Lucy အိပ်နေရင်းမှ ဖုန်းဝင်လာသောကြောင့် ဖုန်းနံပါတ်မကြည့်ပဲ တန်းကိုင်လိုက်သည်
Lucy: He. . llo
Kate: Morning babe
Lucy: Kate လား
Kate: ကျနော် မဟုတ် လို့နောက်ဘယ်သူဆက်ရမှာလဲ
Lucy: ဟီး ငါအိပ်နေတာ နင့်ဖုန်းလာတာနဲ့ ဒီတိုင်း ကိုင်လိုက်လို့
Kate: ဟုတ်ပါပြီ အခု ဆက်အိပ်အုံးမှာလား ထတော့မှာလား
Lucy: ဟား~~ 🥱ထပြီ မအိပ်တော့ဘူး
Kate: အရမ်းအိပ်ချင်နေရင် အိပ်လိုက်လေ ဒီနေ့ပိတ်ရက်ပဲကို
Lucy: မအိပ်တော့ဘူး 8: 30 jessica ရှိသွားရဦးမယ် ဒါနဲ့ Kate နင်ညကအိပ်ပျော်လား
Kate: သိပ်တော့မအိပ်ပျော်ဘူး ည ၁ နာရီ လောက်မှအိပ်ပျော်သွားတာ
Lucy: ဟွန့် နင်တောင်မှ ၁ နာရီ လောက်ထဲက အိပ်ပျော်သွားတာ ငါဆိုရင် ၃နာရီကျော်မှအိပ်ပျော်တယ်
Kate: ဟားဟား Babe အဲ့ဒါဘာဖြစ်လို့လဲသိလား
Lucy: ဟင်အင်း ဘာဖြစ်လို့လဲ
Kate: ညတိုင်း ကျတော့်ကိုဖက်အိပ်တယ်လေ အခုကျနော်မရှိတော့ မအိပ်ပျော်တာ
Lucy: နင်ပြောတာလည်းမှန်တယ် ငါညကတကယ်နင့်ကိုလွမ်းတာ
Kate: ကျနော် တို့အချိန်လေးနည်းနည်းပဲဝေးရမှာပါ ပြန်တူတူနေလို့ရတဲ့အချိန်မှ Babe ကို တစ်နေ့လုံးဖက်ထားမယ် အိမ်သာသွားရင်တောင် ကျနော် ဖက်ထားတာ မလွှတ်ပေးဘူး ဖက်ပြီးကြည့်နေမှာ ဟင်း ဟင်းဟင်း😈
Lucy: အတွေးတွေက အဲ့ဒါတွေပဲတွေးနေ သွားတော့ ငါချတော့မယ်
Kate: Babe Babe !!
Lucy: ဘာလဲ
Kate: Morning kiss လေးမပေးဘူးလား Plssss
Lucy ရီချင်နေသည် Kate သည် သူ့အားကလေးမုန့်တောင်းနေသလိုတောင်းနေသာကြောင့်ပင်ဖြစ်သည်
Lucy: အဟမ်း ဟုတ်ပြီ ပြွတ်စ်
Kate: အား!!ဖုန်းထဲကတောင်အသံကစွမ်းဆောင်နေတယ် Babe!!!
Lucy: ဟီးဟီး ရပြီမလား ငါရေသွားချိုးတော့မယ်
Kate: Babe ကျနော် ကိုချစ်လား
Lucy: ချစ်တယ် အရမ်းကိုချစ်တယ်
Kate: ကျနော် လည်းအများကြီးချစ်တယ် ရင်နဲ့ တောင် မဆံ့တော့ဘူး
Lucy: ဟားဟား အပိုတွေ ကောင်းပြီ ငါချတော့မယ်ညနေလာခေါ်နော်
Kate: အင်း လာခေါ်မယ် စောင့်နေ Bye Luv you babe
တီ📵
Kate လည်းဖုန်းပြောပြီးတာနဲ့သူစာသူဆက်လုပ်နေလိုက်သည်
.
.
အခုဆိုရင် အချိန်အားဖြင့် ၂ နာရီထိုးနေပြီ Kate လည်း နေရတာပျင်းလာသလိုခံစားနေရသည် ထိုအချိန် သူ့အခန်းထဲကို Hana ဝင်လာလေသည်
Hana : Kate လာတော့ မမ တို့ ကုမ္ပဏီကိုသွားရတော့မယ် ဟိုမှာ မမ တို့ကို မားစောင့်နေတယ်
Kate: အင်း သွားရအောင်
Kate နဲ့ Hana လည်း ကားပေါ်တက်ကာ ကုမ္ပဏီကို ရောက်လာကြသည် ကုမ္ပဏီ အရှေ့ကိုရောက်တာနဲ့ Kate မှာ အံဩနေသည် သူထင်ထားထက်ကို ကုမ္ပဏီက ကြီးနေသောကြောင့်ဖြစ်သည်
Hana : ဝင်ရအောင်
Kate: ဟုတ်ကဲ့
Kate တို့လည်းဝင်သွားတာနဲ့ Hana ကို ဝန်ထမ်းများကနူတ်ဆက်ကြသည် Kate ကိုတော့ ကြောင်ကြည့်နေကြသည် ထို့်ကြောင့် Hanaလည်းချောင်းတစ်ချက်ဟန့်ကာ ဝန်ထမ်း များကိုသတိပေးလိုက်သည်
Hana : အဟမ်း အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ကြပါ
Hana လည်းပြောပြီ Kate ကိုခေါ်ကာ ရုံးခန်းထဲ ဝင်လာလိုက်သည် ရုံးခန်းထဲ မှာတော့ Kazomi မှာ Laptop တစ်လုံး နှင့်အလုပ်ရူပ်နေသည်
Hana : မား အရမ်းအလုပ်ရူပ်နေတာလား
Kazomi : မဟုတ်ပါဘူး လာကြ ဘာစားမလဲ မားမှာပေးမယ်လေ
Kate: တော်ပြီ မစားတော့ဘူး အိမ်ကလာခံနီးပဲ မုန့်စားလာလို့
Kazomi : ဟုတ်ပါပြီ အဲ့လိုဆို မား အခု ကုမ္ပဏီနဲ့ ပတ်သတ်တာလေးတွေပြောပြမယ်
Kazomi လည်းအလုပ်နဲ့ပတ်သတ်ပြီး Kate ကိုစိတ်ရှည်ရှည်နဲ့ရှင်းပြလေသည် ထို့နောက် ကုမ္ပဏီကို ပတ်ပြလေသည်
Kazomi : ဒီနေ့တော့ မား အလုပ်နဲနဲ ရှိလို့ kiyomi ကုမ္ပဏီကို တော့ မပြတော့ဘူး မနက်ဖြန် မှပဲသွားကြည့်ကြမယ် ဟုတ်ပြီလား
Kate: ဟုတ်ကဲ့ အန်တီ
Kazomi : မားလို့ခေါ်
Kate: ဟင်...
Kazomi : ငါ့ကို မားလို့ ခေါ်
Kate: 😄 ဟုတ်ကဲ့ မား အခုကျနော် မမ ရှိသွားလိုက်အုံးမယ်
Kateလည်း Kazomi ကိုပြောပြီHanaရှိတဲ့အခန်းကိုဝင်လာလိုက်သည်
Hana : Kate အိမ်ပြန် ချင်နေပြီ ထင်တယ်😆
Kate: မဟုတ်ပါဘူး 😁
Hana: ပြန်ချင်ရင်ပြန်တော့လေ ၄ နာရီ ပဲ ခွဲနေပြီ
Kate: ဟုတ် အဲ့လိုဆိုပြန်တော့မယ်နော်
Hana: .အမလေး မပြန်ချင် ရှာဘူး
Kate: 😁😁
Kate လည်း ကုမ္ပဏီက ထွက်တာနဲ့ Lucy ရှိဖုန်းဆက်လိုက်သည်
Lucy: hello Kate
Kate: hello babe အဆင်သင့်ပဲလား
Lucy: အခုလား ခဏခဏ ငါအခုမှ Jessica ရှိကနေထွက်လာနေတာ နောက်ထပ် 10 မိနစ်လောက် ဆိုလာခေါ်ရပြီ
Kate: Okok ကျတော်လည်း အခုမှထွက်လာနေတာ
Lucy: အေအေ ဒါပဲနော် လမ်းမှာမို့လို့
Kate: Bye babe
တီ📵
Lucy Apartment ရောက်တာနဲ့ အင်္ကျီလဲပြင်ဆင်ကာ အခန်းတံခါးပိတ်နေသည်။ သူလည်း Kate နေခဲ့တဲ့ အခန်းကိုကြည့်ရတာ အကျင့်လိုလိုဖြစ်နေသောကြောင့် ကြည့်မိတော့ ပိတ်ထားမနေပဲ အထဲမှာ Apartmentပိုင်ရှင် အန်တီရှိနေတယ် သူလည်းအန်တီကိုမြင်တော့လှမ်းခေါ်လိုက်တယ်
Lucy: အန်တီ
Aunty: သမီးLucy ဘယ်သွားမလို့တုန်း
Lucy: ဒီတိုင်းပါပဲ Kate နဲ့အပြင်သွားမလို့ ဒါနဲ့ အန်တီဒီကိုလူပြောင်းလာမှာလားဟင် ကြည့်ရတာလူပြောင်းလာမယ်ထင်တယ်
Aunty : ဟုတ်တယ် သမီး အခုပြောင်းလာမှာတော့ ကောင်လေး တစ်ယောက် မနက်ထဲကအန်တီကိုပြောနေတာ အဲ့ဒါအန်တီလည်း Kate မရှိတာနဲ့ သူ့ကိုပေးလိုက်တာ အန်တီအထင် နောက်ခဏနေလာတော့မယ်
Lucy: အော် ဟုတ်ဟုတ် အဲ့လိုဆိုသမီးသွားလိုက်အုံးမယ်နော်
Aunty : အေးသမီးကြည့်သွား
Lucy အန်တီကို နူတ်ဆက်ကာ လမ်းထိပ်ဘက်ကိုထွက်လာလိုက်သည်။ ခဏလေးပဲ စောင့်လိုက်ရတယ် သူ့ရှိကို အနက်ရောင်ဝတ်စုံနဲ့ Kate တည့်တည့်လျှောက်လာနေသည် သူလည်းKate ကိုမြင်တာနဲ့ Kate အနားမြန်မြန်လျှောက်သွားလိုက်သည်
Kate: Babe စောင့်လိုက်ရလား
Lucy: ခဏလေးပါပဲ လာသွားမယ်
Kate: သွားမယ်သွားမယ်ပြောနေတယ် ဘယ်သွားမှာတုန်း စဉ်းစားပြီးပြီလား
Lucy: ဟိုတစ်ခါ နင်ငါ့ကိုကြက်သားလိပ်ဝယ်ကျွေးတယ်လေ အဲ့ဆိုင်ကိုသွားမယ် ကြက်သားလိပ် မစားရတာ ကြာပြီ
Kate: နောက်ဆုံးတော့ သိပြီ Babe က ကျနော်နဲ့မတွေ့ချင်ဘူး ကြက်သားလိပ်နဲ့ပဲ တွေ့ချင်တာပေါ့
Lucy: အဲ့လိုမဟုတ်ပါဘူး ငါကနင်နဲ့တွေ့ချင်တာ ကြက်သားလိပ်စားမယ်ဆိုတာကလည်း နင်နဲ့စကားပြောနေရင်းရုတ်တရက် ဗိုက်ဆာလာမှာ ဆိုးလို့😁
Kate: Reasons တွေတော့ပြည့်နေတာပဲ ဟုတ်ပါပြီ လာ သွားမယ်
Kate နဲ့ Lucy လည်း လက်တွဲကာ ကြက်သားလိပ် ဆိုင်ကိုရောက်လာကြသည်
Lucy: ဒီတစ်ခါ ငါကျွေးမှာနော် ပြောပြီးပြီ နင်လက်မခံရင် ငါမစားတော့ဘူး တိုက်ခန်း ပဲပြန်တော့မယ်
Kate: မပြန်နဲ့လေ Babe ကျနော်လက်ခံတယ် မှာလိုက်
Lucy လည်းကြက်သားလိပ်ကိုပါဆယ်မှာပြီ ငွေရှင်းလိုက်သည်
Kate: ဒီမှာ မစားဘူးလား
Lucy: မစားပါဘူး ပန်းခြံလေးမှာ သွားစားမှာ
Kate နဲ့ Lucy လည်း ကြက်သားလိပ်ဘူးလေးကိုင်ကာ ပန်းခြံထဲရှိ ခုံတန်းလေးတွင်ဝင်ထိုင်လိုက်သည်
Kate: Babe ကမထင်ရဘူးနော်
Lucy: ဘာကိုလဲ
Kate: ကျနော်ကိုမပြောမဆိုနဲ့ဒီမှာလာDate တာကိုပြောတာ
Lucy: နင့်ကိုဘယ်သူပြောလဲ Date တယ်ဆိုပြီ ငါက ဒီနားမှာဒီလိုလေးစားချင်တာ *bite*
Lucy ပြောလည်းပြော ကြက်သားလိပ်ကိုကိုက်ပလိုက်တယ်
Kate: Babe ပါးစပ်မှာ sauce တွေပေနေပြီ ရော့ Tissue
Kate Tissue ကိုင်ကာ Lucy ရဲ့ပါးစပ်နားလေးမှာပေနေတဲ့ Sauce ကိုသုတ်ပေးလိုက်တယ်
Lucy: အဟီး 😁
Kate: ဘာဖြစ်တာလဲ
Lucy: ဟီး နင်ဒီလိုလေးသုတ်ပေးတာငါပျော်လို့
Kate: 😆 ကျနော် က Tissue အစား ကျနော့် နူတ်ခမ်းကိုသုံးချင်တာ Babe က ရှက်တတ်လို့
Lucy: အတွေးတွေက ၂၄ နာရီလုံး မှောင်နေလိုက် ဒါနဲ့ ဒီနေ့ အဆင်ပြေလား နင့်အန်တီတိုအိမ်မှာ
Kate: Umm ပြေပါတယ် အရမ်းလည်းသဘောကောင်းကြတယ် ဒီနေ့ ကုမ္ပဏီ နဲ့ပတ်သတ်တာတွေလည်းပြောပြတယ် ဒါမဲ့ တစ်ခုကိုတော့ ကျတော် တော်တော်လုပ်ယူရတယ်
Lucy: ဘာကိုလဲ
Kate: အိပ်ရာစောစောထတာပဲ မနက် ၅ နာရီထကတော့ လူကမျက်စိမဖွင့်နိုင်ဘူး မနည်းဖွင့်ယူရတယ်
Lucy: ငါဆိုအဲ့ချိန် အိပ်မက်ထဲမှာ 😁
Kate: ဒါမဲ့ ကျနော် ပျော်တယ် ဒီလိုတွေကြိုးစားမှ ကျနော့်အဖေကိုပြန်ကယ်နိုင်သလို Babe ကိုလည်းနောင်တစ်ချိန်ကောင်းကောင်းထားလို့ရတယ်လေ
Lucy Kate နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ရင်ထဲမှာ ပျော်ရွှင်မူ လှိုင်း လေးဖြတ်ပြေးသွားသည်
Lucy: နင်ငါ့အတွက်ပါစဉ်းစားတာလား🥺
Kate: Babe ကကျနော် ရဲ့ အသက်ရူသံမှာတောင်ပါတာ နောင်တစ်ချိန် မပါလို့ရမလား
Lucy လည်း Kate ရင်ခွင်ထဲဝင်ကာ Kate လက်တွေကို ဆုပ်ကိုင်လိုက်သည်
Lucy: ငါလည်းနင်နဲ့ အမြဲတူတူနေသွားချင်တယ် ဒါပေမယ့် ငါ့စိတ်ထဲ မှာ ဘာမှန်းမသိ ကြောက်နေတယ်
Kate: အဲ့ကြောက်စိတ်တွေကိုဖျောက်လိုက် Babe နားမှာကျတော် အမြဲတမ်း ရှိသွားမှာမို့လို့
*ဟားဟားဟား*
သူတို့ပြောနေရင်းမှာ မိန်းမကြီး တစ်ယောက် ရယ်သံ ကြောင့် နှစ်ယောက်လုံး လှည့်ကြည့်တော့ ဟိုတစ်ခါ သူတို့နဲ့ တွေ့ဖူးတဲ့ အဘွားအို
Lucy: Kate ဒါဟိုတစ်ခါတုန်းက အဘွားအို မလား
Kate: ကျစ် အဲ့မိန်းမ ဘာလာလုပ်တာလဲ
အဘွားအို : နင်အဲ့လိုမပြောနဲ့မဖြစ်နိုင်တာတွေပြောတော့ငါရည်ချင်တယ် နင်ကိုယ်နင် ယုံကြည်တယ်ပေါ့ နင်အမြဲသူ့နားမှာ ရှိနေမယ် ဆိုပြီ အဲ့လိုယုံကြည်ချက်တွေရှိရင် အခုထဲက မထားနဲ့ နင်သူ့ကိုထားပြီးထွက်သွားရမှာ သူနဲ့ပြန်ဆုံခြင်းရင် နင်နောက်ဘဝမှပဲ ဖြစ်လိမ့်မယ်
Lucy: အဘွား ဘာတွေပြောနေတာလဲ ကျေးဇူးပြုပြီး အဲ့လိုတွေမပြောပါနဲ့ တောင်းပန်ပါတယ် 🥺
Kate: အဘွား ကိုဘယ်သူလွှတ်လိုက်တာလဲ ဒီလိုတွေကျနော်တို့ကိုလာပြောခိုင်းဖို့
အဘွားအို : ကံ သူလေ သူက သတိပေးခိုင်းတာ ဒီမှာ သမီး နင့်ဘဝမှ နင်ပျော်ရွှင်ရမယ် ဒါမဲ့ ဝမ်းနည်းခြင်းတွေပြီးမှ နင့်သူနဲ့နင်ချင်ရင် သူ့ကိုဘယ်အခြေအနေရောက်ရောက် အမြဲချစ်နေ နင်သူ့ကိုမုန်းသွားတာနဲ့ နောက်ဘဝ မပြောနဲ့ နင်တို့အတွက် ရေစက် ဆိုတာတောင်ရှိလာမှာမဟုတ်တော့ဘူး
အဘွားအို မှာ Lucy ကိုကြည့်ကာပြောနေသည် Lucy မှာ လည်းမျက်ရည်တွေစီးကျကာ Kate လက်ကိုသာဆုပ်ကိုင်ထားသည်
Kate: အဘွား ရူးနေရင်လည်း သူများတွေရှိသွားပြီးရူး ကျနော်တို့ရှိလာမရူးနဲ့ နောက်တစ်ခါဆို ကျနော်ဘာလုပ်မိမှန်းကျနော်မသိဘူး ထွက်သွားလိုက်
အဘွားအို : ငါထွက်သွားမှာပါ မသွားခင်သတိလာပေးတာ ကံမှာ ဆုံခွင့်ရှိရင် သမီးနဲ့ပြန်ဆုံမယ်
အဘွားအို ကLucy ကိုပြောကာထွက်သွားလေသည်
Kate: Babe အဲ့အဘွားက ရူးနေတာ သူပြောတာတွေ ခေါင်းထဲမှာ မထည့်နဲ့
Lucy: Kate ဘာလို့..သူ..ကငါတို့..ကိုပဲလာပြောနေတာလဲ🥺
Kate: သူဦးနှောက်မကောင်းဘူးလေ အဲ့ဒါကြောင့် အဲ့အဘွားအကြောင်းမစဉ်းစားနဲ့ ဟုတ်ပြီလား
Kate ပြောတော့မှပိုဆိုးသွားတယ်ထင်တယ် သူ့ရင်ခွင်ထဲဝင်ကာ ပိုတိုး၍ပင်ငိုတော့သည်
Kate: ဟာ Babe မငိုနဲ့လေ ထပ်ငိုနေမယ်ဆိုကျနော်ပြန်တော့မယ်
Lucy: ငါနင့်ကိုဆုံးရူံးရမှာကြောက်လို့ ဟင့်
Kate: မကြောက်နဲ့ ငိုထားတာကြည့်ပါဦး နှာချေးတွေတောင်ထွက်ကုန်ပြီ ရှေ့နဲနဲတိုး ကျတော်သုတ်ပေးမယ်
Kate သူဘေးနားကTissue ကိုယူကာသုတ်ပေးလိုက်သည်
Lucy: ငါတို့ပြန်ရအောင်
Kate: ဟုတ်ပါပြီပြန်မယ် Babe စိတ်ထဲဘာမှမတွေးနဲ့နော်
Lucy: အင်း
Kate: Babe ရေခဲမုန့်စားမလား
Lucy: စားမယ် ၂ ပွဲစားမယ်
Kate: မရဘူး တစ်ပွဲ ပဲစားရမယ်
Lucy: ဟွန့် ပြီးရော
ဒီလိုနဲ့ Kate နဲ့ Lucy ရေခဲမုန့်ဝယ်စားကာ တဖြည်းဖြည်း နဲ့လမ်းလျှောက်လာရာမှ တိုက်ခန်းအောက်ရောက်နေပြီဖြစ်သည်
Kate: လာလေ Babe အပေါ်တက်ရအောင်
Lucy: Kate နင်မတတ်နဲ့အိမ်ပြန်တော့ သူများအိမ်နောက်ကျမှ ဝင်တာမကောင်းဘူး
Kate: ဟူး Babe ပြောတာလည်းမှန်တယ် ကောင်းပြီ အဲ့လိုဆိုပြန်တော့မယ်နော်
Lucy: အင်း
မပြန်ပဲ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ Kate ကို Lucy အော်ရတော့သည်
Lucy: ပြန်မယ်ဆို!!
Kate: Babe မှ ဘာမှမပေးသေးတာ
Lucy: နင့်ပစ္စည်းငါ့ရှိမှာမရှိပါဘူး
Kate: ကျနော်ရှင်းရှင်းပဲပြောတော့မယ် Babe ကျနော်တို့နမ်းရအောင်
Lucy: ဟင်😳
Kate: လာပါ တစ်ချက်လေးပဲ
Lucy လည်းရှက်ရှက်နဲ့ မျက်စိမှိတ်ပြီး နူတ်ခမ်းချင်းထိရုံမျှနမ်းကာပြန်ခွာလိုက်သည်
Kate : Babe ဘာပေးတာလဲ မဝဘူး
Lucy: တော်ပြီ တော်ပြီ အိမ်ပြန်တော့ အခုကအပြင်မှာလေ နောက်နေ့မှ အဝပေးမယ်
Kate: ပြီးရော ကိုယ့်စကားကိုယ်တည်နော် သွားပြီ Bye babe
Lucy: အင်း Bye
Kate လည်း Lucy ကိုကျောခိုင်းကာ ထွက်သွားလေသည်။ Lucy လည်းသူအခန်းကိုသူတတ်လာလိုက်သည်
Lucy: ဒီနေ့Kate ကိုကောင်းကောင်းတောင်အချိန်မပေးလိုက်ရဘူး အကယ်လို့ သာအဲ့အဘွားပြောသလိုတွေဖြစ်လာရင်ရော ဖက်ဖက်ဖက် လွှဲပါစေ ချော်ပါစေ
Ting tong 🔔
Lucy: ဘယ်သူလဲ ငါ့ရှိခုချိန်လာတာ
*ကျွီ*
တံခါးဖွင့် လိုက်တော့Lucy သူမထင်ထားတဲ့သူဖြစ်နေတယ
Lucy: အကို James
James : အင်း ကိုယ်ပဲ ကိုယ်အထဲဝင်လို့ရလား
Lucy: ဟုတ် ဝင်ပါ
James: ကိုယ်ဒီနေ့မှ Lucy ရဲ့ဘေးခန်းကိုပြောင်းလာတာ
Lucy: အော်အဲ့လိုဆို ဒီနေ့ပြောင်းလာမယ်ဆိုတာ အကိုလား
James : ဟုတ်တယ် ဘယ်လိုလဲ Suprise ဖြစ်သွားတယ်မလား
Lucy: တော်တော် ဖြစ်သွားတယ် လုံးဝမထင်ထားဘူး အကိုပြောင်းလာမယ်လို့
James : အဲ့ Surprise နဲ့အတူ နောက်တစ်ခု Surprise ပါကိုယ်ပေးချင်တယ်
Lucy: ဘာလဲဟင်
James မှာ ထိုင်နေရာမှထကာ Lucy ဘေးသွားထိုင်လိုက်သည် ထို့နောက်Lucyလက်ကို ကိုင်ကာ
James : ကိုယ်Lucyကိုအရမ်းချစ်တယ် ကိုယ့်အချစ်တွေကိုလက်ခံပေးနိုင်မလား ကိုယ်Lucy ကိုစတွေ့ထဲကချစ်မိသွားတာ ဘယ်လိုပြောရမှန်းမသိပဲနေလိုက်တာအခုတော့နောက်ကျသွားပြီ
Lucy အတော်ကြာ အသံတိတ်ပြီးမှ
Lucy: တောင်းပန်ပါတယ် အကို Lucy မှာချစ်ရမဲ့သူရှိနေပြီ Lucy တို့အရင်လိုပဲပြန်နေရအောင်
James: Kate လား
Lucy: အကို သိနေတာပဲ ဟုတ်တယ် သူကိုLucy ချစ်တယ် သူလည်းLucyကိုချစ်တယ် အဲ့ဒါကြောင့် Lucy လက်မခံနိုင်ဘူး တောင်းပန်ပါတယ်
James : အင်းပါ ရပါတယ် ကိုယ်နောက်ကျသွားလို့နောင်တရမိတယ် ဘာပဲဖြစ်ဖြစ် Lucy ကြိုက်တဲ့သူနဲ့ Lucy နေရရင် ကိုယ် ပျော်ပါတယ် ဒါမဲ့ တစ်ခုတော့ မှတ်ထားပေး ကိုယ်ကဘယ်အရာမဆိုကြိုက်ရင် မရရအောင် ယူတတ်တဲ့ အကျင့်ရှိတယ် အဲ့လိုဆို ကိုယ်သွားပြီနော်
James ထွက်သွားတော့ မှ Lucy အသက် ဝဝရူနိုင်တော့တယ်
Lucy: Jessica ပြောတာမှန်တာပဲ ငါသတိထားနေရမယ် အကို ဒီကိုပြောင်းလာတာ Kate ကိုမပြောရဘူးပြောရင် ပြသနာတွေ ပိုကြီးသွားမယ်
•
•
တစ်ဖက်တွင်လည်း
Kate အိမ်ရောက်တာနဲ့ သူအခန်းထဲသူဝင်ကာ ရေမိုးချိုးပြီး Game ဆော့နေသည် ထိုအချိန်တွင် Rose ရှိမှ ဖုန်း ဝင်လာသောကြောင့်ကိုင်လိုက်သည်
Rose: ငါနင့်ကိုပြောစရာရှိလို့ဖုန်းဆက်လိုက်တာKate နင်စိတ်အေးအေးထားနော်
Kate: အေး ဘာကိစ္စလဲ
Rose: ဟိုတစ်ခါ အမLucy ကိစ္စလေ နင်တောင် ငါ့ကိုမေးခိုင်းထားတယ်မလား အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးပြောမလို့ အဲ့နေ့က အဲ့နားကCCTV တွေအလုပ်မလုပ်ပေမဲ့ လမ်းထိပ်နားလောက်ကတောလအလုပ်လုပ်တယ် အဲ့လမ်းထဲကနေအဲ့ချိန်ကားတစ်စီးပဲထွက်သွားတာ ပြီးတော့ အဲ့ကားပိုင်ရှင်က ဟိုကောင် James ပဲ ငါလည်းအခုမှ အဲ့မုန့်ဆိုင်က အမ CCTV Record ပြလို့သိတာ
Kate: တောက် ငါထင်တဲ့အတိုင်းပဲ အဲ့ကောင်သေပြီပဲ
Rose: နင်စိတ်အေးအေးလေးနဲ့ဖြေရှင်း ဒီကိစ္စကို မနက်မှဆက်ပြောရအောင် နင်...
တီ📵
"ငါပြောတာမှားသွားပြီထင်တယ်"
Kate: မင်းမထိသင့်တဲ့အရာကိုထိမိသွားပြီး မင်းအဲ့အတွက်ပြန်ပေးဆပ်ရမယ်
အဲ့နေ့ညမှတော့ Kate ကဒေါသဖြင့် Lucy နဲ့ စကားမပြောချင်သောကြောင့် ဖုန်းမဆက်ခဲ့သလို Lucy မှာလည်း အဘွားအို ပြောတာနဲ့ James ပြောတာတွေ စဉ်းစားပြီး မဆက်ဖြစ်ခဲ့ပါ
ဘယ်သူပြောနိုင်မလဲ အဘွားအို ရဲ့စကားတွေက တစ်ချိန်ဖြစ်လာမဲ့ဟာတွေဆိုတာ............
🍂🍂🍂
KAMU SEDANG MEMBACA
I am straight until I met her✨✨
Romansaအချစ်ကိုအယုံအကြည်မရှိတော့တဲ့ကျွန်မဘဝမှာအနှောက်အရှက်လို့ထင်ခဲ့ပြီးမုန်းခဲ့တဲ့သူမဟာကျွန်မဘဝရဲ့အရေးပါဆုံးသူဖြစ်သွားလိမ့်မယ်လို့အိပ်မက်တောင်မမက်ခဲ့မိဘူး🌺 Lucy အမြဲချေချေနေတတ်ပြီးအမနဲ့တွေ့မှပျော်ရွှင်မူကိုစသိလားတယ်၊အချိန်တိုင်လိုလိုရန်ဖြစ်နေတဲ့အမကိုမှ...
Part 19✨
Mulai dari awal
