Extra & Readers

2.9K 242 69
                                    

Zawgyi

မင်းနဲ့ နှစ်တွေအများကြီးကြာမှ ပြန်တွေ့ခဲ့တဲ့ နေ့

Music city Drum Show မှာတုန်းက

Eliza နဲ့ ငါ့ကို မြင်သွားခဲ့တဲ့ ကောင်လေးတစ်ယောက်

ဖြတ်ကျော်သွားတဲ့ မင်းကို လှမ်းဆွဲလိုက်မိတဲ့ ငါ့လက်တွေ

မင်းမျက်နှာကို ရုတ်တရက်မြင်လိုက်ရတော့ ငါက မင်းကို နမ်းဖို့လည်း ဝန်မလေးခဲ့ဘူး

ငါစောင့်နေခဲ့တဲ့ ကလေးနဲ့ တူတဲ့မင်း.. အဲ့ဒီနှုတ်ခမ်းတွေ ငါအများကြီး မှတ်မိနေခဲ့တာ

အဲ့ဒီနောက်ပိုင်း မင်းကို ငါ့အရှေ့ရောက်လာတိုင်းနမ်းချင်နေခဲ့တယ် နမ်းမိခဲ့တယ်

ငါက အဲ့ဒီကလေးကို မတရားလွမ်းနေခဲ့လို့ ထင်ပါရဲ့

ကြည့်ရတာ ငါက ကလေးတစ်ယောက်ကို ဟိုးအရင်ထဲက သဘောကျတယ်ဆိုတာထက် ချစ်နေခဲ့တာ ဖြစ်လောက်တယ်

မင်းတော့သိမှာ မဟုတ်လောက်ဘူး ငါ့ဘက်က စပေးတဲ့ အနမ်းကို ရတာ မင်းကပထမဦးဆုံး ဖြစ်ခဲ့တယ်ဆိုတာ..

တဖြည်းဖြည်းသိလာခဲ့တယ် မင်းက တချိန်က ငါ့ရဲ့ တော်ဝင်လည်ဆွဲကို လက်ခံရရှိတဲ့ ကလေးဆိုတာ

ဒါပေမဲ့ Hyung ကပြောင်းလဲသွားခဲ့တာ

ကလေးဘဝကလို ​ကိုကို ဆိုပြီး ကျနော်နဲ့အသားကျမနေတော့ဘူး

အနေဝေးသွားခဲ့တာလား ဒါမှမဟုတ် လူကြီးဖြစ်သွားလို့ဘဲလား

အချစ်ဆိုတာမျိုး မင်းမှာ ရှိလာခဲ့တာ ငါ့အတွက် လုံးဝ တုန်လှုပ်စေခဲ့တယ်

ငါက အစတည်းက တဇွတ်ထိုးဆန်တယ် ငါ့သဘောအတိုင်း လုပ်တယ်

ငါ့ရဲ့ လုပ်ရပ်တွေက အများကြီးမင်းအပေါ်သက်ရောက်ခဲ့တယ်

ငါသိခဲ့တယ် မင်းတချိန်က တော်ဝင်ကျောင်းက စန္ဒရားတီးပြတဲ့ ကိုကို ကို သံယောဇဉ်ရှိခဲ့ရုံလေး ဆိုတာ

ဒါပေမဲ့ အဘိုးရဲ့ ဇာတ်လမ်းလိုမျိုး မင်းကိုဆုံးရှုံးရမှာ ရူးလောက်အောင်ကြောက်ခဲ့တယ်

ငါ့အချစ်တွေက ငါ့ရဲ့အတ္တအားလုံးပါဘဲ Hyung
**
Min သာ ကျနော့်အပေါ် မထိန်းချုပ်ဘူး အတင်းမသိမ်းပိုက်ခဲ့ဘူးဆိုရင်

You've reached the end of published parts.

⏰ Last updated: Aug 24, 2021 ⏰

Add this story to your Library to get notified about new parts!

" London Eye "  ( Completed ) Where stories live. Discover now