Zawgyi
" Hyung ..ငါရဲ့ ကြင်ယာတော် Hyung.. "
ရီဝေဝေဖြစ်နေတဲ့ England နိုင်ငံရဲ့အသစ်ဆက်ဆက်ဘုရင် Min
Whisky ခွက်ကိုစားပွဲပေါ် ပြန်ချလိုက်ပြီးတော့
စားပွဲမှ ထရပ်သည်" အရှင် Min.. နန်းဆောင်ကို လိုက်ပို့ပေးပါ့မယ် "
အထိန်းတော်ကြီးက ကူတွဲပေးဖို့ ပြင်တော့ လက်ကာပြပြီး မလိုကြောင်းပြောသည်
" ငါ့ကြင်ယာတော်ဆီ.. ငါ့ဘာသာသွားနိုင်တယ်
ကြင်ယာတော် Hyung ဆီ Min ဘုရင်က အရောက်သွားမှာ.. "နှစ်လိုဖွယ်အပြုံးက သွားသေးသေးလေးတွေ ပေါ်တဲ့အထိ ပြုံးနေရှာတာ..
ဘုရင် Min ရဲ့အပြုံးက အတော်လေးကိုရှားပါးတဲ့အရာတစ်ခုပင်
ဘုရင့်ဝတ်ရုံကဖရိုဖရဲဖြစ်ကာ ယိုင်တိယိုင်တိုင်နဲ့ လျှောက်သွားသည်
ဖြည်းဖြည်းချင်း လျှောက်သွားပြီး ဘုရင့်နန်းဆောင်ရဲ့ တံခါးချပ်အကြီးကြီးကို ဖွင့်ချလိုက်တော့..
" Hyung ရေ~ မင်းရဲ့ မူပိုင်ရှင် ဘုရင်ကြီး လာတယ်
ထွက်ကြိုစမ်း ~ "နည်းနည်းလေးတောင် အသံမထွက်လာဘဲ ခြောက်ကပ်ကပ် နန်းဆောင်
Hyung ရှိမနေဘဲ တိတ်ဆိတ်နေတဲ့နန်းဆောင်
ရီဝေဝေ မျက်လုံးတွေနဲ့ ယိုင်နဲနဲခန္ဓာကိုယ်ကို မျက်ကွယ်ပြုကာ ဦးနှောက်ကို အသိစိတ်သွင်းရင်း..
" အစောင့်တပ်သားတွေ လာကြစမ်း ! ! "
အနီးနားက အစောင့်တပ်သားတွေက ကမန်းကတမ်းပြေးလာကြသည်..
" ငါ့ကြင်ယာတော်! ဘယ်ရောက်သွားလဲ! ? "
" ပွဲတော်ခင်းထဲက ထွက်သွားတာ အခုထိ နန်းဆောင်ထဲ ပြန်မလာသေးပါဘူး အရှင်! ! "
တပ်သားထဲကတစ်ယောက်ကပြောပြတော့ စိတ်တိုတိုနဲ့ ဆောင့်ကန်သည့် အရှင်
" အခု သွားရှာကြစမ်း! ! စောက်သုံးမကျတဲ့ ကောင်တွေ! ! "
တပ်သားတွေအကုန်ရောက်ယှက်ခပ်ကုန်တော့တာဘဲ..
နန်းတော်ရဲ့ နေရာတိုင်းကို တပ်သားအနည်းငယ်ဆီ ခွဲကာ ရှာကြရသည်