" London Eye " ( 13 )

1.7K 234 20
                                    

Zawgyi

" Jeon ~ နင်က ဘာလို့ Rye ကိုပြောင်းမိန့်ကျရတာလဲ "

Eliza တစ်ယောက် အနားလာကာ ပွစိပွစိဖြင့် စိတ်ရှုပ်အောင်မေးနေသည်

" အမိန့် ဆိုတာ နင်သိသိရဲ့နဲ့.. ငါ့ကိုဘာလို့စိတ်ရှုပ်အောင် လာမေးနေတာလဲ "

" ဟိုကောင်လေးကြောင့်လား ! Min တကယ် ရူးသွားပြီးဘဲ "

အံ့သြသလို ပြောနေတဲ့ သူမ မျက်နှာက ဝမ်းနည်းနေသယောင်..

" ဒါဆို နင်ပြန်လို့ ရပြီလား! ငါပြင်ဆင်စရာတွေရှိသေးတယ် ဒီည Rye ကို ပြောင်းရမှာမို့ "

လှည့်ပြန်မလို့ လုပ်နေတဲ့ ကျနော့်လက်ကိုဆွဲထားပြီး

" Jeon.. နင်.. နင်ငါ့ကိုသဘောမကျမှန်းသိပေမဲ့
ကြိုးစားကြည့်အောင် "

သူမ က သူ့ကိုသူ ရူးသွပ်အောင် အတင်းလုပ်ယူနေတာဘဲ

" လွယ်တဲ့ တစ်ခုကနေ စလိုက်မလား ငါတို့ နမ်းရအောင် "

ကျနော့်နှုတ်ခမ်းနား တိုးလာတဲ့ သူမ နှုတ်ခမ်း

အနောက်သို့ ဆုတ်ကာ ရှောင်လိုက်သည်

သူမ နှူတ်ခမ်းတွေ တုန်ရီနေပြီး အဲ့ဒီနေရာမှာ တင် ရပ်တန့်နေသည်

" တော်ရအောင်.. နင်ငါ့ကို အစားထိုးဖို့ကြိုးစားနေတာတွေ တော်ရအောင် "

သူမ ခေါင်းငုတ်ပြီး တုန်ရီနေတဲ့ နှုတ်ခမ်းတွေကို အတင်း စေ့ထားရင်း ငိုနေသည်

" ငါက.. ငါက ကြိုးစားကြည့်တာပါ.. တကယ်တမ်း ငါ Min ကို ချစ်နေတုန်းဘဲ "

" နင် အတင်းလုပ်ယူဖို့ ကြိုးစားနေတာ ငါသိတယ်. ခံစားချက်မပါဘဲ ဘာမှလုပ်လို့မရဘူး
မဟုတ်လား "

Eliza နဲ့ ကျနော်တို့နှစ်ယောက်က တော်ဝင်ကျောင်းမှာထဲက သူငယ်ချင်းတွေ. ဒီကြားထဲ
Min က Eliza နဲ့ တွဲခဲ့သေးသည် .Min က tae နဲ့ လက်မထပ်ချင် အချိန်အထိပေါ့

" အဲ့ဒီကောင်လေးကို စတွေ့ကတည်းက ငါ့ကို သူပစ်သွားတော့တာဘဲ "

" ဘယ်သူ့မှ ပေးမလာခဲ့တဲ့ သူ့ရဲတိုက်ကိုတောင် အဲ့ဒီကောင်လေးကို ခေါ်လာခဲ့တာ.. ငါသိလိုက်တယ် ဒါပေမဲ့ ငါကိုက စိတ်မှတ်မရှိတာ "

" London Eye "  ( Completed ) Where stories live. Discover now