်း မသောက်ချင်ပါဘူး မယ်ကရှောက်သီးသုပ်စားချင်တာ"
"မရဘူး မင်းဆေးသောက်ရဦးမယ်"
ချုန်း ဝင်ကာပြောလိုက်လျှင် ထုံးစံအတိုင်းနှုတ်ခမ်းလေးစူကာ
"မယ် နေကောင်းပျောက်နေပါပြီ ဦးချုန်းရဲ့"
"မရဘူး"
ဦးချုန်းကိုပြောလျှင် မရဘူးမှန်းသိကာ မယ်မေခင့်လက်အားဆွဲလိုက်ပြီး မျက်နှာငယ်လေးဖြင့်
"ကြီးမေနော်ပါ မယ်နေမကောင်းထဲက အစားကောင်းကောင်းစားရဘူး ဦးချုန်းကြီးကအရမ်းစိတ်ပုတ်တာပဲ"
"ငါ့ရှေ့မှာ ငါ့မကောင်းကြောင်းပြောရဲသေးတာပေါ့"
မယ် ဦးချုန်းဘက်လှည့်ကာ လျှာလေးထုတ်ပြလျှင်
"မေခင်ကြည့် ခုအရမ်းဆိုးလာတာ ခလေးငယ်လို့ကခေါ်ရင်မကြိုက်ဘူး လုပ်နေတာကခလေးပေါက်စလိုပဲ"
မေခင်ပြုံးကာ စိတ်ထဲကနေတော့
"သခင်လေး အလိုလိုက်လို့မယ်လေးကဆိုးနေတာပါ"လို့ မှတ်ချက်ပေးရင်း
"သခင်လေးစကားနားထောင်လိုက်ပါ မေခင်လဲသခင်လေးကိုကြောက်ရတယ်လေ"
"ဟင့်....ကြီးမေကလဲ"
"မေခင် လုပ်စရာရှိတာသွားလုပ်ဦးမယ်နော်"
YOU ARE READING
⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️<ÖR>💕ဦးရဲ့အမိန့်တော်အတိုင်း💕
Romance"ဆေးလိပ်တွေ အရက်တွေမကောင်းတော့ရော ဘာဖြစ်လဲ အနည်းဆုံးတော့ အိပ်မပျော်တဲ့ညတွေအဖော်ပြုပေးနိုင်တယ် မင်းတောင်ကိုယ့်အနားမှာရှိနေပေးလို့လား ကိုယ့်အနားကထွက်ခွာမသွားဘူးလို့ ကတိပေးခဲ့တာမင်းပါ အဲ့ကတိကိုဖျက်ပြီးအနားကထွက်သွားတာလဲမ...