" London Eye " ( 20 ) Final

4.1K 279 32
                                    

Zawgyi

" Jeon ~ ဘိုး ကဘွားကိုပိုင်ဆိုင်ရဖို့ သိပ်ခက်ခဲခဲ့တာလို့ ပြောဖူးတယ်. အဲ့ဒီခက်ခဲတယ်ဆိုတဲ့ ပမာဏကို သိဖို့မလွယ်ကူပေမဲ့.. Tae တို့လည်း လက်တွေ့မှာ တကယ်ခက်ခဲခဲ့တာ မဟုတ်လား.
တကယ်တမ်းခက်ခဲတယ်ဆိုတာ ဒီလိုပါလားလို့ တွေးနေမိတယ် "

ဘိုးနဲ့ ဘွားကလည်း ကျနော်နဲ့ Jeon လိုဘဲ ပေါင်းဖက်နိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရမလဲ

ရင်ခွင်ထဲက ကလေးငယ်က ဒီကြားထဲ ဘယ်လောက်တောင် ခက်ခဲ ခဲ့တာလဲဆိုတာ တွေးနေပုံရသည်

" အခုကစပြီး ခက်ခဲတယ်ဆိုတာ မရှိတော့အောင် ကိုယ်က ထားမှာမို့ စိတ်မပူပါနဲ့တော့ Tae
နော် "

Jeon ကနဖူးပြင် ပေါ် အနမ်းခြွေသည်

ပြီးတော့ နှာတံအဆုံးသတ်မှဲ့လေးဆီ..

နှုတ်ခမ်းတွေပေါ် တရိပ်ရိပ်ပြေးလွှာနေတဲ့ Jeon နှုတ်ခမ်းသားလေးတွေ

" Jeon ~ အခုကစပြီး Tae့ ဘဝတစ်ခုလုံးကို ပုံအပ်ပါတယ် "

ရှေ့ဆက်ဖို့ရာ ခွင့်ပြုနေတဲ့ စကားလုံးလေးတွေ

Tae က Jeon အတွက်ဆို အမြဲ ရဲရဲကြီး ပုံအပ်ရဲပါတယ်

ဒါဟာ အချစ်မှာပါဝင်တဲ့ ယုံကြည်မှုဆိုတဲ့ အစိတ်အပိုင်းကနေ ဆင်းသက်လာတယ် ထင်ပါရဲ့

" ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်လေးဖြစ်ပေးပါ Tae "

ခေါင်းလေး အသာညိတ်ပြတဲ့ Tae ဟာ အနည်းငယ် ညှိအားပြင်းနေသယောင်

အဖြူရောင် ဇာပါးပါး အောက်ခံဝတ်စုံလေးကို ဖြည်းဖြည်းချင်း ဖြည်ချလိုက်ရင်း

ကျော့ရှင်းနေတဲ့ လည်တိုင်တစ်လျှောက် ခပ်ဖွဖွနမ်းနေမိတော့တာ

ခါးသိမ်သိမ်တစ်လျှောက်လုံး သိမ်းယူလာပြီးတဲ့နောက်

ပေါင်တံသွယ်သွယ်လေးတွေရဲ့ နူးညံမှုအဆုံးသတ် ခြေချောင်းလေးတွေအထိ နမ်းရှိုက်သည်

ကျောပေါ်က ပြေးလွှားနေတဲ့ လက်ချောင်းသွယ်သွယ်များ

ကျနော့်နှုတ်ခမ်းတွေကြားထဲ ပိတ်မိနေတဲ့ နှုတ်ခမ်းလှလှ

ချွေးစစ ထွက်နေခဲ့တဲ့ ပြေပြစ်တဲ့ နဖူးပြင်

မင်းဟာ အတော်လေးလှရက်နိုင်ပါရဲ့ Tae ရယ်

" London Eye "  ( Completed ) Where stories live. Discover now