Episode ♥ 10 ♥

1.6K 72 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 10 ♥

ဒေါက်​....​ဒေါက်​✊✊
မယ်​ အခန်းထဲထိုင်​​နေစဉ်​ အပြင်​ကတံခါး​ခေါက်​သံ​ကြောင့်​ တံခါးဖွင့်​​ပေးလိုက်​​သော်
မယ့်​အားပြုံးပြ​နေသည့်​ ​ကောင်​မ​လေး​လေး​ယောက်
မယ်​နဲ့ဟို​နေ့ကသခင်​မကြီး​ရှေ့မှာ​တွေ့ခဲ့သူနှစ်​​ယောက်​နှင့်​အခြားမမြင်​ဖူးသည့်​မိန်းက​လေးနှစ်​​ယောက်
"ဘာကိစ္စရှိလို့လဲမသိဘူး"
"ဟို​လေ ဝင်​ဒီက ဒီ​နေ့သခင်​​လေးနဲ့​နေဖို့အလှည့်​ကျသူပါ အဲ့တာသခင်​​လေးအ​ကြောင်းနည်းနည်းသိချင်​လို့"
မယ်​ မျက်​ခုံး​လေးရှုံ့လိုက်​ကာ
"ကြီး​မေက အကုန်​​ပြောပြထားတယ်​မဟုတ်​ဘူးလား"
"ဒါ​ပေမယ့်​ ပိုသိချင်​လို့ပါ"
မယ်​​ခေါင်း​လေးကုတ်​​နေစဉ်​ အ​နောက်​က​ကောင်​မ​လေး​တစ်​​ယောက်​က
"ဟုတ်​တယ်​ သဲစုလဲကြားတာ သခင်​​လေးကအရမ်းဆိုးတယ်​တဲ့ အရမ်းလည်းရက်​စက်​တာတဲ့"
"မယ်​လည်း သခင်​​လေးအ​ကြောင်းမသိပါဘူး"
မယ်​​ပြောလိုက်​​သော်​ ဝင်​ဒီဆို​သော​ကောင်​မ​လေးကမျက်​​စောင်းထိုးကာ
"ဘာလဲ သခင်​​လေးကမင်းထက်​ပိုပြီး ဝင်​ဒီ့ကိုစိတ်​ဝင်​စားမှာ စိုးရိမ်​လို့လား"
"မ...မဟုတ်​ပါဘူး မယ်​အမှန်​တိုင်း​ပြောတာပါ"
မယ်​ ပျာပျာသလဲ​ပြောလိုက်​​ပေမယ့်​ ထို​ကောင်​မ​လေးကနှာ​ခေါင်းရှုံ့လိုက်​ပြီး
"သခင်​​လေးက မင်းကိုအရူးအမူးဖြစ်​​နေတယ်​ဆိုပြီး ဘဝင်​မြင့်​​နေတယ်​​ပေါ့"
"မယ့်​မှာအဲ့စိတ်​လုံးဝမရှိပါဘူး"
"ထားပါ.ဒီတစ်​ညပြီးတာနဲ့ သခင်​​လေးကမင်းကိုကန်​ထုတ်​ပစ်​​စေရမယ်​"
မယ့်​အား​ပြောကာ.ခပ်​မဲ့မဲ့​လေးပြုံးကာ​ထွက်​သွားလိုက်​သည်
"ဘယ်​လိုမိန်းက​လေး​တွေလဲမသိဘူး ​ယောက်ျားတ​ယောက်​နဲ့အတူ​နေဖို့စိတ်​အားထက်​သန်​​နေကြတယ်​"
မယ်​ တစ်​ကိုယ်​ကြား​ရေရွတ်​လိုက်​ပြီး တံခါးကိုပိတ်​လိုက်​သည်
မယ်​ ကုတင်​​ပေါ်မှာထိုင်​လိုက်​ပြီး ​တွေးလိုက်​မိသည်​က ဦးချုန်း
ဦးချုန်း အဲ့​ကောင်​မ​လေးနဲ့ ......
မယ်​ အ​တွေး​တွေကိုရပ်​တန့်​ပစ်​လိုက်​ရသည်
အို....သူ့ဘာသာ​နေချင်​​နေ​ပေါ့ ငါနဲ့မှမဆိုင်​တာ ဒါ​ပေမယ့်​ ဘာလို့ရင်​​တွေပူ​နေမိတာလဲ
ဘာလို့ အဲ့လိုမဖြစ်​​စေချင်​ရတာလဲ
တကယ်​ဆိုဦးချုန်းသာ တခြား​ကောင်​မ​လေးကိုမျက်​စိကျသွားရင်​ ငါလွတ်​​မြောက်​​နိုင်​ပြီပဲ💭💭
မယ်​ ​ခေါင်းကိုခါယမ်းရင်း
"မသိဘူး ဘာမှလဲမ​တွေး​တော့ဘူး"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now