" London Eye " ( 14 )

1.7K 228 18
                                    

Zawgyi

" Jeon ..မင်းဒီမှာ အဆင်ပြေရဲ့လား "

Birmingham မြို့တော်ဝန်ဦးလေး နဲ့ Kelvin က
Rye ကိုအကြောင်းကြားထားသည့်အတိုင်း လာလည်ကြသည်..

Rye မြို့က ဌာနရုံးထဲမှာ ဧည့်ခံထားရသည်

" Tae အဆင်ပြေရဲ့လား Kelvin "

Kelvin ကဆရာကြီးစတိုင်နဲ့ မပြောဘဲ ဟိုငေးဒီငေးလုပ်ကာ အိုင်တင်ခံနေသည်

" Kelvin.. Kelvin ပြောလိုက်လေ မင်းဘဲဒီကိုလာချင်တာဆို "

ထိုင်ခုံမှာ ခြေချိတ်ထိုင်နေတဲ့ Kelvin က

" အဆင်မပြေစရာအကြောင်း ဘာရှိလဲ Jeon မရှိလည်း Kelvin ကစောင့်ရှောက်နိုင်တာဘဲ. ထွေထွေထူးထူးဆိုလို့ Jeon အ
ကြောင်းတွေ ပြောပြောနေတက်တာဘဲရှိတာ..
Kelvin က အလှလေးကို ပျော်ပျော်ရွှင်ရွှင်ထားပါတယ် စိတ်မပူဘဲ Rye မှာဘဲ တာဝန်ထမ်းဆောင်ပေါ့ "

" ဒီကောင်လေးတော့ ကြင်ယာတော်ကို အလှလေးလို့ မခေါ်ပါနဲ့ လို့ ငါဘယ်လောက်တားတား မရဘူး. Min က ငါ့ကိုအမြဲ ဒင်းကြောင့် ခေါ်ခေါ်ပြောတာ "

Min ကတခါတလေလည်း ကလေးဆန်တာဘဲလား အတ္တအရမ်းကြီးတာဘဲလား
Kelvin နဲ့လည်း ရန်လိုနေတက်သည်

သူ့ကြင်ယာတော်ကို အလှလေးလို့ ခေါ်လို့ပင်
ကလေးနဲ့လည်း သည်းမခံတက်ဘူးလေ

Kelvin ကို Tae နဲ့ပက်သက်တဲ့ အသေးအဖွဲကအစ အကုန်မေးရသည်

Tae က အဆင်ပြေပြေရှိနေပေမဲ့ တခါတ​လေလည်း သေတ္တာထဲက ပန်းချီစာရွက်ကို ကြည့်​​ပြီးတိတ်တိတ်လေးငို​နေတက်သည်တဲ့

အပြင်ထွက်ခွင့်တော့ လုံးဝမရတော့ပေ

အဖွားအိမ်တောင် သွားလို့မရတော့ဘဲ နန်းတော်ထဲမှာသာ နေ့နေ့ညည နေရသည်တဲ့

Tae့  အစ်ကိုနှစ်ယောက်ကိုလည်း ခေါ်ယူ သတိပေးခဲ့သည်မို့ အကူအညီမဲ့နေရှာမှာ

" ဟိုတစ်ပတ်ကညီလာခံအစည်းအဝေးမှာ ဝန်ကြီးတွေက မင်းကို မေးနေကြတာ ပြောင်းရွေ့တဲ့ ကိစ္စနဲ့ပက်သက်ပြီးပေါ့ "

" Min က ဘယ်လိုဖြေရှင်းလိုက်လဲ "

" Rye မှာ လစ်လပ်နေတဲ့ မြို့ဝန်နေရာကို ယာယီတာဝန်ထမ်းဆောင်ဖို့အတွက် ပြောင်းရွေ့ခဲ့တာဖြစ်ပြီး London က တာဝန်တွေပါ မလစ်ဟင်းရအောင် ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်တဲ့ "

" London Eye "  ( Completed ) Where stories live. Discover now