Episode ♥ 17 ♥

1.3K 56 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 17 ♥

မီ ခြံဝန်းထဲက ခုံ​​လေး​ပေါ်မှာထိုင်​​နေရင်း
"​ကော်​ဖီ​သောက်​ချင်​တယ်​"
အနားမှာ အသင့်​ရပ်​​နေ​သော​ကောင်​မ​လေးအား​ပြောလိုက်​​တော့
"ဟုတ်​ကဲ့"
"နတ်​မိမယ်​ကို လာ​ပေးခိုင်းလိုက်​ပါ"
"ဟုတ်​...ဟုတ်​"

မယ်​ မီးဖိုခန်းထဲ ​မေခင်​တို့အားကူရင်းစကားစမြည်​​ပြော​နေလျက်
ထိုစဉ်​ အ​ပြေးအလွှား​ရောက်​လာ​သော ​အကူမိန်းက​လေး
"မမ​လေး ဟို သခင်​မ​လေးက​ကော်​ဖီ​သောက်​ချင်​လို့ပါတဲ့"
"အဲ့တာဘာလို့မယ်​​လေးကို လာ​ပြော​နေရတာလဲ သွားပို့လိုက်​​လေ"
ကြီး​မေ​ပြောလိုက်​​သော်
"အဲ့တာ မမ​လေးကိုပို့ခိုင်းဖို့​ပြောလိုက်​တာမို့ပါ"
မေခင်​က စိုးရိမ်​တကြီးဖြင့်
"​မေခင်​သွားလိုက်​မယ်​​တော်​ကြာ ပြသနာရှာ​နေရင်​သခင်​​လေးကမရှိဘူး"
"ရပါတယ်​ မယ်​ကိုပို့ခိုင်းမှ​တော့မယ်​ပဲသွားပို့လိုက်​ပါ့မယ်​"
"ဖြစ်​ပါ့မလားမမ​လေးရယ်​"
"ဖြစ်​ပါတယ်​ ကြီး​မေရဲ့ ဘာမှစိတ်​ပူမ​နေနဲ့"
မယ်​ ​ကော်​ဖီအား​ဖျော်​ကာ ခြံထဲသို့လာခဲ့လိုက်​သည်
"သခင်​မ​လေးရဲ့​ကော်​ဖီရပါပြီ"
မယ်​နန်း​ရှေ့​ကော်​ဖီခွက်ေ​လးချကာ ပြန်​လှည့်​ထွက်​ဖို့ပြင်​လိုက်​လျှင်​ပဲ
"​ဖြေး​ဖြေး​ပေါ့ တို့ကမင်းကိုမကိုက်​စားပါဘူး"
"ရှင်​"
"ခဏထိုင်​ပါဦး"
"အာ....ဟုတ်​"
မယ်​ သူနဲ့မျက်​နှာချင်းဆိုင်​ဝိုင်းမှာဝင်​ထိုင်​လိုက်​ရသည်
သို့​ပေမယ့်​ အ​နေ​တော့ခက်​လှစွာ
"မင်းနာမည်​က နတ်​မိမယ်​​နော်​"
"ဟုတ်"
"တို့ကို​တော့သိတယ်​မလား.ချုန်းရဲ့ဇနီး​လောင်း​လေ"
"ဟုတ်​"
"မင်း ချုန်းနဲ့အတူ​နေတာ ဘယ်​​လောက်​ရှိပြီလဲ"
"ရှင်​"
"ဘာမှအံ့သြစရာမလိုပါဘူး တို့ကသ​ဘောထားမ​သေးသိမ်​ပါဘူး တို့ဒီမှာမရှိတဲ့အ​တောအတွင်းချုန်းကို ဂရုစိုက်​​ပေးခဲ့လို့​ကျေးဇူးပါပဲ မင်းကလဲ မဆိုးဘူးပဲ ချုန်းကအားလုံးထဲမှာမှ မင်းကိုပိုတယ်​​နော်​"
"မ...မဟုတ်​ပါဘူး"
"မင်းသိလား ဘုရင့်​နန်း​တော်​စံအိမ်​ရဲ့ သခင်​​လေးအ​နေနဲ့ အ​ပျော်​မယားရှိတာမဆန်းပါဘူး ဒါ​ပေမယ့်​ ဘုရင့်​နန်း​တော်​စံအိမ်​ရဲ့ သခင်​မ​လေးဖြစ်​လာမယ့်​သူက ပညာအရည်​အချင်း မိသားစုအသိုင်းအဝိုင်း ရုပ်​ရည်​ အဲ့တာ​တွေပြည့်​စုံမှဖြစ်​နိုင်​မှာ မင်းလိုအ​ပျော်​မယားက​တော့ ဘယ်​နားကမိန်းက​လေး​ကောက်​​ခေါ်​ခေါ်ရတယ်​​လေ အဟင်း"
ထို နန်းထိပ်​ထားဆိုတဲ့ ဦးချုန်းရဲ့​ဇနီး​လောင်းစကား​​တွေက မယ့်​ရင်​ထဲကို တိုက်​ရိုက်​လာထိမှန်​သည်
အစထဲကသိမ်​ငယ်​စိတ်​များစွာက ခု​တော့ပိုပြီးသိမ်​ငယ်​သွားရသည်​မလား
သူ​ပြောတာမှားမှမမှားတာ
မယ်​နဲ့ ဦးချုန်းကဘယ်​လိုမှလိုက်​ဖက်​မှုမရှိတဲ့သူ​တွေ
ပြီး​တော့ မယ်​ကပညာအရည်​အချင်းက​လည်း​အောက်​ဆုံး
မိသားစုကလဲဆင်းရဲ​သေးသည်
သူ​ပြောတာမှန်​ပါတယ်
ဦးချုန်းက မယ်​ဘယ်​​တော့မှ လှမ်းမမှီတဲ့​နေမင်းကြီးလို​ပေါ့
ဖမ်းဆုပ်​ထားလို့လည်းမရဘူး
ငေးကြည့်​ဖို့ပဲ​လေ ကွာခြားလွန်းလှတာကို

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now