" London Eye " ( 19 )

1.8K 243 17
                                    

Zawgyi

" Jeon.. မင်းနန်းတက်မဲ့ ရက်က နီးလာပြီးနော်
ဘယ်သူ့ကို မိဖုရားတင်မြောက်မှာလဲဆိုတာ ကြော်ညာချက်ထုတ်ဖို့ လိုနေပြီ "

ခမည်းတော်ကတော့ Eliza နဲ့ဘဲ လက်ထပ်စေချင်နေတာ

" မိဖုရားမမြောက်ပါဘူး.. Taehyung ကိုဘဲ ကြင်ယာတော် ပြန်မြောက်မှာပါ "

အထိတ်တလန့်ဖြစ်သွားတဲ့ ခမည်းတော်က

" Jeon.. အဲ့တာ ဘာအဓိပ္ပါယ်လဲ . သူက Min ရဲ့ ကြင်ယာတော်နော် "

ခန်းဆောင်ထဲက စားပွဲဘေးမှာ ကျနော်နဲ့အတူ ထိုင်နေတဲ့ ခမည်းတော်က ငြင်းသည်

" Min တုန်းကလည်း သူ့သဘောအတိုင်းလုပ်ခဲ့တာဘဲ မဟုတ်လား ခမည်းတော် "

" မတူဘူးလေ. Jeon အခုမင်းပြောနေတာက မင်းအစ်ကိုရဲ့ ကြင်ယာတော်ကို ပြန်လက်ထပ်ဖို့ ပြောနေတာ. ဒါဖြစ်နိုင်တဲ့ကိစ္စလား "

ခမည်းတော်မသိတာက Min တင်မြောက်ထားတဲ့ ကြင်ယာတော်က ကျနော့်ချစ်သူဆိုတာဘဲ

" Min နဲ့ Taehyung လက်ထပ်ထားတဲ့ စာချုပ်ကို ပြယ်ဖျက်ပေးပါ "

ခမည်းတော်က စကားဝိုင်းကို လက်ဖြင့်ပြန်တားလိုက်ပြီး

" England ရဲ့ သမိုင်းတစ်လျှောက် အစ်ကိုဖြစ်သူရဲ့ ကြင်ယာတော်ကို ပြန်လက်ဆက်တဲ့ ဘုရင်ဆိုတာ မရှိဘူး Jeon "

" အခုရှိလာတော့မှာပါ ခမည်းတော်. Taehyung ကိုအတင်းအကျပ်သိမ်းပိုက်မှာမျိုးမဟုတ်ပါဘူး Taehyung ကအစထဲက ကျနော့်ချစ်သူအဖြစ်ရှိနေခဲ့တာပါ "

ခမည်းတော်က ဖြည်းဖြည်းချင်းထကာ အထိန်းတော် အကူအညီနဲ့ နန်းဆောင်ကို ပြန်သွားခဲ့သည်

" Jeon ~ ကြင်ယာတော်မြောက်ဖို့က မလွယ်ပါဘူး. Tae က Min နဲ့ ကွာရှင်းရသေးတာလဲမဟုတ်ဘူးမှတ်လား "

Tae ကစိုးရိမ်နေသည် ဒီအချက်ကလည်းအဓိကကျသည် မဟုတ်လား

" ဘုရင်တင်မြောက်ဖို့ တောင်းဆိုထားတာကို လက်ခံခဲ့တုန်းက Min နဲ့ Tae ရဲ့ လက်ထပ်စာချုပ်ကို ပယ်ဖြတ်ဖို့ အလဲအလှယ်လုပ်ခဲ့တယ် "

ခမည်းတော်တို့အပေါ် အလဲအလှယ်လုပ်ခဲ့ရလို့ စိတ်မကောင်းပေမဲ့

" London Eye "  ( Completed ) Where stories live. Discover now