Episode ♥ 8 ♥

1.6K 73 1
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 8 ♥

သခင်​​လေး ဆိုသည့်​လူက ဘာကိုစိတ်​မကြည်​​နေသည်​မသိ
တစ်​ခန်းလုံး​တွေ့ရာပစ္စည်း​တွေ ရမ်းချကာ​သောင်းကျန်း​နေသည်
မယ်​ သူဘာမှမ​ပြော​ပေမယ့်​ ပစ္စည်းများကိုလိုက်​သိမ်း​နေခဲ့ရင်း
ချုန်း ​နေ့ခင်းကထဲက မကြည်​လင်​​သောစိတ်​များကညဘက်​ကြ စိတ်​​တွေအလိုလိုတို​နေရသည်
ကြမ်းပြင်​​ပေါ်တွင်​ပြန့်​ကြဲ​နေ​သောစာအုပ်​များနှင့်​ ပစ္စည်းများကို​ကောက်​သိမ်း​နေ​သော ​ကောင်​မ​လေးကိုကြည့်​ကာ မချင့်​မရဲ
ဒီ​ကောင်​မ​လေးက ​တော်​​တော်​ဝီရိယရှိသည်​​ပြောရမလား
သူ့အနားမှာ အချိန်​ပြည့်​ရှိ​နေပြီး သူခိုင်းတာ​တွေမငြီးမငြူလုပ်​​ပေးသည်
ပြီး​တော့ အရင်​မိန်းက​လေး​တွေနဲ့မတူတာအမှန်​ ချုန်းအနားမှာ အမြဲရှိ​သော်​လည်း တခြား​ကောင်​မ​လေး​တွေလိုအပြုအမူမျိုးမလုပ်
ဒါ ချဉ်းကပ်​နည်းအသစ်​လား ငါသူ့ကိုတမင်​စိတ်​ဝင်​စား​အောင်​ လုပ်​​နေတာလား
"ကျစ်​!!!!!!"
ချုန်း စိတ်​ရှုပ်​စွာ စားပွဲ​ပေါ်တင်​ထားသည့်​ဝီစကီခွက်​အား​မော့​သောက်​လိုက်​သည်
ထို​ကောင်​မ​လေးကိုကြည့်​ကာ ဘာမ​ကျေနပ်​တာလိုလို

မယ်​ ပစ္စည်း​တွေ​ကောက်​သိမ်းပြီး သူ့ကိုကြည့်​​လိုက်​​တော့ နားထင်​အားလက်​ဖြင့်​ကိုင်​​နေ​သော သူ့​ကြောင့်
"သခင်​​လေး"
မယ်​​ခေါ်လိုက်​​တော့ ချုန်းမျက်​ဝန်း​တွေကိုဖွင့်​ကြည့်​လာကာ
"​ပြော"
"​ခေါင်းကိုက်​​နေတာလားဟင်​ မယ်​သံပုရာရည်​​ဖျော်​​ပေးရမလား"
"မလိုဘူး"
မယ်​ ဘာမှထပ်​မ​ပြောမိ
နံရံ​ပေါ်က ​နာရီကိုကြည့်​​တော့ ၁၁နာရီရှိပြီ
ကြီး​မေ​ပြောဖူးတာ သခင်​​လေးက ည​တွေဆိုအိပ်​မ​ပျော်​တာများတယ်​တဲ့
"သခင်​​လေး ​ခေါင်းကိုက်​​နေရင်​ မယ်​နှိပ်​​ပေးရမလား"
သူ ဘာမှပြန်​မ​ဖြေ​သော​ကြောင့်​ မယ်​ သူ့အနားမဝံ့မရဲကပ်​ကာ နားထင်​​လေးအားအသာဖိနှိပ်​​ပေးရင်း
"သခင်​​လေး အိပ်​မ​ပျော်​ဘူးမလား"
"အဲ့​တော့....."
"အိပ်​မ​ပျော်​ရင်​ အရက်​​တွေမ​သောက်​သင့်​ဘူး တကယ်​လို့သခင်​​လေးစကား​ပြောချင်​ရင်​ မယ့်ကို​ပြောလို့ရတယ်​​လေ"
"မင်း ငါ့အနားကိုဘာရည်​ရွယ်​ချက်​နဲ့ချဉ်းကပ်​ခဲ့တာလဲ နတ်​မိမယ်​"
"ရှင်​!!!!!!"
မယ့်​ လက်​များရပ်​တန့်​သွားရသည်
ချုန်း သူမလက်​က​နေ ဆွဲချလိုက်​​တော့ မယ်​ကသူ့​ပေါင်​​ပေါ်ထိုင်​လျက်​သား
"အင့်​"
မယ်​မျက်​နှာနား အရမ်းနီးကပ်​​နေ​သည့်​ သူ့မျက်​နှာ​အား​ငေးစိုက်​ကြည့်​ကာ ရင်​​တွေတဒိတ်​ဒိတ်​ခုန်​လာရသည်
မယ်​ ထဖို့ကြိုးစား​သော်​လည်း မယ့်​ခါး​လေးအားအတင်းဖိ​ကိုင်​ထား​သောသူ့​ကြောင့်​ ရုန်းမရ
"သ...သခင်​​လေး"
"မင်းငါ့အနားမှာ ဘာရည်​ရွယ်​ချက်​နဲ့တွယ်​ကပ်​​နေရတာလဲ"
"မယ်​......"
"ငါ​စောင့်​ရတာမကြိုက်​ဘူး"
"​မယ်​ ​ငွေလိုလို့ပါ"
မထင်​မှတ်​ထားသည့်​အ​ဖြေ​ကြောင့်​ ချုန်း
"ဘယ်​လို!!!!!!"
"မယ်​ သခင်​​လေးအနားမှာ​နေရမှာမို့ပါ သခင်​​လေးမယ့်​ကိုအလုပ်​ထုတ်​ရင်​ မယ်​​ငွေ​တွေပြန်​​လျော်​ရမယ်​ မယ့်​မှာပိုက်​ဆံမရှိဘူး"
"မင်းကို ဘယ်​လို​ပြောခဲ့လဲ ငါ့အ​စေခံလုပ်​ရမယ်​လို့လား ဒါမှမဟုတ်​....."
"သူ​ပြောခဲ့တာက မယ်​ကသခင်​​လေးကို ဂရုစိုက်​​ပေးရုံပဲတဲ့"
သူမရဲ့ အ​ဖြေ​ကြောင့်​ ချုန်းခပ်​ဟဟရီလိုက်​မိသည်
"အဟွန့်​ မင်းသိလား ဂရုစိုက်​​ပေးရမယ်​ဆိုတဲ့အရာ​တွေက ဘာ​တွေလဲဆိုတာ မင်းမ​မေးခဲ့ဘူးလား"
ချုန်းပြန်​​မေးလိုက်​​တော့ မယ်​မျက်​လုံးပြူး​လေးဖြင့်
"အဲ့လိုရှိ​သေးတာလား"
"မင်းအရမ်းအတာပဲ မင်းကငတုံးပဲ"
"မယ်​....မယ်​​ဖြေပြီးပြီဆို​တော့ မယ့်​ကိုလွတ်​​ပေးလို့ရပြီမလား"
ချုန်း သူမကိုလွတ်​​ပေးလိုက်​သည်​ထိ သူမ​ပုံစံကအ​နေခက်​​နေစွာ
"မင်းက ပိုက်​ဆံအတွက်​ငါ့အနားကိုချဉ်းကပ်​ခဲ့တာ​ပေါ့"
"အဲ့လိုမဟုတ်​ပါဘူးသခင်​​လေး"
"မင်းဘယ်​​လောက်​လိုလဲ ငါ​ပေးမယ်​ ငါ့အနားကထွက်​သွား"
"ရှင်​!!!!!"
"​ပြောလိုက်​ရင်​ တရှင်​ရှင်​နဲ့ အဲ့တာ​တွေစိတ်​တိုတာ"
"မယ်​ဒီအ​တောအတွင်း သခင်​​လေးအ​ပေါ်တာဝန်​​ကျေ​အောင်​ကြိုးစားပါ့မယ်​ သခင်​​လေးလဲ​ကျေးဇူးပြုပြီး မယ့်​ကိုအလုပ်​မထုပ်​ပါနဲ့​နော်​"
ချုန်း ခုံမှမတ်​တပ်​ရပ်​လိုက်​ပြီး ပြတင်း​ပေါက်​နံ​ဘေးတွင်​ မတ်​တပ်​ရပ်​လိုက်​သည်
"မင်းကို ဘာလို့ငါ့​ဘေးမှာအမြဲ​နေခိုင်းကြလဲဆိုတာ မင်းတစ်​ခါတစ်​​လေ​မေးခွန်းမထုတ်​မိဘူးလား"
"မယ်​ ​မေးလဲ ဘယ်​သူကမှမ​ဖြေတာ"
"Ok​လေ မင်းကိုအလုပ်​မထုတ်​​စေချင်​ဘူးမလား"
မယ်​ ​ခေါင်း​လေးငြိမ့်​ပြလိုက်​မိသည်
"ငါ အိပ်​မ​ပျော်​ဘူး ငါနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​အောင်​လုပ်​​ပေး"
"မယ်​....ဘယ်​လိုလုပ်​​ပေးရမှာလဲ"
"မသိဘူး​လေ"
မယ်​ ခပ်​မိန့်​မိန့်​ထိုင်​​နေ​သော သူ့အားကြည့်​ကာ သက်​ပြင်းချရင်း

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now