Episode ♥ 4 ♥

1.9K 95 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 4 ♥

လင်း အလုပ်​ကိစ္စက အပြန်
ကား​မောင်းရင်း Phone​ပြော​နေစဉ်
"​အေး အဲ့လိုပဲလုပ်​လိုက်​"
"......"
"အွန်း"
လင်း နားကြပ်​အားဖြုတ်​​နေစဉ်​မှာပဲ လင်းကား​ရှေ့ဖြတ်​ဝင်​လိုက်​​သော ဆိုင်​ကယ်​တစ်​စင်း
လင်းဘရိတ်​ကိုနင်းလိုက်​ပြီး ကား​ပေါ်ကဆင်းလိုက်​ကာ
"အဆင်​​ပြေရဲ့လား"
ထိုလဲ​နေသူနှစ်​​ယောက်​က
"မင်းမျက်​လုံးကန်း​နေလား ငါတို့ပုံစံက အဆင်​​ပြေတဲ့ပုံ​ပေါက်​​နေလား"
"ခင်​ဗျားတို့က ကား​ရှေ့ဝင်​လာတာ​လေ"
"ဘာ....​ဟေ့​ရောင်​ ဒီ​ကောင်​​ခွေးစကား​ပြော​နေတယ်"
ထိုသူနှစ်​​ယောက်​ကလင်း​ရှေ့ရပ်​လိုက်​ပြီး
"မင်း​ကြောင့့် ငါတို့ထိခိုက်​သွားတာ​လေ ပြီး​တော့ဆိုင်​ကယ်​​တောင်​ပျက်​သွား​သေး"
"အဲ့​တော့"
လင်း စိတ်​မရှည်​စွာ​ပြောလိုက်​​တော့
"တကယ်​တာဝန်​မသိတဲ့​ကောင်​ပဲ"
"ကျွန်​​တော်​ ခင်​ဗျားတို့နဲ့​ပြော​နေဖို့အချိန်​မရှိဘူး ခင်​ဗျားတို့အကွက်​​တွေရိုး​နေပြီ"
"ဘာဒီ​ကောင်​က​တော့...."
ထိုနှစ်​​ယောက်​ထဲကတစ်​​ယောက်​က လင်းအားအလစ်​သုတ်​ဝင်​ထိုးလိုက်​​သော​ကြောင့်
လင်း​ကြောင်​​တောင်​​တောင်​ဖြစ်​​နေစဉ်​မှာပဲ ထိုသူရဲ့လက်​သီးက ​လေထဲတွင်​ရပ်​သွားရသည်
လင်းနံ​ဘေးကိုကြည့်​လိုက်​​တော့ ထိုလူရဲ့လက်​အားဖမ်းဆုပ်​ထားသည့်​ မိန်းက​လေးတစ်​ဦး
လှိုင်းတွန့်​ဆံပင်​​တွေက ​လေတွင်​ဝဲ​နေကာ Sport shirtအင်္ကျီ​ပေါ်တွင်​ ဂျင်းအင်္ကျီခါးတိုကိုထပ်​ဝတ်​ထားသည်
"ဒီ​ကောင်​မက ဘာလဲ"
မြတ်​ ပုခုံး​ပေါ်ကျ​နေသည့်​ဆံပင်​​တွေကို.လက်​ဖြင့်​သပ်​ကာ ​နောက်​သို့ပို့လိုက်​၍
"ငါလား ဘာ​မှမဟုတ်​ဘူး နှစ်​​ယောက်​တစ်​​ယောက်​မမျှတလို့ ဝင်​ပါ​ပေးတာ"
"နင့်​ကိစ္စမဟုတ်​ဘူး ဖယ်​​နေလိုက်​"
မြတ်​ ထိုလူ​တွေစကားအား​လှောင်​ရီလိုက်​ကာ
"နင်​တို့ သူ့ကား​ရှေ့ဖြတ်​ဝင်​လိုက်​ပြီးတမင်​လဲလိုက်​တာ ငါ့Phoneထဲမှာvideoရှိတယ်​ ဘယ်​လိုလဲရဲစခန်းသွားမှာလား ကြိုက်​တာ​ရွေး"
ထိုလူနှစ်​​ယောက်​ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ကာ
"ကျွန်​​တော်​တို့မှားသွားပါတယ်"
"သွားမယ်​"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now