Zawgyi
" ပေးစမ်း! ! ဒါဘာလဲ "
နန်းတော်ထဲ ဝင်မလို့လုပ်နေတာကို တံခါးဝကနေ
ပိတ်ရပ်ကာ လက်ထဲက ပန်းချီစာရွက်ကို ဆွဲယူသည်" ပြန်ပေး Min! ဒါမျိုးမလုပ်ပါနဲ့ "
မင်း ကုတ်ကုတ်"နဲ့ ယူလာနေတဲ့ အရာကို
ငါကခွင့်ပြုပေးရမှာလား..လိမ့်ထားတဲ့ ပန်းချီစာရွက်ကို ဖြန့်ကာကြည့်သည်..
Jeon က မအားလပ်တဲ့ ကြားကနေဆွဲပေးထားပြီး ..
ဆေးတွေကို အခြောက်ခံထားပေးတာ..
" ဒါတွေ ဘာလဲ! ! စုတ်ပြတ်သပ်နေတာဘဲ! ! "
ပန်းချီ စာရွက်ကို ကျနော့်အရှေ့ ထိုးပြသည်
Jeon ဆွဲထားပေးတာ နန်းဆောင်ထဲပြန်ရောက်မှ ဖွင့်ကြည့်မလို့ စဉ်းစားထားတာ
" ဘယ်အမှိုက်ပုံက ကောက်လာတာလဲ! ! ဒီလို ဟိုခြစ် ဒီခြစ် စာရွက်ကို "
စာရွက်ထဲမှာ ကျနော့်ပုံရယ်လို့ ထင်ထင်ရှားရှားမပါလိုက်
သေချာကြည့်မှသာ မြင်နိုင်တဲ့
ကျနော့်ရဲ့ဘေးတစောင်းအနေအထားနဲ့ မျက်နှာကောက်ကြောင်း ရေးရေးလေး..
ထိုကောက်ကြောင်းလေးဘေးနားက လခြမ်းကွေးကွေးလေးရယ်
နောက်ခံ မှောင်မှောင်လေးရယ်သာပါသည်
ခံစားတက်မှသာ သိနိုင်တဲ့ Jeon ရဲ့ ကျနော့်အတွက် သီးသန့်ပန်းချီလက်ရာ
Min ကတော့ ဘယ်ခံစားတက်ပါ့မလဲ သူ့အမြင်မှာတော့ ခြစ်ရာတွေလို့ဘဲ မြင်မှာပေါ့..
" Kelvin ညနေက ဆွဲထားတာ.. ဆေးခြောက်အောင် လှမ်းထားလို့ လာယူတာ "
Jeon လက်ရာကို ငါမြင်ဖူးတာမို့ ဒါတော့ Jeon ဆွဲထားတာ မဟုတ်ဘူးလို့ ယူဆလိုက်မယ်
ကလေးခလား ဆွဲထားသည်မဟုတ်လား
နန်းဆောင်ပြန်ရောက်တော့ သေတ္တာကြီးထဲ အမြန်ထည့်ဖွတ်ထားရသည်..
ကျနော့်အတွက် တန်ဖိုးရှိတဲ့အရာမို့..
Tae နန်းတော်ထဲဝင်သွားတော့ Min နဲ့ မျက်နှာချင်းဆိုင်တွေ့သည်ကို မလှမ်းမကမ်းကနေ မြင်နေရသည်